၃၅၀..သူငယ်ချင်းတွေရဲ့ကျွန် - အပြာစာအုပ်

၃၅၀..သူငယ်ချင်းတွေရဲ့ကျွန်



“နင် သေချာပီလား နှင်းနွယ် ဒီလိုလုပ်ဖို့ဆိုတာမလွယ်ဘူးနော်”

“ငါတကယ်လုပ်ချင်တာ သေချာပါတယ်၊ ဒီအလုပ်တွေကို ငါကောင်းကောင်းလုပ်တတ်ပါတယ်”

“နင်စလုပ်ပီဆိုရင် ငါတို့က နင့်ကို အားနာနေမှာ ညှာနေမှာတော့မဟုတ်ဘူးနော်၊ အတူတူနေကြတဲ့ သူငယ်ချင်းတွေဆိုပေမယ့် နင်ဒီလိုလုပ်မယ်ဆိုရင် အလုပ်က အလုပ်ပဲနော်။ အဲဒီလိုတွေဖြစ်မှ တစ်ယောက်နဲ့တစ်ယောက် မျက်နှာမပျက်ရအောင် ငါက နင့်ကို သေချာမေးနေတာ”

“ငါနားလည်ပါတယ်။ ငါကလည်း တကယ်လုပ်ချင်တာပါ”

“ကောင်းပီလေ ဒါဆိုရင်လည်း ငါတို့နင့်ကို ငါတို့အားလုံးရဲ့ ဝေယျာဝစ္စတွေလုပ်ခိုင်းမယ်လေ။ နင်က ငါတို့ရဲ့ ကျွန်ပေါ့။ အခုကစပီး ငါတို့အလုပ်တွေနင့်ကိုခိုင်းတော့မယ်”

“ဟုတ်။ ငါသေချာလုပ်ပါ့မယ်”

နှင်းနွယ်စိတ်ထဲမှာ တော့ အရမ်းပျော်သွားမိသလိုပဲ။ နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်ကြတဲ့ နှင်းနွယ်တို့သူငယ်ချင်း ခြောက်ယောက်စုပီး ငှားနေတဲ့ ဒီတိုက်ခန်းလေးမှာ အခုတော့ နှင်းနွယ်က ကျွန်အဖြစ်နဲ့ ကျန်တဲ့လူတွေရဲ့ ဝေယျာဝစ္စအားလုံးကို လုပ်ရတော့မယ်လေ။ တကယ်တော့ သူငယ်ချင်း အချင်းချင်း ဒီလိုမျိုးလုပ်ပေးရမှာ ဘယ်လောက် အောက်ကျနောက်ကျနိုင်လိုက်မလဲ။ ဒါမဲ့နှင်းနွယ်စိတ်ထဲမှာ ဒါကိုသာယာပီး ပျော်နေတာက ထူးဆန်းနေတာ။

အရင်တည်းက သူငယ်ချင်းတွေရဲ့ အဝတ်ချင်းတွေထဲက အဝတ်တွေကို ယူပီးလျှော်ပေးချင်တာတွေ သူငယ်ချင်းတွေစားဖို့ ချက်ပေးချင်တာတွေ ရှိပေမယ့် တခါတရံမှသာလုပ်ပေးဖြစ်ပီး အဲဒါကို သူတို့ကလည်း ကျေးဇူးတွေတင် အားတွေနာဖြစ်နေကျ။ အခုကတော့ နှင်းနွယ်က အားလုံးရဲ့ဘုံကျွန်ပေါ့။

“အခုတော့ နင် ငါ့အဝတ်တွေ လျှော်ထားလိုက်။ ငါဒီတပါတ်မအားလို့ မလျှော်လိုက်ရတော့ ပုံနေပီ။ ကျန်တဲ့သူတွေဆီမှာလည်း လျှော်စရာတွေရှိမှာပဲ နင်တောင်းပီးအားလုံးလျှော်ထားလိုက်။ သေချာတော့လျှော်နော်။ စိတ်တိုင်းမကျရင်တော့ နင်နာမယ်”

နီလာ့ရဲ့ ရင့်ရင့်သီးသီး ပြောတာကို ခံရပေမယ့်လည်း စိတ်တွေသာပိုလှုပ်ရှားလာပီး စိတ်မဆိုးမိပေ။ ဟုတ်ကဲ့လို့ တခွန်းတည်းသာပြောပီး နီလာ့အဝတ်ဟောင်းချင်းကိုသွားယူလိုက်တယ်။ ပီးတော့ တခြားသူငယ်ချင်းတွေဆီကလည်း အဝတ်ဟောင်းတွေလျှော်ဖို့ လိုက်တောင်းလိုက်တယ်။ နှင်းနွယ်ကိုယ်တိုင်လည်း ကိုယ့်အဝတ်တွေကိုလျှော်ဖို့ ယူလိုက်ပီး ဝတ်ထားတာကိုပါချွတ်ထားလိုက်သည်။ ရေလဲထမိန်လေးကို ရင်လျှားရက်နဲ့ ရေချိုးခန်းမှာ အဝတ်လျှော်ဖို့ပြင်ရသည်။

အဝတ်တွေကို တူရာတူရာစုပီး သေချာအမျိုးအစားခွဲနေရင်း သူငယ်ချင်းတွေရဲ့ အတွင်းခံအဝတ်တွေကို မြင်တော့ စိတ်တွေပိုလှုပ်ရှားရသည်။ အရင်က အဝတ်တွေယူလျှော်ဖူးပေမယ့် အတွင်းခံတွေတော့ တခါမှမလျှော်ဖူးပေ။ ဒီလိုတွေလုပ်နေရတာကို စိတ်တွေလှုပ်ရှားရင်တွေခုန်နေရတာ ဘာကြောင့်လဲဆိုတာတော့ နှင်းနွယ်မစဉ်းစားတတ်။

ဒီလိုနဲ့ပဲနှင်းနွယ်တစ်ယောက် ကိုယ့်အလုပ်ကိုယ်လည်းလုပ် အိမ်မှာလည်း သူငယ်ချင်းတွေရဲ့ ဝေယျာဝစ္စတွေလုပ်နဲ့ လုံးလည်ချာလည်လိုက်နေသည်။ သူငယ်ချင်းများကလည်း နှင်းနွယ်ကို မညှာပေ။ နှင်းနွယ် ချက်တဲ့ဟင်းစားမကောင်းတာ နှင်းနွယ်မီးပူတိုက်တာ မစန့်တာတွေတွေ့ရင် ဆူကြသည်။ ပြောကြသည်။ နှင်းနွယ်ကလည်း အဲဒီလိုမျိုး အဆူအပြောခံရတာတွေကို စိတ်မကုန်စိတ်မဆိုးမိဘဲ ဒီဘဝကို ပိုပိုပီး ခုံမင်လာသည်လေ။

အခုလည်း နှင်းနွယ် ရုံးအဆင်း မှတ်တိုင်မှာကားစောင့်ရင်း စဉ်းစားနေမိသည်။ မနက်က အိပ်ရာထနည်းနည်းနောက်ကျသွားလို့ သူငယ်ချင်းတွေ ထမင်းချိုင့်မှာ ဟင်းတမျိုးသာပါသွားသည်။ သူငယ်ချင်းတွေက မကျေနပ်ကြ။ ပွစိပွစိလုပ်နေကြသည်။ အခုညနေ အိမ်ပြန်ရောက်ရင်ဘာတွေပြောကြမလဲမသိ။ သေချာတာတော့နှင်းနွယ်ကို ဆူကြဉီးမယ်ထင်တယ်။

“ပြန်လာပီလား မနှင်းနွယ်။ ဒီနားကို ကြွခဲ့ပါဉီး” အိမ်ထဲကိုဝင်တည်းက နီလာက ထမင်းစားခန်းကိုလာခဲ့ဖို့လှမ်းခေါ်သည်။

အိတ်ကလေးလွယ်ရက်သား ထမင်းချိုင့်လေးပါကိုင်ပီး ထမင်းစား စားပွဲဆီကိုသွားလိုက်သည်။ ထမင်းစား စားပွဲမှာတော့ နီလာနဲ့ သူငယ်ချင်းတွေအားလုံးထိုင်နေကြသည်။

“နင် မနက်ကဘယ်လိုလုပ်လိုက်တာလဲ နှင်းနွယ်။ နင်အသုံးမကျတာနဲ့ ငါတို့ အစားအသောက် အဆင်မပြေဖြစ်ရတာ။ နင်ပဲလုပ်ချင်လှပါပီရဲ့ဆိုလို့ ငါတို့က လုပ်ခိုင်းရတာ။ နင်ဒီလိုပုံစံနဲ့ဆိုရင် ငါတို့က နင့်ကို ဘယ်လိုယုံကြည်ပီးခိုင်းရမှာလဲ။ ငါလည်းနင့်ကိုပြောရတာအာပေါက်လှပီနှင်းနွယ်။ ငါတို့ဘယ်လိုလုပ်ကြမလဲ။”

“ငါနင်တို့အားလုံးကို တောင်းပန်ပါတယ်။ နောက်မဖြစ်အောင်လည်း ငါသေချာဂရုစိုက်ပါ့မယ်။ နင်ပြောတာအားလုံးကိုလည်း ငါနားထောင်ပီး ပြင်ပါ့မယ် နီလာရယ်” ရင်တွေတဒိတ်ဒိတ်ခုန်နေရင်းနဲ့ ပြန်တောင်းပန်နေရတာကို သဘောကျနေမိတာက နှင်းနွယ်ပါ။

“နှင်းနွယ်ငါတို့အရင်ကလိုပဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြရင်ကောင်းမယ်ထင်တယ်။ ငါလည်းနင့်ကိုပြောရဆိုရတာ မောလှပီ။ နင့်မှာကလည်း တခုမဟုတ်တခု ပြောစရာကရှိနေတာပဲ။”

နီလာ့စကားကြောင့် နှင်းနွယ် စိုးရိမ်သွားမိသည်။ ဒီဘဝလေးမှာ နှင်းနွယ်ပျော်နေပီလေ။ ဒါလေးကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်တော့။ ပီးတော့ နှင်းနွယ်စိတ်ထဲမှာ အမြဲစိတ်ကူးယဉ်နေမိတဲ့ စိတ်ရိုင်းလေးတစ်ခုကလည်း ဝင်လာသည်။

“နီလာရယ် ငါ နင်တို့ဆီမှာ ဆက်ပီး ကျွန်လိုမျိုး အလုပ်လုပ်ပေးပါရစေ။ ငါ့ကို ဆူရုံနဲ့ အားမရရင် နင်ရိုက်ချင်လည်း ရိုက်ပါ။ နင်လုပ်ချင်သလိုလုပ်ပါ။ ငါခံပါ့မယ်။ နင်တို့အလုပ်တွေသာ ဆက်ပီးလုပ်ခွင့်ပေးပါနော် နီလာ”

“နင်ဘာတွေပြောနေတာလဲ နှင်းနွယ်။ ငါတို့ကနင့်ကို ဘာလို့ဒီလိုမျိုးတွေလုပ်ပီးခိုင်းရမှာလဲ”

“ငါတကယ်ပြောတာပါ။ ငါအသုံးမကျတာကိုငါလည်း သိပါတယ်။ နင်တို့ဆူတာကိုလည်း ငါခံနိုင်ပါတယ်။ ငါလုပ်ပေးတာက နင်တို့ကျေနပ်လောက်တဲ့အထိ မဖြစ်သေးရင် ငါကြိုးစားပီးပြင်ပါ့မယ်။ ငါ အသုံးမကျတာ။ ငါ့အပြစ်တွေရှိတာကိုလည်း ငါသိပါတယ်။ နင်တို့ ငါ့ကို ဆူရုံနဲ့အားမရလို့ အပြစ်ပေးမယ်ဆိုလည်း ငါ ကျေကျေနပ်နပ်ခံပါ့မယ်။”

“နင်ပြောနေတာတွေငါသေချာနားမလည်ဘူးနှင်းနွယ်။ ဒါမဲ့ ငါတို့လည်း နင့်ကို ဘယ်လိုလုပ်ရမလဲစဉ်းစားနေတာ။ ဆူနေရတာ ပြောနေရတာလည်းမောလှပီ”

“ငါ့ကို နင်တို့ကျန်တာ ကြိုက်သလိုလုပ်ပါ။ ဒါမဲ့ အလုပ်တွေတော့ ဆက်လုပ်ပါရစေ။”

နှင်းနွယ်စကားကြောင့် နီလာလည်း ကျန်တဲ့သူငယ်ချင်းတွေကို တချက်ကြည့်လိုက်သည်။ အားလုံးကလည်း နီလာနဲ့ နှင်းနွယ်စကားပြောနေတာကို သေချာနားထောင် သေချာကြည့်နေကြသည်လေ။

“ကောင်းပီလေ နှင်းနွယ်။ ငါတို့နင့်ကို အလုပ်တွေဆက်ပီးလုပ်ခိုင်းမယ်။ ဒါမဲ့ ဒီနေ့ကိစ္စအတွက်ကိုတော့ ငါတို့တိုင်ပင်လိုက်ဦးမယ်။ ပီးတော့ရှေ့ဆက်ပီး နင့်ကိုဘယ်လိုလုပ်ရမလဲဆိုတာလည်း ငါတို့စဉ်းစားမယ်။ အခုတော့ နင်လုပ်စရာရှိတာဆက်လုပ်တော့။ မနက်ဖန် ပိတ်ရက်ဆိုတော့ မနက်ဖန်မနက်မှ ဆက်ပြောမယ်။”

“ဟုတ်ကဲ့ပါ သူငယ်ချင်းနီလာရယ်။ ငါသေချာကြိုးစားပီးလုပ်ပါ့မယ်။”

နှင်းနွယ်အတွက်တော့ ရင်ခုန်စရာညတညပေါ့။ လုပ်စရာရှိတာတွေကိုလုပ်ရင်း နောက်နေ့မနက်ရင်ဆိုင်ရမှာအတွက် စိတ်တွေလှုပ်ရှားနေမိသည်။

မနက်ကျတော့လည်း နှင်းနွယ်အစောကြီးနိုးနေသည်။ ပိတ်ရက်ဆိုပေမယ့်လည်း အားလုံးအတွက်မနက်စာတွေပြင်၊ အိမ်သန့်ရှင်းရေးတွေလုပ်ထားလိုက်သည်။ တစ်ယောက်ပီးတစ်ယောက်နိုးလာကြတော့လည်း အားလုံးက ပုံမှန်လိုပင်။ မနက်စာစားကြ လုပ်စရာရှိတာလုပ်ကြနဲ့ အချိန်တွေကုန်လာသည်။ နှင်းနွယ်ကတော့ ရင်တဒိတ်ဒိတ်နဲ့ပေါ့။

မနက်ဆယ်နာရီကျော်လောက် နှင်းနွယ် နောက်ဖေးမှာ ချက်ပြုတ်နေတုန်းကျမှ နီလာကလှမ်းခေါ်သည်။

အိမ်ရှေ့မှာအားလုံးရှိနေကြသည်။

“နင်ငါတို့ အပြစ်ပေးတာကို တကယ်ခံနိုင်မှာလားနှင်းနွယ်။ အခုကရှေ့လျောက် ငါတို့နင့်ကို ပါးစပ်နဲ့မပြောတော့ဘူးလို့ စဉ်းစားထားတယ်။ နင်အသုံးမကျရင်နင့်ကို ကောင်းကောင်းကိုင်မှာ။”

“ငါတကယ်ပြောတာပါနီလာ။ နင်တို့ကြိုက်သလိုလုပ်ပါ။ ငါအသုံးမကျလို့ခံရတာတွေကို ငါကျေကျေနပ်နပ်ခံပါ့မယ်။”

နီလာ့စကားကိုကြားလိုက်ရတဲ့အချိန်မှာ နှင်းနွယ်စိတ်တွေအရမ်းလှုပ်ရှားပီး ရင်တွေလည်းခုန် ခြေဖျားလက်ဖျားတွေလည်း အေးစက်လာသည်။

“ကောင်းပီလေ နှင်းနွယ်။ နင်သေချာရင်ပီးတာပဲ ငါတို့ကတော့ ညှာမှာမဟုတ်ဘူးနော်”

“ရပါတယ်နီလာ။ ငါသေချာပါတယ်။ ငါ့အပြစ်ရှိရင်အပြစ်ပေးခံပါ့မယ်”

“မနေ့က နင် အသုံးမကျလို့ ထမင်းချိုင့်မမှီဘူး။ အဲဒီအတွက် နင့်ကို ငါတို့ အပြစ်ပေးမယ်။ နင်ဘာပြောချင်လဲ”

“နင်ကြိုက်သလိုအပြစ်ပေးပါနီလာ” အသံတွေတုန်တုန်နဲ့ ပြန်ပြောလိုက်သည်။ နှင်းနွယ်စိတ်ကူးယဉ်မိတာတွေ တကယ်ဖြစ်လာတော့မှာပေါ့။

“အိုခေလေ ဒါဆိုရင် နင့်ကို ငါတို့အပြစ်ပေးမယ်။ နင့်မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ထိုင်ထ ၁၀၀ ကို ဒီအတိုင်းလုပ်မလား။ ဘရာစီယာနဲ့ ပင်တီလေးပဲဝတ်ပီး ထိုင်ထ ၅၀ လုပ်မလား။”

ဒါတွေကနှင်းနွယ်အတွက် ရင်ခုန်စရာတွေချည်းပဲ။ ဘယ်လိုဘယ်လို ရွေးချယ်မိသွားလည်း သေချာ သတိမထားမိခင်မှာပဲ နှင်းနွယ် ထိုင်ထ ၅၀ လုပ်ဖို့ရွေးလိုက်မိသည်။

ဝိုင်းကြည့်နေတဲ့ သူငယ်ချင်းတွေကြားမှာ အိမ်နေရင်း အင်္ကျီလေးကို ချွတ်။ ပီးတော့ ဘောင်းဘီတိုကို ချွတ်ရတာ။ အရင်ကလည်း သူတို့ရှေ့မှာ အဝတ်လဲဖူးပေမယ့် အခုက ပိုပီးတော့ ရှက်နေမိသည်။ အပြစ်ပေးခံနေရတယ်ဆိုတဲ့ ခံစားချက်လည်း ပိုပီးတော့ ရှက်စေသည်။

ဘရာစီယာ အသားရောင်လေးရယ်။ ပင်တီကအဖြူပေါ်မှာ အမဲစက်လေးတွေရယ်။ ဒီလိုလေးပဲ ဝတ်ထားတဲ့ နှင်းနွယ်ရဲ့ LCD ကိုယ်လုံးလေးရယ်ကလည်း လိုက်ဖက်လှသည်။ အခုတော့ သူငယ်ချင်းငါးယောက်ရှေ့မှာ နားရွက်ဆွဲကာ ထိုင်ထလုပ်နေရသည်လေ။
Share on Google Plus

About Apyar

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment