ဝါသနာဆိုတာမျိုးကလေ ... တယောက်မှာ တမျိုးဆီတော့ ရှိကြတာပဲ ... တံဆိပ်ခေါင်းစုတာ ဝါသနာပါတဲ့လူ ... ရှေးဟောင်း ပစ္စည်း စုတာ ဝါသနာပါတဲ့လူ ... ကျွန်တော်လည်း ... စာအုပ်အဟောင်းတွေ စုတာ ဝါသနာပါတယ် ... ထားပါတော့ဗျာ ... ဘကြီးခန့်ဆိုတဲ့ ... ကျွန်တော့် ဦးလေးက ... လူ့ဂွစာဗျ ... သူ့ဝါသနာက အဆန်း ... ပုလင်းသေးသေးလေးတွေကို စုဆောင်းရတာ အရမ်းဝါသနာပါတယ် ... သူက လူပျိုကြီး .. အင်းယားမြိုင်က ခြံထဲမှာ နေတာ ... ကျွန်တော့်ရဲ့ မွေးစားအဖေ ကျေးဇူးရှင်လို့လည်း ပြောလို့ ရပါတယ် ... ကျွန်တော်တို့က ပြည် ပေါင်းတည် ဇာတိ ... ကျွန်တော် ဆယ်တန်းအောင်တဲ့နှစ်မှာ ... ကျွန်တော့် မိဘတွေက ဆုံးသွားတော့ ... အမေ့ရဲ့ အစ်ကိုကြီး ... ဘကြီးခန့်က ကျွန်တော့်ကို ... မွေးစားလိုက်တာ ... ဆွေမျိုးဆိုလို့လဲ ဒီတူအရီးနှစ်ယောက်ပဲ ရှိတာ ... ဘကြီးခန့်က ... စိတ်ရင်းတော့ အရမ်းကောင်းတယ် ... လူဖြောင့်လို့ ပြောရင်ရတယ် ... ဘယ်လောက် ဖြောင့်သလဲဆိုရင် ... ပေတံတောင် သူ့လောက်မဖြောင့်ဘူး ... ရိုးရိုးသားသားနေတယ် ... မနက်စောစောထ ... ဘုရားရှိခိုး ... လမ်းလျှောက် ... ပြန်လာရင် ... ကော်ဖီနဲ့ မုန့်စား ... ပြီးရင် ... သူ့အခန်းဘေးက ... ပုလင်းတွေသိမ်းထားတဲ့ ... မြေအောက်ခန်းကို ဖွင့် ... ရှိသမျှပုလင်းတွေကို ... အဝတ်သန့်သန့်လေးနဲ့ ထိုင်သုတ်တော့တာပဲ ... ဘကြီးခန့်က အလုပ်မလုပ်ဘူးဗျ ... အဘိုးလက်ထက်က အမွေတွေက ... တော်တော်များတယ် ... ဘဏ်ထဲမှာ အပ်ထားတယ် ... နောက်ပြီး အင်းယားလမ်းထဲမှာ ခြံတခြံအမွေရတယ် ... အဲဒီခြံကို နိုင်ငံခြားကုမ္ပဏီတခုကို ... ဒေါ်လာနဲ့ ငှားစားထားတာ ... တလ သိန်း သုံးဆယ်လောက် ရပါတယ် ... ရတဲ့ပိုက်ဆံနဲ့ ကျွန်တော်တို့ တူအရီးနှစ်ယောက် လောက်ငှပါတယ် ... ပိုတောင်ပိုသေးတယ် ... ဟော့ဟော့ရမ်းရမ်း သုံးကြတာမှ မဟုတ်တာ ... ကျွန်တော့်ကိုလည်း တော်တော်ဂရုစိုက်ပါတယ် ... အဖေအမေ ဆုံးထားတော့ ... ကျွန်တော် စိတ်ညစ်နေမှာစိုးလို့ ... သုံးချင်တာသုံးဖို့ ... တလ သုံးသိန်း သုံးခွင့်ပေးထားပါတယ် ... ကျွန်တော်က သိပ်မဝယ်တတ်ပါဘူး ... စာအုပ်တွေ ဖတ်ရတာတော့ ကြိုက်တယ် ... ဘကြီးခန့်က ... ပန်းဆိုးတန်းမှာ ... စာအုပ်တွေ လိုက်ဝယ်ပေးပါတယ် ...ဘကြီးခန့်က ... ကျွန်တော့်အပေါ်ကောင်းရှာပါတယ် ...
ကျွန်တော်တို့တဲ့ နေတဲ့ ... အိမ်လေးက ... တထပ်တိုက် ... ခပ်မှိုင်းမှိုင်း မီးခိုးရောင် သုတ်ထားပါတယ် ... ဝင်ဝင်ချင်းက ဧည့်ခန်း ... ဘယ်ဘက်ခြေရင်းက ... ကျွန်တော့်အခန်း ... ကျွန်တော့်ဘေးမှာ တခန်းလွတ်တယ် ... ဧည့်သည်လာရင်တည်းဖို့ ... တခါမှလည်း ဧည့်သည်မလာပါဘူး ... ညာဘက်ခေါင်းရင်းက ... ဘုရားခန်း ... ဘုရားခန်းဘေးက ... ဘကြီးခန့် ... နေတယ် ... အခန်းတိုင်းမှာ ... ရေချိုးခန်း အိမ်သာ ပါပြီးသား ... နောက်မှာတော့ ထမင်းစားခန်းနဲ့ ... မီးဖိုခန်းရှိတယ် ... တထပ်တိုက်ပေမယ့် ... အောက်မှာ မြေအောက်ခန်းရှိတယ် ... ဘကြီးခန့် အခန်းထဲကနေ ဝင်ရတာ ... သူ့ပုလင်းတွေ ထားတဲ့ အခန်းပေါ့ ... အိမ်ဘေးမှာတော့ ... ရေကူးကန်လေး ရှိပါတယ် ... ဘကြီးခန့် ပြောတာတော့ ... ရေမကူး ဖြစ်တာ ကြာပြီတဲ့ ... ဒါပေမယ့် ... ရေကူးကန်က ... သန့်သန့်ရှင်းရှင်း ရှိပါတယ် ... ဘကြီးခန့်က ... တနင်္ဂနွေနေ့တိုင်း သန့်ရှင်းရေးလုပ်ပါတယ် ... ကျွန်တော်ရောက်လာတော့ ... ကျွန်တော်ပဲ သန့်ရှင်းရေး လုပ်တယ် ... ဘကြီးခန့်က ... အဆုတ်သိပ်မကောင်းဘူး ... နည်းနည်းအေးတာနဲ့ ... ချောင်းဆိုးချင်တယ် ... ချောင်းဆိုးရင် ... မြန်မာဆေးပဲ သောက်တယ် ... အင်္ဂလိပ်ဆေးတွေကို ... မယုံဘူးတဲ့ ... တခါတလေ ... ဘကြီးခန့်က ... ဂွ ... တကယ့်ဂွ ...
ဘကြီးခန့်က တခြားကိစ္စတွေဆို တော်တော်အလိုလိုက်ပါတယ် ... ဘာစားချင်သလဲ ... ဘာဝတ်ချင်သလဲ ... သွားဝယ်ချေ ... သွားစားချေ ... ဒါပေမယ့် ... အဲဒီအခန်းထဲကိုတော့ ဝင်တာ လုံးဝ လုံးဝ မကြိုက်ဘူး ... မှတ်မှတ်ရရ ... တခါပဲ ရောက်ဖူးပါတယ် ... ဘကြီးခန့် စိတ်လိုလက်ရ ... ပြတာ ... ပေ ၃၀ ပတ်လည်လောက်ရှိတဲ့ မြေအောက်ခန်းထဲမှာ ... ပုလင်းတွေဗျာ ... နည်းတာ မဟုတ်ဘူး ... ဗီဒိုထဲမှာ စီထားတာမှ အစီအရီပဲ ... သူ့ပုလင်းတွေက ... အကြီးကြီးတွေတော့ မဟုတ်ဘူးဗျ ... ရေမွှေးပုလင်းလို ... သေးသေးလေးတွေ အများကြီးပဲ ... ပုလင်းတွေဘေးမှာ စာရွက်လေးတွေ ကပ်ထားတယ် ... စာရွက်ပေါ်မှာ ... ဘယ်နှခုနှစ်က ဘယ်ကရတယ် ... ဘယ်သူ့ပစ္စည်း စတာတွေ ရေးထားတယ် ... ဘကြီးခန့် ပြောတာတော့ ... ပုလင်းတလုံးချင်းဆီမှာ ရာဇဝင်တွေ ရှိတယ်တဲ့ ... ပုလင်းလေးတွေက တော်တော်လှပါတယ် ... ကနုတ်ပန်းလေးတွေနဲ့ ပုလင်းလေးတွေရဲ့ပုံစံက ... တော်တော်ထူးခြားပါတယ် ... ပုလင်းတလုံးဆို ... ဂရိဘက်ကလာတာတဲ့ ... မြေအောက်ခန်းထဲမှာ ... မီးခံသေတ္တာ တလုံးလဲ ရှိပါတယ် ... အဲဒီထဲမှာတော့ ... အရမ်းတန်ဖိုးကြီးတဲ့ ရှေးဟောင်းပုလင်းတွေ ထည့်ထားတယ်တဲ့ ... ကျွန်တော်က စိတ်မဝင်စားတာနဲ့ ... သူပြောသမျှ နားထဲမရောက်ပါဘူး ... သူကလည်း ... ကျွန်တော် စိတ်မဝင်စားတာ ရိပ်မိတော့ ... နောက်ပိုင်း မပြောတော့ပါဘူး ...
ကျွန်တော်တို့အိမ်မှာ ... တခြားလူ မရှိဘူး ... ဘကြီးခန့်ရယ် ... ကျွန်တော်ရယ် ... နှစ်ယောက်ထဲ ... နေတယ် ... အိမ်ကို သူငယ်ချင်း အပေါင်းအသင်းတွေ အလည်မခေါ်ရဘူး ... လမ်းကြုံလို့ဝင်လာရင်လည်း ... လက်မခံရဘူး ... တမျိုးပဲဗျ ... ပေါင်းရသင်းရခက်သလားဆိုတော့လည်း ... မဟုတ်ပြန်ဘူး ... မနက်အိပ်ရာထရင်လည်း ... နိုးပြီလား ... သား ဘာစားချင်သလဲ ... ဘာညာနဲ့ ဂရုစိုက်ပါတယ် ... ကျွန်တော် မသိတဲ့ အကြောင်းတွေဆို ... စိတ်လိုလက်ရ ရှင်းပြတတ်တယ် ... သူ ပြောတာတော့ ... အိမ်ကို ဧည့်သည်လာတာ မကြိုက်ဘူး ... လုံးဝမကြိုက်ဘူး ... အိမ်ကို ဧည့်သည် လာတာ မကြိုက်တာ ... ဘကြီးခန့်က ... လကုန်ရက်မျိုး ... အထူးသဖြင့် ... လကွယ်ရက်မျိုးမှာ ... အပြင်သွားလေ့ရှိတယ်ဗျ ... သုံးလေးရက်လောက် ပြန်မလာဘူး ... ဘယ်သွားလဲ မေးတော့လည်း ... မသိချင်ပါနဲ့ကွာတဲ့ ... နောက်မမေးနဲ့ ... အိမ်မှာသာ ကောင်းကောင်း စောင့်နေတယ်တဲ့ ... အစပိုင်းတော့ နေရတာ နည်းနည်း ပျင်းပေမယ့် ... တက္ကသိုလ်ကျာင်းတွေ ဖွင့်တော့ ... ကျောင်းတက် ... ပြန်လာ ... စာဖတ်နဲ့ ... နေသားကျသွားတယ် ...
သန်လျင်နည်းပညာကောလိပ် (GTC) တဲ့ ... ကျောင်းစဖွင့်တာ နှစ်ရက်ရှိပြီ ... ကျွန်တော် မတက်ချင်ပါဘူး ... ကားကို အကြာကြီး မောင်းမှ ရာက်တဲ့ ကျောင်း ... ကျောင်းရှေ့ရောက်တော့လည်း အခန်းရောက်ဖို့ အတော်ကို လမ်းလျှောက်ရသည် ... ကျောင်းတက်ရတာ စိတ်မပါ ... ကျောင်းစဖွင့်တော့ ... အခန်းထဲက ... ကောင်တွေက သိပ်မမိုက်ဘူးဗျ ... ပြောချင်သလိုလို မပြောချင်သလိုလို ... မိန်းကလေးတွေလည်း ... ဒီအတိုင်းပဲ ... ကိုယ်က ခင်ချင်လို့ မိတ်ဆက်တာတောင် ... ဖော်ဖော်ရွေရွေမရှိဘူး ... ခေါ်ချင်သလိုလို မခေါ်ချင်သလိုလို ... နေပေါ့ကွာ ... အထာတွေ လာမကိုင်နဲ့ ... အဲဒီလို လူမျိုးတွေနဲ့ သူငယ်ချင်း မဖြစ်ချင်ပါဘူး ... သူတို့က ခပ်တည်တည်ဆိုတော့ ကိုယ်လည်း ခပ်တည်တည်ပဲ နေရတော့မှာပေါ့ ... အတင်းလိုက်ရောရင် ငပေါဖြစ်သွားမယ်လေ ... ရန်ကုန်ကလူတွေက တမျိုးဗျ ... သိပ်ဖော်ဖော်ရွေရွေမရှိဘူးဗျ ... ခပ်တည်တည်နဲ့ တမျိုးပဲ ... ကျောင်းနဲ့ အိမ်က တော်တော် ဝေးပါတယ် ... ဘကြီးခန့်က ... ကျောင်းသွားရင် စီးဖို့ ... အမည်းရောင် ဘောက်စဂွန်ကားလေး တစီးဝယ်ပေးပါတယ် ... ညနေဘက် ... ကားမောင်းသင်ရင်း ... နောက်ပိုင်းမောင်းတတ်တော့ ... မနက်ဆို ... ကိုယ့်ကားကို မောင်းသွား ... ပြန်လာ ... အဆင်ပြေပါတယ် ... ကျောင်းစတက်တဲ့နေ့က ... နည်းနည်းတော့ ရွာလည်ပါတယ် ... ရန်ကုန်ကလမ်းတွေက နည်းနည်းရှုပ်တယ်ဗျ ... ကျောင်းစတက်တဲ့နေ့က ... ဘကြီးခန့်လိုက်ပို့ပေးတော့ ... မှတ်မိသေးတယ် ... နောက်နေ့ ကိုယ့်ဘာသာကိုယ်သွားေတော့ ... လမ်းနည်းနည်းမှားသွားတယ် ... သာကေတဘက်မှာ လည်နေလို့ ... မနည်းမေးပြီး ... သန်လျင်ဘက် သွားရပါတယ် ... သန်လျင်တံတားကျော်သွားတော့မှ ... လမ်းကို မှတ်မိတယ်ဗျ ... ဒီအတိုင်းမောင်းရင်း ... ကျောင်းရှေ့ရောက်တော့ ... ၁၀ နာရီခွဲကျော်သွားပြီ ... တချိန်တော့ လွတ်သွားပြီနဲ့တူတယ် ...
ကျောင်းသားရေးရာအရှေ့ရောက်တော့ ... လူတွေ သိပ်မရှိဘူး ... ရှင်းနေတယ် ... စာသင်နေကြပြီနဲ့တူပါတယ် ... အရိပ်ရတဲ့နေရာမှာ ... ကားရပ်လိုက်တယ် ...အချိန်စာရင်းအရ ... Drawing အချိန် ... တီပေတံရယ် ... လွယ်အိတ်ရယ် ယူပြီး ... အခန်းလျှောက်ရှာကြည့်ပါသေးတယ် ... အခန်းက ဘယ်နားမှာမှန်း မသိဘူး ... ဟိုလျှောက် ဒီလျှောက်နဲ့ .. မတွေ့တာနဲ့ ... ကျောင်းသား တယောက်ကို .. မေးကြည့်လိုက်တော့ ... အခန်းက နည်းနည်း ဝေးသေးတယ် ... ကားကိုလည်း မရွှေ့ချင်တော့ပါဘူး ... ဒီအတိုင်း လျှောက်လာရင်း ... ကောင်မလေး တစ်ယောက် ... ငိုမဲ့မဲ့နဲ့ ထိုင်နေတယ် ... သူ့ပုံစံလေးက ... လှတယ်ဆိုရုံလေး လှတယ် ... ချောတယ် ဆိုရုံလေး ချောတယ် ... ထူးခြားတာလေးက ... သူ့မျက်နှာ ... အရမ်းချစ်ဖို့ကောင်းပါတယ် ... ရင်အေးစေတဲ့ မျက်နှာပေါက်မျိုးဆို ပိုမှန်ပါလိမ့်မယ် ... ရင်ထဲမှာ အေးကနဲ ဖြစ်သွားတယ်လို့ ... ခံစားမိတယ်ဗျာ ... ကြည့်ရတာ ... သူလည်း ကျွန်တော့်လိုပဲ အခန်းပျောက်နေတယ်နဲ့ တူတယ် ... လမ်းပေါ်မှာလည်း ဘယ်သူမှ မရှိတော့ ... သနားပါတယ် ... ကျွန်တော်လျှောက်လာတာ မြင်တော့ ... အားကိုးတဲ့အကြည့်နဲ့ လှမ်းကြည့်နေပါတယ် ...
"တခုလောက် မေးပါရစေရှင့် ... Drawing အခန်းက ဘယ်နားမှာလဲမသိဘူးနော်"
"ညီမက ... ဘယ်အတန်းကလဲ"
"Electrical Power ပထမနှစ်ပါရှင့်"
"ဟင် ... ဒါဆို ကျွန်တော်နဲ့ အတူတူပဲဗျ ... ကျွန်တော်လည်း EP ပဲ"
"ဟုတ်လား ... အိ ... ဝမ်းသာလိုက်တာ ... ကျောင်းနောက်ကျတော့ ... အခန်းက ဘယ်လိုမှ ရှာမရဘူး ... ငိုတောင် ငိုချင်တယ်"
"ကျွန်တော့်နာမည် ... ခန့်မင်းပါ ... "
"ဟုတ်ကဲ့ရှင့် ... အိနာမည်အရှည်က ... ယွန်းအိလို့ ခေါ်ပါတယ် ... သူငယ်ချင်းတွေက ယွန်းအိလို့ ခေါ်ကြတယ်"
"ကျွန်တော်လည်း ... အရမ်းဝမ်းသာပါတယ် ... ယွန်းအိ ... လို့ပဲ ခေါ်မယ်ဗျာ"
"ဟုတ်ကဲ့ရှင့် ... ကိုခန့်လို့ ခေါ်ရင်ရတယ်မှတ်လား"
"ရပါတယ် ခင်ဗျ ..."
ယွန်းအိ ... နာမည်လေးကလည်း မြန်မာဆန်ဆန်လေးနဲ့ ... ချစ်ဖို့ကောင်းသား ... အသံလေးက ချိုပြီး ... နားထဲအေးသွားစေတဲ့ အသံ ... အရင်ဘဝက ရေခဲတုံးတွေ အများကြီး လှူခဲ့တယ်ထင်ပါရဲ့ ...
"အင်း ... ဒါနဲ့ အဆောင်က မရောက်သေးဘူးလားဟင်"
"ရောက်သေးဘူး ... ဟိုးမှာ လိုသေးတယ်"
"ညောင်းလာပြီ ... ဟင့်"
သယ်လာတာ လေးလို့ ထင်ပါရဲ့ ... ယွန်းအိ ... အောက်နှုတ်ခမ်းလေး ကိုက်ရင်း ... မျက်နှာလေးက နီရဲရဲလေးဖြစ်နေတယ် ... ချစ်ဖို့တော့ အရမ်းကောင်းတယ်ဗျ ...
"ခြင်းတောင်းကိုင်ပေးမယ်လေ ... လေးနေပြီနဲ့ တူတယ် ... ပေးပါဗျာ"
"အို ... ရပါတယ်ရှင့်"
ကျွန်တော် ... ယွန်းအိ လက်ထဲက ခြင်းတောင်းကို အတင်းယူလိုက်ပါတယ် ... ယွန်းအိလက်ကလေးက ... အရမ်းနူးညံ့တာပဲဗျာ ... မိန်းကလေးတစ်ယောက်ရဲ့ လက်ကို ... တကယ်ပါ ... ပထမဆုံး ကိုင်ဖူးတာပါ ... လူကဖိန်းကနဲ ရှိန်းကနဲ ဖြစ်သွားပေမယ့် ... ဘာကြောင့်မှန်းတော့ မသိသေးပါဘူး ... သူလည်း တွန့်ကနဲ ဖြစ်သွားပါတယ် ... သူလည်း ညောင်းနေပြီ ထင်ပါရဲ့ ... သိပ်မငြင်းရှာဘူး ... ယွန်းအိ နဲ့ ကျွန်တော်နဲ့ ဆို ... ကျွန်တော်က ခေါင်းတစ်လုံးလောက် ပိုမြင့်တယ်ဗျ ... ယွန်းအိ က ဂါဝန်အဖြူရောင် ဝမ်းဆက်လေး ဝတ်ထားတယ် ... မှတ်မိတာပေါ့ဗျာ ... နည်းနည်းခွာလျှောက်တယ် ဆိုပေမယ့် ... ယွန်းအိ သုံးတဲ့ ရေမွှေးအနံ့က သင်းပျံ့နေတာပဲ ... အဲဒီတုန်းက ... ကျွန်တော်တို့ရဲ့ စိတ်တွေက ဖြူဖြူစင်စင်လေးတွေမို့ ... ဟိုဟိုဒီဒီ မတွေးတတ်သေးပါဘူး ... ယွန်းအိ သိပ်လှတာတော့ သိပါတယ် ...
"ဖြေးဖြေးလျှောက်ပါ ... ကိုခန့်ရယ် ... နောက်က ကျားလိုက်လာတာကျနေတာပဲ"
"ဆောရီး ... ယွန်းအိ ... မောနေပြီလား"
"အင်း ... ချွေးတောင် နည်းနည်းစို့လာပြီ"
"ဟိုရှေ့က အဆောင်က ... Drawing ခန်းပဲ "
"ဟုတ်ကဲ့ရှင့်"
ယွန်းအိနဲ့ ကျွန်တော် ... အခန်းထဲဝင်လာတော့ ... အတန်းထဲက လူတွေ အားလုံး ဝိုင်းကြည့်ကြတယ် ... ဆရာ့ကို ... ခွင့်တောင်းပြီး ... သုံးတန်းမြောက် ခုံမှာ ... နေရာယူလိုက်ပါတယ် ... ဆရာက ပုံအသစ် သင်ဖို့ စလုပ်နေတုန်း ... ဆိုတော့ ... အတော်ပါပဲ ... ကျွန်တော် ပုံကောင်းကောင်းဆွဲဖို့ လုပ်နေတုန်း ... ယွန်းအိ ဘက်ကို လှည့်ကြည့်လိုက်တော့ ... ယွန်းအိမှာ ပုံဆွဲစာရွက်မပါဘူးလေ ... သနားပါတယ် ... ဗလာစာအုပ်ထုတ်ပြီး ... ငိုမဲ့မဲ့လေး ဖြစ်နေရှာတယ် ...
"ယွန်းအိ ... စာရွက်မပါဘူးလား"
"ဟင့်အင်း ... ဗလာစာအုပ်တွေပဲပါတယ်"
"ရော့ ... တရွက်ယူပြီး ဆွဲ"
ကျွန်တော့် ပုံဆွဲ စက္ကူလေးငါးရွက်ထဲက ... တရွက်ယူပြီး ... ယွန်းအိ စားပွဲပေါ်မှာ ခင်းပေးလိုက်တယ် ... ပုံဆွဲတဲ့ခုံတွေက ... သေချာမစီထားတော့ ... နည်းနည်း ကြပ်တယ်ဗျ ... အမှတ်မထင်ပါပဲ ... ကျွန်တော့်လက်မောင်းက ... ယွန်းအိ ရင်သားလေးကို ... ထိသွားတယ်ဗျ ... ပွတ်ဆွဲသွားတယ် ... ဖိန်းကနဲ ရှိန်းကနဲဗျာ ... ခံစားချက်ကို ... သေချာတော့မပြောတတ်ဘူး ... လက်မောင်း တလျှောက် ... ကြက်သီးတွေ ထသွားတာတော့ သိလိုက်တယ် ... ယွန်းအိကို လှမ်းကြည့်တော့ ... မျက်နှာ ရဲကနဲ ဖြစ်သွားပြီး ... သူ့ကိုယ်လုံးလေး တွန့်ကနဲ ဖြစ်သွားတယ် ... အားနာလိုက်တာ ယွန်းအိရယ် ...
"ဟာ ... မတော်လို့ပါဗျာ ... တောင်းပန်ပါတယ်နော် ... ယွန်းအိ ... ကျွန်တော် တမင်သက်သက်လုပ်တာ မဟုတ်ဘူးနော်"
"ရပါတယ် ... ကိုခန့်ရဲ့ ..."
ယွန်းအိ ... မျက်နှာလေး ... ပိုရဲသွားတယ်လို့ထင်ပါတယ် ... နည်းနည်းတော့ ရှက်သွားမယ် ထင်တယ်ဗျာ ... အားနာလိုက်တာဗျာ ... တကယ်ပါ ... တမင်သက်သက် လုပ်တာ မဟုတ်ရပါဘူးဗျာ ...
ယွန်းအိ ... အသံလေးတိတ်သွားတယ် ... သူလည်း တခါမှ ... ဒါမျိုး မဖြစ်ဘူးဖူးနဲ့ တူပါတယ် ... ကျွန်တော့်ကို နည်းနည်းလေး ... ရှိန်သွားတယ် ... ကျွန်တော့်ကို အခွင့်အရေးယူတတ်တဲ့ကောင်လို့များ ... ထင်သွားလား မသိပါဘူးဗျာ ... စကားလည်း ပြန်မပြောတော့ဘူးဗျ ... ငါးမိနစ်လောက် ငြိမ်နေပြီး ... လှမ်းကြည့်လိုက်တော့ ... ယွန်းအိ ပုံ သိပ်မဆွဲတတ်ဘူးထင်ပါရဲ့ ... နောက်ပြီး ယွန်းအိပေတံလေးက တိုတိုလေး ... ခဲတံကလည်း ... ကောင်းကောင်းမပါဘူး ...
"ကိုခန့် ... လုပ်ပါအုံး ... ဘယ်ကဘယ်လို စဆွဲရမှန်းမသိတော့ဘူး"
"ယွန်းအိ ... ပေတံအရှည်မပါဘူးလားဟင်"
"ဟင့်အင်း ... မပါဘူး"
"ရော့ ... ဒီပေတံနဲ့ဆွဲ"
ကျွန်တော့် ပေတံရှည်ကို ... ယွန်းအိကိုပေးလိုက်ပါတယ် ... ကျွန်တော် ... ယွန်းအိခုံနား ကပ်ပြီး ... ဟိုလိုဆွဲ ဒီလိုဆွဲနဲ့ ... သင်ပေးပါတယ် ... ယွန်းအိ ပေတံကိုင်တာက အစ ... လွဲနေတယ် ... ဒါမျိုးက ဖြစ်တတ်ပါတယ် ... ကျွန်တော်လည်း ငယ်ငယ်က ဖေဖေသင်ပေးလို့ ... ဒါမျိုးတွေက ဆွဲတတ်နေတာပါ ... ယွန်းအိလိုမျိုး အခုမှ စသင်ရရင် ... ယောင်ချာချာ ဖြစ်နေမှာပေါ့ဗျာ ... ယွန်းအိအနားမှာ ကပ်ပြီး သင်ပေးတော့ ... ကျွန်တော့်စိတ်တွေ ... လှုပ်ရှားနေပါတယ် ... မိန်းကလေးတွေနဲ့ ရင်းရင်းနှီးနှီး ... မနေဖူးတော့ ... ဒီလိုမျိုးအနီးကပ်နေလိုက်ရင် ... ကျွန်တော့် တကိုယ်လုံး ကြက်သီးလေးတွေ ထသွားတာ ဘာလို့လဲဗျာ ... ရင်ထဲမှာ ... တမျိုးပဲဗျာ ... နေရတာ ရှို့တို့ရှန်းတန်းနဲ့ ... နည်းနည်း ရှက်သလိုလို ... ကျေနပ်သလိုလို ဖြစ်နေတာ ... ဘာမှန်းကို မသိတော့ပါဘူး ... ယွန်းအိ ရှက်နေမှာစိုးလို့ ... နောက်မဖြစ်ရအောင် ... ဂရုတစိုက်တော့ ထိန်းတာပဲဗျာ ... ပုံဆွဲတာကို ... ပြပေးတော့ ... တယောက်နဲ့ တယောက် ... ခြောက်လက်မလောက်ပဲ ကွာပါတယ် ... ယွန်းအိ ကိုယ်လုံးလေးက ... နွေးနွေးလေးဗျ ... ကျွန်တော် မထိတွေ့ရပေမယ့် ... ခံစားလို့ရပါတယ် ... ယွန်းအိရော ... ရင်တွေခုန်နေလား မသိပါဘူး ... ကျွန်တော်တော့ ရင်တွေ ခုန်လာတယ် ... တချက်တချက် ... အကြည့်ချင်း ဆုံမိရင် ... ယွန်းအိ မျက်ဝန်းလေးက ... ပထမပိုင်းမှာ လွှဲလွှဲပစ်လိုက်ပေမယ့် ... နောက်တော့ ... ကျွန်တော့်ကို ရွှန်းရွှန်းစားစားနဲ့ ပြန်ကြည့်ပါတယ် ... စားပွဲခုံက ... နည်းနည်းပုတော့ ... ခါးကိုင်းပြီးနဲနဲဆွဲရပါတယ် ... ယွန်းအိ ဝတ်လာတဲ့ ... အဖြူရောင်ဂါဝန်လေးက ... လည်ပင်းပေါက် နည်းနည်းတော့ ကျယ်တယ် ... လှစ်ကနဲ မြင်လိုက်ရတဲ့ ... အတွင်းခံ ဘရာစီယာလေးက ... အဖြူလေးဗျ ... ကျွန်တော် ကြည့်လဲ ကြည့်ချင်တယ် ... မကြည့်လဲ မကြည့်ရဲပါဘူး ... စိတ်ထဲမှာ ... မကောင်းဘူးထင်လို့ ... အတင်း မကြည့်တော့ပဲ နေလိုက်တယ် ...
ဒီလိုနဲ့ ... အတန်းပြီးသွားတော့ ... ယွန်းအိနဲ့ ကျွန်တော် ... ပိုပြီး ရင်းနှီးသွားပါတယ် ... သူကလည်း ... ကျောင်းသူသစ်ဆိုတော့ ... အားကိုးတယ်လေ ... ကျွန်တော်ကလည်း ... ကျွန်တော့်ကို အရေးတယူရှိတဲ့ ကောင်မလေးဆိုတော့ ... ခင်မင်မိတာပေါ့ဗျာ ... အတန်းပြီးတော့ ... ကန်တင်းသွားကြတော့ ... ယွန်းအိခြင်းတောင်းလေးကို ... ကျွန်တော်ပဲ ကိုင်ပါတယ် ... ယွန်းအိက ... အားနာနေတယ် ... စကားပြောရင်းနဲ့ သူ့အကြောင်း ကျွန်တော် ... သိလာပါတယ် ... သူက ယုဇန ပလာဇာနားမှာ နေတယ် ... ညီမလေး တစ်ယောက် ရှိတယ် ... သူ့အဖေက ... ပလာဇာမှာ ခေါက်ထီးတွေ ရောင်းတယ် ... သူ့အကြောင်းပြောပြီးတော့ ... ကျွန်တော့်အကြောင်း ပြောပြဖြစ်တယ် ... ယွန်းအိ ... ကျွန်တော့် အကြောင်းသိသွားတော့ ... သနားသွားတယ် ...
"အော် ... ဒါကြောင့် ... ကိုခန့်က ... ပုံဆွဲတာ အရမ်းတော်နေတာပေါ့ ..."
"တော်ပါဘူး ... နည်းနည်းပါးပါး ဆွဲတတ်တာပါ"
"တော်ပါတယ် ... ယွန်းအိကို ... ကူညီပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ... ကော်ဖီတိုက်မယ်နော်"
"ဟိတ် ... ယွန်းအိနဲ့ ကျွန်တော့်ကြားမှာ ကျေးဇူးခံ ကျေးဇူးစား မဖြစ်ချင်ဘူး ... ကျွန်တော်တို့က သူငယ်ချင်းတွေလေ ... ဟုတ်တယ်ဟုတ်"
"ဆောရီး ... ယွန်းအိ စကားမှားသွားတယ် ... သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ် ... ကော်ဖီတိုက်မယ်နော်"
"အင်း ... ဒီလိုမှပေါ့ ... ယွန်းအိရဲ့"
ကန်တင်းမှာ ထမင်းစားတော့ ... ပဲပြုတ်ဆီဆမ်းနဲ့ ကြက်ဥကြော်လေး တလုံး ... မှာစားဖြစ်တယ် ... ယွန်းအိက ... သူ့ဟင်းခွက်ထဲက ... ပုဇွန်တကောင်ထည့်ပေးတယ်ဗျ ...
"ကိုခန့် ... ပုစွန်စားတယ်မှတ်လား"
"အင်း ... စားတာပေါ့ ... ကျွန်တော်က ... အမဲသားပဲ မစားတာ"
"အတူတူပဲ ... ရော့"
ကျွန်တော်လည်း ... အလယ်က အနှစ်ကို မပါအောင် ... ပိုင်းပြီး ... ကြက်ဥကြော် တခြမ်းကို ... သူ့ချိုင့်လေးထဲ ထည့်ပေးတယ် ...
"ကြက်ဥစားတယ်မှတ်လား"
"အို ... စားပါ ကိုခန့်ရဲ့ ..."
"တယောက်တဝက်ပေါ့နော့ ... ယွန်းအိက အလယ်က အနှစ်မစားဘူး မှတ်လား"
"ဘယ်လိုသိလဲဟင် ..."
"ကျွန်တော်က အကြားအမြင်ရတယ်လေ"
"ဟုတ်လား ... တကယ်"
"အင်း ... ဟုတ်တယ် ... တခါတလေ စိတ်ထဲက ထင်ရင် မှန်တယ် ... အတင်းမေးရင် မှန်တော့ဘူး"
"ထူးဆန်းတယ်နော် ..."
"အင်း ... သိပ်ရင်းနှီးတဲ့ လူမှ ... ကျွန်တော် ပြောပြတာ ... နို့မို့ဆိုရင် ... ဂေါက်နေလားလို့ ပြောခံရမှာ"
"ဟုတ်တယ်နော် ... "
ကျွန်တော်တို့ စားပြီးတော့ ... ကော်ဖီ သောက်မလို့ လုပ်တုန်း ... ယွန်းအိက ...
"ကိုခန့် ... ခွက်ချင်းတိုက်ရအုံးမယ်လေ"
"အင်"
ကျွန်တော် ကြောင်သွားတယ် ... ယွန်းအိ ဘာလုပ်ချင်တာလဲ ... ကျွန်တော် ကြောင်တောင်တောင်ဖြစ်နေတာကြည့်ပြီး ... ယွန်းအိ ရီတယ် ...
"ကိုခန့်ကလဲ ... သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ် ..."
"အော် ... ဟုတ်ပြီ ... ဟား ဟား ဟား"
"သူငယ်ချင်း ဖြစ်တဲ့ အထိမ်းအမှတ် ... ချီးယား ... ဟား ဟား ဟား"
"ခစ် ... ခစ် ... ခစ်"
ယွန်းအိ ... ရီနေတာလေးကို ... အရမ်းသဘောကျတာပဲဗျာ ... တကယ်ပါ ... ကျွန်တော့်ရင်တွေကို ... ကြည်နူးစေတဲ့ ... ယွန်းအိ အပြုံးတွေ အောက်မှာ ... ကျွန်တော် သာယာ သွားပါတယ် ... ဘေးဝိုင်းက ကောင်တွေ ... မသိမသာနဲ့ ရှိုးနေတာကို ... သိသားပဲ ... ယွန်းအိကို ... စိတ်ဝင်စားတဲ့အကြည့်တွေနဲ့ ... ကျွန်တော့်ကိုလည်း ... ယွန်းအိနဲ့ ... ဘယ်လိုလဲဆိုတာ တွေးနေကြတယ်ထင်ပါတယ် ... အဲဒီလို အကြည့်တွေကြောင့် ... ကျွန်တော် ယွန်းအိအပေါ် စိတ်ဝင်စားတာတွေက ... အရောင်ပြောင်းသွားပါတယ် ... ယွန်းအိသာ ... ကျွန်တော် ချစ်သူလေးဆိုရင် ... ဟာ ... ငါ ဘာတွေ လျှောက်တွေးနေမှန်းမသိပါဘူး ... ယွန်းအိ သိသွားရင် ... မကောင်းဘူး ... အခုမှ ခင်မင်ကာစ ရှိသေးတယ် ... အခွင့်အရေးယူတတ်တဲ့ ကောင်လို့ ထင်သွားအုံးမယ် ...
"ကိုခန့် ... တကယ် အကြားအမြင်ရတာလား"
"အင်း ... တခါတလေ အာရုံရတယ်"
"မှန်းကြည့်ပေးပါလား ... ယွန်းအိ ... အိမ်က စာကြည့်စားပွဲပေါ်မှာ ဘာပစ္စည်းတင်ထားလဲဟင် ... မနက်ဆို ယွန်းအိ ဘာမှ မတင်ထားဘူး ... အကုန်ရှင်းထားတယ် ... ညီမလေး ဘာတွေ လာတင်ထားမလဲဆိုတာ"
"ဝက်ဝံရုပ်ကြီး ... အဖြူရောင်"
ကျွန်တော့် ပါးစပ်က ... လွှတ်ကနဲ ထွက်သွားတယ် ... ဟုတ်မဟုတ်တော့ မသိ ... ယွန်းအိ မျက်နှာလေးက ... ကျွန်တော်ပြောတာကို သိပ်တော့ မယုံဘူး ...
"ခဏလေးနော် ... ကိုခန့် ... အိမ်ကို ဖုန်းဆက်ကြည့်မယ် ... ဟုတ်မဟုတ် ... ဟုတ်တယ်ဆိုရင် ... မနက်ဖြန်ကျရင် ... မုန့်ဝယ်ကျွေးမယ်နော်"
"အင်း ..."
ကျွန်တော် အတွေးက ... ဟုတ်ချင်မှလည်း ဟုတ်မှာပါ ... တခါတလေလည်း မှန်တယ် ... တခါတလေလည်း ... လွဲတယ် ... ယွန်းအိ ထသွားတော့ ... နောက်က လိုက်ကြည့်မိပါတယ် ... ဂါဝန်အဖြူရောင်လေး ... အောက်က ... ကားတက်နေတဲ့ ... ယွန်းအိ တင်သားကျစ်ကျစ်လေးတွေက ... နည်းနည်းတော့ ... ထွားတယ် ... အရမ်းကြီး သိသိသာသာ ကားတက်နေတာမဟုတ်ပေမယ့် ... လမ်းလျှောက်သွားတိုင်း ... တင်သားဆိုင်လေးတွေ ... သိမ့်ကနဲ ... ညိမ့်ကနဲ ... ယမ်းခါသွားတာကို ... ကြည့်ပြီး ... ရင်ထဲမှာ ကျလိကျလိ ဖြစ်သွားပါတယ် ... လှတယ် ယွန်းအိရယ် ... လှတယ် ... လှပ်ကနဲ ပေါ်ပေါ်သွားတဲ့ ... ခြေသလုံးသား ဖြူဖြူလေးတွေကိုလည်း ... နမ်းပစ်လိုက်ရင် ... ကောင်းမယ်နဲ့ တူတယ်နော် ... ရင်ထဲမှာ ... အတွေးရိုင်းတွေကြောင့် ပူလောင်လာတော့ ... သက်ပြင်းချပြီး ... ဖြေဖျောက်ပစ်လိုက်တယ် ... မကောင်းပါဘူးလေ ... ဒီအတွေးတွေက ...
ယွန်းအိ ... ကောင်တာက ... ဖုန်းနဲ့ အိမ်ကို ဆက်ပြီး ... မေးနေတယ် ... ယွန်းအိ ပုံစံလေးက ... ကလေးတော့ ဆန်တယ် ... ဒီပုံစံလေးက ... ချစ်ဖို့လည်း ကောင်းပါတယ် ... ယွန်းအိ ဖုန်းပြောနေရင်းနဲ့ ... ကျွန်တော့်ဘက်ကို ကြည့်ပြီး ... မယုံနိုင်တဲ့ အကြည့်မျိုးနဲ့ ... မျက်လုံးတွေ ပြူးပြတယ် ... ပြီးတော့ ... သဘောတွေ ကျနေတယ်နဲ့ တူတယ် ... ပြုံးပြုံး ပြုံးပြုံး နဲ့ ဖုန်းချသွားတယ် ... ယွန်းအိ ... ကျွန်တော့် ရှေ့က ... ထိုင်ခုံလေးမှာ ... မြန်မြန် ထိုင်ပြီး ...
"ကိုခန့် ... ပြောတာ ... အရမ်းမှန်တယ် ..."
"ဟင် ... ဟုတ်လား ... ကျွန်တော်က လျှောက်ပြောနေတာ"
"မဟုတ်ပါဘူး ... တကယ် ... ယွန်းအိ စားပွဲပေါ်မှာ ... ဝက်ဝံရုပ်ကြီး အကြီးကြီး တကောင်ရောက်နေတယ်တဲ့ ... အရောင်က အဖြူရောင်တဲ့ ..."
"ဟား ဟား ဟား ... ယွန်းအိအတွက် ... ဘယ်သူဝယ်ပေးတာလဲဟင် ..."
"ဘေးအိမ်က ... အန်တီလေး ... စင်္ကာပူကနေ ပြန်လာတာ ... ယွန်းအိတို့ ညီအမအတွက် လက်ဆောင်ဝယ်လာတာတဲ့"
"ဟုတ်လား ... မိုက်တယ်နော်"
"ကိုခန့် ... အရမ်းတော်တာပဲနော် ... ကိုခန့် ... အကြားအမြင်ရတယ်ဆိုတာ ... အဟုတ်ပဲ"
"ရှူးတိုးတိုး ... သူများတွေ ကြားကုန်မယ်"
"အင် ... ဘာဖြစ်လို့လဲဟင်"
"ကျွန်တော် ဒုက္ခရောက်လိမ့်မယ် ... ယွန်းအိ ... ဂတိတခုတော့ ပေးရမယ်နော် ... တခြားဘယ်သူမှ မပြောပါဘူးဆိုတဲ့ ဂတိ"
"အင်းပါ ... ဘယ်သူမှ မပြောပြဘူး ... ဟိ ဟိ ... ကိုခန့် ထီဂဏန်းမှန်းပြီး ထိုးပါလား ... ဒါဆို သိန်း ၁၀၀၀ ဆုတွေ ပေါက်မှာ"
"မဟုတ်ဘူး ... ယွန်းအိ ... ထင်တာ လွဲနေပြီ"
"ဘယ်လိုလွဲတာလဲဟင်"
"ကျွန်တော်က ... လက်ရှိအချိန်မှာ ဖြစ်ပျက်နေတာကိုပဲ ... သိတာ ... အတိတ်အကြောင်းတို့ ... အနာဂတ်အကြောင်းတို့ မမြင်ရဘူး"
"ဟုတ်လား ... ကိုခန့် ... ငယ်ငယ်လေးထဲက ... မြင်ရတာလား"
"အင်း ဟုတ်တယ် ... ငယ်ငယ်တုန်းက .. ပါးစပ် ပိုစီးတယ် ..."
"ပါးစပ်စီးတယ် ... အဲဒါက ဘယ်လိုဖြစ်တာလဲဟင်"
"ပါးစပ်စီးတယ်ဆိုတာက ... ကျိန်ဆဲရင် ... ချက်ချင်း လက်ငင်းဖြစ်တတ်တာမျိုးပေါ့ ..."
"ဟုတ်လား ... ကြောက်စရာကြီး"
"ဟုတ်တယ် ... ငယ်ငယ်တုန်းက ... ဘေးအိမ်က ... ကောင်လေးတယောက်က ... ကျွန်တော့်ကို တအား အနိုင်ကျင့်တာ ... ခဏခဏ လုပ်တော့ သည်းငြီးမခံနိုင်တော့ဘူး ... အပင်ပေါ်က ... ပြုတ်ကျပါစေ လို့ ကျိန်ဆဲလိုက်တာ ... သိပ်မကြာပါဘူး ... ညနေဘက်လည်း ရောက်ရော ... မန်ကျည်းပင်ပေါ်က ... ပြုတ်ကျတာ ... ပေါင်ကျိုးသွားတယ်လေ ..."
"ဟယ် ... ဟုတ်လား"
"အင်း ... အမေသိသွားတော့ ... ကျွန်တော့်ကို ... နောက်မလုပ်ပါဘူးလို့ ဂတိတောင်းတယ်"
"ကိုခန့် ... ကိုယ့်စိတ်ကိုယ် တော်တော်ထိန်းရမယ်နော်"
"ကျွန်တော် ... ဒေါသမထွက်တာ တော်တော်ကြာပြီ ... ပြဿနာတက်မှာစိုးလို့ ... လူတွေနဲ့ သိပ်အပေါင်းအသင်းမလုပ်ဘူး ..."
"ယွန်းအိနဲ့ ကျတော့ရော ..."
"ယွန်းအိကို ... မြင်မြင်ချင်း ခင်သွားလို့ပါ ... နောက် ... ယွန်းအိ ပုံစံက အေးတယ်လေ"
"ခစ် ... ခစ် ... ယွန်းအိလည်း ... ကိုခန့်ကို ခင်ပါတယ် ..."
စကားတပြောပြောနဲ့ ... စာသင်ခန်းထဲ ရောက်လာတော့ ... စကားစပြတ်သွားတယ် ... ယွန်းအိလည်း ... ကောင်မလေး နှစ်ယောက် ထိုင်နေတဲ့ ... အတန်းမှာ သွားထိုင်တယ် ... ကျွန်တော်က သူ့နောက်က အတန်းမှာသွားထိုင်ပြီး ... စာအုပ်တွေ ထုတ်လိုက်ပါတယ် ... ကျွန်တော်ထိုင်တဲ့အတန်းက ... ဘယ်သူမှ မထိုင်ကြဘူး ... ကောင်းပါတယ် ... တယောက်ထဲ ... နေတာ ပိုအဆင်ပြေတယ် ... ယွန်းအိ ထိုင်တဲ့ အတန်းက ... ကောင်မလေး နှစ်ယောက်က ... တော်တော်ချောပါတယ် ... သီရိထွန်းစံ ... ကျွန်တော့် စိတ်ထင် ... ဒီအတန်းထဲမှာ ကွင်းဖြစ်မယ့် တစ်ယောက် ... ချောသည် ... လှသည် ... တောင့်သည် ... ဖြောင့်သည် ... ပထမနေ့က ... ကျောင်းကို ... သူကိုယ်တိုင် ကားမောင်းပြီး ... လာတာတွေ့လိုက်သေးသည် ... ဒီနေ့တော့ ... ကားပါသလား ... မပါသလား ... မပါဘူးထင်တယ် ... ထူးထူးခြားခြား ... ဝင့်ကြွားတဲ့ ရင်နှစ်မွှာက ... မျက်စိလွှဲမရအောင် ... ထွားမို့သည် ... နန္ဒလှိုင်လို ... မဟာဆန်သည် ... ဆံပင် ဂုတ်ဝဲကို ... အဖျားကောက်ထားသည် ... မျက်လုံးဝိုင်းသည် ... ဒါပေမယ့် ... စကားပြောတာ နည်းနည်း ... ရင့်သည် ... အလှတရားကြောင့် ... မာနတက်နေသလားတော့ ... မသိ ... အခန်းထဲက ... ကောင်လေးတွေကတော့ ... သူနဲ့ ခင်မင်ချင်ကြသည် ... စကားပြောချင်သည် ... အရောဝင်ချင်သည် ... ဖြစ်ချင်လောက်အောင်လည်း ... သူ့မျက်လုံးက ... ညှို့မျက်လုံး ... သူ့မျက်လုံးနဲ့ တည့်တည့်ကြည့်ပြီး ... စကားပြောရင် ... တော်ရုံယောကျ်ားလေး ကြွေလောက်သည် ... ကျွန်တော်လား ... သူနဲ့ မခင်ချင်ဘူး ... အရမ်းလှပြီး ... မာနကြီး ကောင်မလေးမျိုးကို ... ကြောက်တယ် ... သူလိုလူမျိုးနဲ့ ... ပေါင်းရင် ... အနည်းဆုံး ... လူကို ရင်ပူစေသည် ... သွေးကြွစေသည် ... မဖြစ် ... လုံးဝမဖြစ် ... ကျွန်တော့်အကြောင်း ကျွန်တော်သာ သိသည် ...
နောက်တယောက်ကို နာမည် မသိဘူး ... မော်ဒယ်တယောက်လို ... ပိန်တယ် ... မျက်နှာလေးက သွယ်တယ် ... ယွန်းအိလို ... မျက်စိအေးတဲ့ အလှမျိုးရှိသည် ... ထူးခြားတာက ... မျက်ဝန်း ... ဥဿဖရားကျောက်လို ... သူ့မျက်ဝန်းက ... တဖျပ်ဖျပ်လက်နေသည် ... ဉာဏ်ရည်ဉာဏ်သွေး အလွန်ထက်မြက်မည်ဆိုတာ သေချာသည် ... စကားပြောတာတော့ ... သီရိထွန်းစံလို ... မရင့် ... ယဉ်ကျေးသည် ... ကျွန်တော်တို့ ထိုင်တဲ့နေရာ ဘေးမှာ ... ပြတင်းပေါက် ... နေ့လည်နေ့ခင်းဆိုပေမယ့် ... လေက တဖြူးဖြူးနဲ့ ... ခဏခဏ တိုက်နေသည် ... လေက ... အပျိုကညာ သုံးဦးကို ... ဖြတ်ပြီး ... သင်းရနံ့တွေ သယ်ဆောင်လာတာ ... ကျွန်တော့် နှာခေါင်းက သိသည် ... ချိုအီမွှေးနေတဲ့ ... အနံ့တွေက ... အပျိုနံ့တွေ ... ကြာကြာရှူမိရင် ... တဏှာထကြွလာလိမ့်မယ် ... ထူးထူးခြားခြား ... အေးကနဲ သင်းပျံ့နေတာက ... သီရိထွန်းစံ ... သူဆွတ်ထားတဲ့ ... ရေမွှေးက ... တော်တော် ဈေးကြီးလိမ့်မယ် ... အတန်း တချိန်လောက် ... ကျွန်တော့်နှာခေါင်းက ... အပျိုသုံးယောက် အနံ့ရှူနေရတော့ ... ခေါင်းက အီလည်လည် ဖြစ်လာသည် ... မဖြစ်သေးပါဘူး ... အတန်းပြီးတော့ ... သာလိကာမလေး သုံးယောက် ... အနောက်ဖက်ကို လှည့်ပြီး ... ကျွန်တော်နဲ့ စကားပြောသည် ... အဓိက သွေးဆောင်သူက ... ယွန်းအိ ... ခုနကတုန်းက ... ကျောင်းလာတာ ... ဘက်စ်ကား တော်တော်ကြပ်တဲ့အကြောင်း ... အခန်း ပျောက်နေတဲ့ အကြောင်း ... ကယ်တင်ရှင် ... ကျွန်တော့်အကြောင်း ... ရွှန်းရွှန်းဝေအောင် ... သူတို့ကို ပြောပြသည် ... ယွန်းအိ ... တခုတော့ ကောင်းသည် ... ကျွန်တော့်အကြောင်း ... ဘာမှမပြော ... နှုတ်လုံသည် ... ယွန်းအိက ... သီရိထွန်းစံကို ပုခုံးဖက်ပြီး ...
"ဒီမမက ... မသီရိထွန်းစံ"
"ဒီညီမလေးက ... အေးမြတ်လှိုင်"
"ဟုတ်ကဲ့ ... တွေ့ရတာ ဝမ်းသာပါတယ် ... ကျွန်တော့် နာမည် ..."
"ကိုခန့်မင်း ... ဟုတ်တယ်ဟုတ် ..."
"အင် ... ဘယ်လိုသိတာလဲဗျ"
"ယွန်းအိ ... ပြောပြထားတာ ... ဒီနေ့ အခန်းပျောက်နေတုန်း ... ကယ်တင်ရှင် ပေါ်လာလို့ ... နို့မို့ဆို ... ယွန်းအိ ... ငိုတော့မယ် ..."
"ဟုတ်ဘူးနော် ... ယွန်းအိ ... မငိုပါဘူး"
"ငိုချင်ရင် ငိုချင်တယ်ပေါ့ ... အေးမြတ်တို့ ... ငိုချင်လည်း ... ကိုခန့်ကို အကူအညီတောင်းမယ်နော် ... ခစ် ခစ်"
"အော် ... အော် ... ဟုတ်ကဲ့ ... တတန်းထဲဆိုတော့ ... အကူအညီလိုရင်လည်း ပြောပါ ... တတ်နိုင်သလောက် ကူညီပါ့မယ် ..."
"ဟုတ်ကဲ့ရှင့်"
သုံးယောက်လုံး ... သံပြိုင်အော်လိုက်တာ ... ကျွန်တော် လန့်သွားသည် ... မလွယ် ... သိပ်တော့ မလွယ် ... ဒီသုံးယောက် ... အချိန် တစ်နာရီလောက်လေးအတွင်း ... ငယ်ပေါင်းကြီးဖော်လို ... ပေါင်းမိသွားသည် ... ယွန်းအိအတွက်တော့ ကောင်းသည် ... မိန်းကလေး သူငယ်ချင်းရပြီပေါ့ ...
"ကိုခန့် ... ဒီနှစ် ... ယွန်းအိတို့အခန်းမှာ ... ကွင်းဘယ်သူရမယ်ထင်လဲဟင် ... ယွန်းအိတော့ ... မသီရိရမယ်လို့ထင်တယ် ..."
"အင်း ... ဟုတ်တယ် ... ဖြစ်နိုင်ပါတယ်"
ဖြစ်နိုင်ပါတယ်ဆိုတဲ့ ... ကျွန်တော့် စကားကို ... သီရိ ... နည်းနည်းတော့ ... မနှစ်မြို့တဲ့ အရိပ်အယောင်လေး ... သမ်းသွားသည် ... ကျွန်တော်ကလည်း ... မြင်ဖြစ်အောင် မြင်လိုက်သည် ... ကျွန်တော် စကားနည်းနည်းမှားသွားသည် ... ဖြစ်နိုင်ပါတယ် ပြောရမှာ မဟုတ်ဘူး .. ဖြစ်ကိုဖြစ်တယ် ... သေချာတယ်ပြောရမှာ ... ယွန်းအိက ...
"ကိုခန့်ကလည်း ... ဖြစ်နိုင်တယ် မဟုတ်ဘူး ... ဖြစ်ကိုဖြစ်မှာ ... ဟုတ်တယ်နော် ... အေးမြတ်"
"ဟုတ်တယ် ... ကိုခန့်ရဲ့ ... ဒီအခန်းထဲမှာ ... သီရိက အလှဆုံး"
"ယွန်းအိ ပြောတာ ဟုတ်တယ် ... ဖြစ်ကို ဖြစ်မှာ ဟဲ ဟဲ"
ယွန်းအိနဲ့ ... အေးမြတ် ... သီရိအလှကို ဝိုင်းချီးမွမ်းကြလို့ ... သီရိ ... မျက်နှာ နည်းနည်း ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာသည် ... နည်းနည်းတော့ ကျေနပ်သွားတဲ့ ပုံပါပဲ ... ဒါပေမယ့် ... ကျွန်တော် သိသည် ... သူ့အတွင်းစိတ်လေးက ... ကျွန်တော့်ကို ... တေးထားပြီ ... ဟင်း ... ခက်တော့တာပဲ ... ကျွန်တော်လည်း ကျေနပ်လောက်အောင် ... နည်းနည်း ပင့်ပေးမှနဲ့ တူတယ် ...
"သီရိ ... ကျောင်းလာတက်ကတည်းက ... ကျွန်တော်သိပါတယ် ... ဒီမေဂျာရဲ့ ကွင်းဖြစ်မယ်ဆိုတာ ..."
ဒီလိုလေး အပင့်စကားလေး ပြောတော့ ... ယွန်းအိက သိပ်မကျေနပ် ...
"ကိုခန့်က ... သီရိကို သိပြီးသားပေါ့"
"ဟင့်အင်း ... မြင်တယ်ပြောတာပါ ... အခု ယွန်းအိ မိတ်ဆက်ပေးမှ စကားပြောဖြစ်တာ"
"ဟုတ်လို့လား ... မနေ့က ... ကိုခန့် ... မှောက်ခုံလဲပြီး ဒူးပြဲသွားတယ်ဆို ... "
"ဟုတ်လား"
အေးမြတ်နဲ့ ... သီရိ ... ကျွန်တော့်ကို ... ဝိုင်းမေးသည် ... ခက်ပြီ ... ယွန်းအိ အချွန်နဲ့ မပြီ ... မိန်းကလေးတွေ စိတ်ကလေ ... မှန်းရခက်သည် ... စကားလေး တခွန်းမှားတာနဲ့ ... တသက်လုံး ရန်သူဖြစ်သွားနိုင်သည် ...
"အင် ... မဟုတ်ပါဘူးဗျာ"
"ဟုတ်ပါတယ် ... သိပြီသိပြီ ... သီရိကို ... အငမ်းလွန်သွားတာ ဟုတ်တယ်ဟုတ်"
"အာ"
ယွန်းအိ ... ပေါ်တင်ကြီး စလိုက်တော့ ... ကျွန်တော် ရှက်သွားသည် ... မျက်နှာ တခုလုံး ပူထူသွားတာပဲ ... သီရိကတော့ ... ဘာမှမဖြစ် ... ဒါမျိုး ကြုံနေကြ ဖြစ်ဟန်တူသည် ... ရိုးနေပြီဆိုတဲ့ ပုံစံမျိုး ... နောက် ဒီလိုမျိုး ... သူ့အလှမှာ ... ကောင်လေးတွေ ကြွေသွားတာကို ... သဘောကျသည် ... ထင်သည် ... ကျွန်တော် ... ဇောချွေးတွေ ပြန်လာသည် ... မျက်နှာက နီလာသည် ... မဟုတ်ပါဘူးလို့လည်း ... မငြင်းရဲ ... သီရိ ... စိတ်ခုသွားမှာ စိုးသည် ...
"ခဏလေးနော် ... ရေသွားသောက်လိုက်အုံးမယ် ..."
"အို ... ကိုခန့်ကလည်း ... မရှက်ပါနဲ့ဆိုမှ ..."
ကျွန်တော် ... ကြာကြာမထိုင်ရဲ ... လစ်မှရတော့မည် ... ယွန်းအိကို ... လက်သီးလေး ဆုပ်ပြပြီး ... အခန်းအပြင်ဘက် ထွက်လာသည် ... ယွန်းအိတို့ ... တခစ်ခစ်နဲ့ ကျန်ခဲ့သည် ... ယွန်းအိ ... ယွန်းအိ ... ကျွန်တော့်ကို ... မ လိုက်တာ ... ဘိုးတော်ထက်ဆိုးသည် ...
ကျွန်တော် ... ကန်တင်းက ... ရေသန့်ဘူး ... တဘူးဝယ်ပြီး ... ၁၅ မိနစ်လောက် ... ကန်တင်းမှာ ထိုင်နေလိုက်သေးတယ် ... အခန်းကို ချက်ချင်း မပြန်ချင်သေးဘူး ... အခန်းဘက် ပြန်လာတော့ ... အခန်းထဲ မဝင်ချင် ... နည်းနည်းတော့ ရှိန်သည် ... တခြားကောင်လေးတွေလို ... မိန်းကလေးတွေရဲ့ အထာတွေကို မနပ်တော့ ... စကားပြောရတာ သိပ်အဆင်မပြေဘူး ... နည်းနည်းလေးမှားတာနဲ့ ... ဝိုင်းသြဘာပေးခံရတယ် ... ခက်လိုက်တာဗျာ ... အခန်းနားရောက်တော့ ... အခန်းထဲက လူတွေ ... လွယ်အိတ် ကိုယ်စီနဲ့ ... ထွက်လာကြပြီ ... အတန်းမရှိတာလား ... အတန်းပြောင်းတာလား ... အခန်းထဲ ခပ်သွက်သွက်ဝင်သွားတော့ ... ယွန်းအိတို့ပဲ ကျန်တော့တယ် ... ကျွန်တော့်ကို စောင့်နေတာ ထင်တယ် ...
"ကိုခန့်ရယ် ... ကြာလိုက်တာ ... ရေသွားသောက်တာလား ... ကန်တင်းက ကောင်မလေးတွေ သွားငန်းနေတာလား"
"မဟုတ်ပါဘူး ... ယွန်းအိကလည်း ... အတန်းထဲမှာ ဘယ်သူမှလဲ မရှိတော့ဘူး ... အတန်းမရှိတော့ဘူးလား"
"အင်း ... မရှိတော့ဘူး ... ပြန်ရတော့မယ် ... ယွန်းအိတို့က ... ကိုခန့်ကို စောင့်နေတာ ..."
"ဟုတ်လား ... ကျေးဇူးပဲဗျာ ..."
ကျွန်တော် စာအုပ်တွေ မြန်မြန်သိမ်းပြီး ... အပြင်ရောက်တော့ ... ယွန်းအိက ...
"ကိုခန့် ... ဘယ်ပြန်မှာလဲဟင် ... "
"လှည်းတန်း"
"သီရိက ... မြေနီကုန်း"
"အေးမြတ်က ... ယွန်းအိနဲ့ ... အတူတူပဲ ... အိမ်ချင်းနီးတယ် ..."
"ဟုတ်လား ... ယွန်းအိ ... အဖော်ရတာပေါ့"
"အင်း ... တလမ်းကျော်ပဲ ဝေးတယ် ... အေးမြတ်နဲ့ ... တာမွေမှာဆင်းပြီး ... အတူတူပြန်မယ်လေ"
ကျောင်းရှေ့ကို လမ်းလျှောက်တော့ ... ပထမတော့ ... လေးယောက် အတူတူ လျှောက်ဖြစ်တယ် ... အဆောင် သုံးလေးခု ကျော်ရော ... သူတို့သုံးယောက်ကအရှေ့ကလျှောက်တယ် ... ကျွန်တော်က အနောက်က လျှောက်ဖြစ်တယ် ... တမင်သက်သက် နောက်ချန်ပြီး ... လျှောက်တာ မဟုတ်ပါဘူးဗျာ ... သူ့အလိုလို ... ကျန်ခဲ့တာပါ ... အဲဒီမှာ ဇာတ်လမ်းစတာပဲဗျာ ... အပျိုချောလေး သုံးဦး ... အရှေ့ကနေ ... လှုပ်လီလှုပ်လဲ့ ... လျှောက်တာ ... သိပ်လှတယ် ... ပထမ ... ကျွန်တော် မကြည့်ရဲပါဘူး ... တစ်ချက်ဗျာ ... တစ်ချက် ... ကျွန်တော်ခိုးကြည့်မိပါတယ် ... ကောင်မလေး သုံးယောက်ရဲ့ ... နောက်ပိုင်းအလှတွေက ... ကျွန်တော့်ရင်တွေ ... ပူလာစေတယ် ... တယောက်နဲ့ တယောက် ... အလုံးအထည်မတူဘူးဗျ ... အေးမြတ်က တင်သိပ်မရှိဘူး ... ပါးပါးလေး ... သီရိ ... နောက်ပိုင်းက ... တော်တော်တောင့်သည် ... မယ်မြန်မာ အသေးစားလေးဆို ... ပိုမှန်လိမ့်မယ် ... သိမ်တဲ့ ခါးကနေ ဆင်းလာတဲ့ ... တင်သားဆိုင်တွေက ... ရုတ်တရက် ... မို့မောက်သွားသည် ... ကားစွံ့လာသည် ... တင်သားနှစ်ခုက တင်းပြီး ... ကျစ်လစ်ပေမယ့် ... နည်းနည်းထွားတော့ ... ပန်းအိုးလေးတောင် ... တင်ထားလို့ ရမယ်ထင်တယ် ... ထမီအနက်ရောင်လေးကလည်း ... အသားပျော့တော့ ... တင်သားဆိုင်တွေကို ... အရှိအတိုင်း ... ပေါ်စေသည် ... တကယ်ပါဗျာ ... အနိမ့်အမြင့် အတက်အကျတွေက ... မတူဘူးဗျ ... ပစ္စည်းကြီးလေ ... အတက်အကျ ပိုကြမ်းလေပဲ ... ယွန်းအိ တင်လေးက ... သီရိလောက် မထွား ... သူ့ပစ္စည်းနဲ့ သူ ချစ်ဖို့ကောင်းသည် ... အိအိလေးနဲ့ ... သိမ့်ကနဲ ငြိမ့်ကနဲ ... လှုပ်ရှားတတ်သည် ... ယွန်းအိ တင်လေး ... လှုပ်တာကို ... ကျွန်တော် ပိုစိတ်ဝင်စားသည် ... ချစ်ဖို့လည်း ကောင်းသည်ဟုထင်သည် ... ငြိမ့်ကနဲ သိမ့်ကနဲက ... မျက်စိထဲကို စွဲစေသည် ... သီရိကျတော့ ... ဒီလိုမဟုတ် ... ရင်ပူစေသည် ... ထွာဆိုင်တွေက ... အလှုပ်အပြု ကြမ်းသည် ... တခြားကောင်လေးတွေဆိုရင်တော့ ... သည်းသည်းလှုပ်သဘောကျလိမ့်မည် ... လှပါသည် ... ကြွပါသည် ... ကားကားလေးနဲ့ ... ပြည့်နေတဲ့ ... အိုးလေးက ... ညဘက် ... အိပ်ရာဝင်တိုင်း ... တွေးချင်စရာ ... ဟာ ... မကောင်းပါဘူးဗျာ ... အတွေးတွေက ... ရိုင်းလိုက်တာ ... ကျွန်တော် အတွေးတွေကို ... အမြန်ဖယ်ထုတ်လိုက်တယ် ... သူတို့ကို ... မကြည့်ပဲ ဟိုဘက်မျက်နှာလွှဲပြီး လျှောက်တော့ ... ရင်ထဲက အပူလျော့သွားသည် ... မလွယ်ဘူး ... တကယ်မလွယ်ဘူး ...
ကံကလည်း ဆိုးချင်တော့ ... ဟိုဘက်ငေးရင်း ... ခလုတ်တိုက်ပြီးလဲပါရော ... ရှက်လိုက်တာဗျာ ... ယွန်းအိတို့ သုံးယောက် ... နောက်လှည့်ပြီး ... ကျွန်တော့်ကို ဝိုင်းရီကြတယ် ... ရှက်လိုက်တာဗျာ ... ရှက်လိုက်တာ ...
သီရိက ... "ကိုခန့်နော် ... နောက်ကနေ ... ဘာတွေ အငန်းလွန်ပြီးချော်လဲ ... အဲ ... ဟုတ်ပါဘူး ... ဘာတွေ အတွေးလွန်နေတာလဲဟင်"
ဟာ ... သွားပါပြီဗျာ ... ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး ... သူတို့ အိုးလေးတွေကို ... ငမ်းလို့ ... ချော်လဲသွားတယ်ဆိုရင်လည်း ... နှာဘူးကျတဲ့ကောင်လို့ ထင်သွားအုံးမယ် ... သီရိက ... ဒါမျိုးတွေ ကြုံလေ့ရှိတယ်နဲ့ တူပါတယ် ... ကျွန်တော့်ကို ချောင်ပိတ်မေးခွန်း မေးတယ် ... သူမေးတာ အကြောင်းမဟုတ်ဘူး ... ယွန်းအိ စိတ်ထဲ တမျိုးထင်သွားမှာ ... ကျွန်တော် စိုးရိမ်တယ် ...
"ဟာ ... မဟုတ်ရပါဘူး ... သီရိကလည်း ..."
"ဘာ မဟုတ်တာလဲ ... ကိုခန့်ရဲ့"
သီရိ ကျွန်တော့်ကို ကြပ်နေပြီ ... ရှက်လိုက်တာဗျာ ... တော်တော်လည်း စိတ်အိုက်တယ် ... ကျွန်တော် ဘာပြောရမှန်းမသိဘူး ... ရှက်စိတ်ကြောင့် ... ကျွန်တော့် တကိုယ်လုံး နီရဲတွတ်လာသည် ...
"ဟိုလေ ... ပုဆိုးနဲ့ ခြေထောက် ငြိပြီး ... ချော်လဲတာ"
ယွန်းအိက ... ကျွန်တော့် လွယ်အိတ်က ... ဖုန်တွေကို ခါပေးပါတယ် ...
"ကိုခန့်ကလည်း ... ကလေးကျနေတာပဲ ... မှောက်ခုံလဲရတယ်လို့ ... လွယ်အိတ်မှာ ဖုန်ပေသွားပြီ ... ဆက်ခါလိုက်အုံး"
ယွန်းအိ ... ကျွန်တော့်လွယ်အိတ်ကို ... ဖုန်ခါပေးတာကို ... သီရိက ကြည့်နေတယ် ... သီရိအကြည့်က ... ကျွန်တော်တို့ နှစ်ယောက်ကို ... သိပ်မသင်္ကာတဲ့ အကြည့်မျိုး ... သီရိက စကားနာ ထိုးသည် ...
"ယွန်းအိက ... အရမ်းကြင်နာတတ်တယ်နော် ..."
"အင်း ... ကိုယ့်ရှေ့မှာ ချော်လဲနေတဲ့လူတွေ့ရင် ... ယွန်းအိက ... ဖာသိဖာသာ မနေတတ်ဘူး ... အဟဲ"
အေးမြတ်က "ယွန်းအိ စိတ်ထားက လှတယ်နော်"
သီရိက "ဟုတ်တယ် ... ယွန်းအိက ... စိတ်ထားကောင်းတယ်နော်"
ယွန်းအိက ... "ဟုတ် ... ကျေးဇူးနော်"
ကျွန်တော်လည်း ... မနေနိုင်တော့ဘူး ... ယွန်းအိကို ... ကျေးဇူးတင်ကြောင်းပြောရတော့တာပေါ့ ...
"ယွန်းအိ ... ကျေးဇူးပဲဗျာ"
"အို ... ရပါတယ် ... ကိုခန့်ကလည်း ... သူငယ်ချင်းတွေပဲဟာကို ..."
သီရိနဲ့ ... အေးမြတ်က ... အရှေ့ကလျှောက်သည် ... ကျွန်တော်နဲ့ ယွန်းအိက ... အလိုလို ... နောက်ကျန်နေခဲ့သည် ... ဒီတစ်ခါတော့ ... သီရိ အိုးလှလှလေးကို ... ကျွန်တော် ... မငမ်းရဲတော့ပြီ ... ခပ်စိုက်စိုက်နဲ့ လျှောက်လာရင်း ... ကျွန်တော့် ကားရပ်ထားတဲ့နေရာကို ရောက်လာသည် ...
"ယွန်းအိ ... ကျွန်တော် ကားပါလာတယ် ... အကုန်လုံးကို လိုက်ပို့ပေးမယ်လေ ..."
"အင် ... ဘယ်မှာလဲ ..."
ဘောက်စဂွန် ကားလေးကို လက်ညှိုးထိုးပြပြီး ...
"ဒီကားလေ ..."
"ဟင် ... တကယ်ပြောတာလား"
"အင်း ... တကယ်ပေါ့ ... ဒီမှာကြည့်"
ယွန်းအိ ... ယုံအောင် ... ကားတံခါး ဖွင့်ပြလိုက်သည် ...
"သီရိ ... ခဏလေး ... ကိုခန့်က ကားပါတယ်တဲ့ ... အကုန်လုံးကို ... လိုက်ပို့ပေးမယ်တဲ့ ..."
သီရိတို့ နှစ်ယောက် ... ပြန်လှည့်ကြည့်ပြီး ...
"ဟုတ်လား ... တကယ်လိုက်ပို့ပေးရမှာနော် ... ကိုခန့်"
"အင်း ... လိုက်ပို့ပေးမယ်လေ ... တက်တက် ..."
"ညာပြီး ... အိမ်မခေါ်သွားရဘူးနော်"
"အောင်မလေးဗျာ ... ခေါ်သွားမှာ ... စိတ်ချ ..."
"အံမယ် ... ခေါ်ရဲ ခေါ်ကြည့်ပါလား ... ခစ် ... ခစ် ... ခစ် ..."
ကျွန်တော် ... သူတို့ အကြောကို ... နည်းနည်းတော့ နပ်လာတယ် ... အလိုက်သင့် ... ဟိုလိုဒီလိုလို ... ပြောတော့ ... ရီရတာပေါ့ဗျာ ... သာလိကာမလေး သုံးယောက် ... ကားပေါ်တက်ကြတယ် ... ယွန်းအိနဲ့ ... အေးမြတ်က နောက်မှာ ထိုင်တယ် ... သီရိက ... အရှေ့မှာ ထိုင်တယ် ... တမျိုးပဲဗျာ ... နည်းနည်းတော့ ... ရှိန်းတိန်းတိန်းနိုင်တယ် ... ခပ်ချောချော ကောင်မလေး သုံးယောက်နဲ့ ... ဒီလိုမျိုး သွားလာရတာ ... တမျိုးပဲဗျ ... ကျေနပ်သလိုလို ... ဝမ်းသာနေသလိုလို ...
"ကိုခန့် ... သီရိတို့ သုံးယောက်လုံး ... အိမ်ခေါ်သွားပြီး ... ဘာလုပ်မှာလဲဟင်"
"တယောက်ကို ... ကော်ဖီဖျော်ခိုင်းမယ် ... တယောက်ကို ... ထမင်းခူးခိုင်းမယ် ... တယောက်ကို ... ရေချိုးခိုင်းမယ် ..."
"အယ် ... တော်တော် ညစ်ပတ်တယ် ... ကိုခန့်နော် ... "
ဘာရယ်မဟုတ်ဘူး ... စလိုက်ပေမယ့် ... ကျွန်တော့် ... လက်မောင်း ... ဆစ်ကနဲ နာသွားသည် ... သီရိလေ ... ကျွန်တော့်ကို ဆွဲဆိတ်တယ် ... ဟာကွာ ... ဒီကောင်မလေးကတော့ ... ဖက်နမ်းပစ်လိုက်ရင်တော့ ... အကုန်လုံး ရှုပ်ကုန်မယ် ... ကျွန်တော်က ... ကျွန်တော့်အသားနာရင် မကြိုက်ဘူးဗျ ... ဒီလိုမျိုး လက်ပါတာမျိုးလည်း မကြိုက်ဘူး ... ဒါပေမယ့် ... ခွင့်လွှတ်လိုက်ပါတယ် ... ကျွန်တော်က တောပြောတောင်ပြော ... လျှောက်ပြောမိတာကိုး ... အဲဒီမှာ ပါးစပ်သေနတ် သုံးလက် ဝိုင်းပစ်တာ ခံရတော့တာပဲ ... နားထဲ အူနေတာပဲ ... ကျွန်တော်လေ ... ခေါင်းတောင် မဖော်နိုင်တော့ဘူး ... သုံးယောက်တယောက်ဆိုတော့ ... မနိုင်ဘူးလေ ... မီးများမီးနိုင်ပေါ့ ... တာမွေနား အထိ ... စကားတွေ တတွတ်တွတ် ... တီတီတာတာတွေပြောလာကြတာ ... ကားပေါ်ကနေ ... ဟီးဟီးဟားဟား ရီမောသံတွေက ... လျှံထွက်နေတာပဲဗျာ ... ယွန်းအိ အိမ်ကို အရင်ရောက်တယ် ... နောက်ကနေ ... ဟိုဘက်ကွေ့ ... ဒီဘက်ကွေ့ ... လမ်းညွှန်ပေးရင်း ... အိမ်ရောက်တော့ ...
"ကိုခန့် ... ကျေးဇူးပဲနော် ... ညကျရင်လေ ... စာမေးလို့ရအောင် ... ဖုန်းနံပါတ် ပေးအုံး"
"အင်း ... xxx xxx xxx"
"xxx xxx xxx နော် ... အိမ်ဖုန်းလား ... စကားပြောလို့ရတယ် မှတ်လား ..."
"ရတယ် ... ရတယ် ... လှမ်းခေါ်လိုက်နော် ... ဘိုင့်"
"တာ့ တာ ... မနက်ဖြန်မှ တွေ့မယ်နော်"
ကျွန်တော့်ကားလေး ... လမ်းထိပ် ရောက်တဲ့အထိ ... ယွန်းအိ ရပ်ကြည့်နေတုန်း ... အင်း ... နည်းနည်းတော့ စိတ်မကောင်းဘူး ... စတွေ့တာ တရက်ပဲရှိပေမယ့် ... ယွန်းအိကိုလေ ... ရင်ထဲက သံယောဇဉ် ဖြစ်မိပါတယ် ... ယွန်းအိ ကျန်နေခဲ့တာကို ... စိတ်မကောင်းဘူး ... ဟူး ... မတတ်နိုင်ဘူးလေ ... မနက်ဖြန်ကျရင် တွေ့ရအုံးမှာပဲဟာကို ...
အေးမြတ်အိမ်က ... တလမ်းကျော်မှာ ... အေးမြတ်ကလည်း ... ငလောင် ...
"ကိုခန့် ... ကျေးဇူးပဲနော် ..."
"ရပါတယ် ... မနက်ဖြန်မှ တွေ့မယ်နော်"
"ကိုခန့် ... သီရိကို အိမ်ရောက်တဲ့အထိ ... သေချာပို့ပေးလိုက်အုံးနော် ..."
"အင်းပါ ... စိတ်သာချ ... ကျွန်တော့် အိမ်ခေါ်သွားမယ် ..."
"ဟား ဟား ဟား ... တကယ်လား ... သီရိက ... တိုက်ကွမ်ဒို ... တတ်တယ်နော် ... ဟိ ဟိ ... စိတ်ချမယ်နော် ... ကိုခန့် ... ခစ် ... ခစ် ခစ်"
အ ... ဆစ်ကနဲ ... နာသွားပြန်ပြီ ... လုပ်ပြန်ပြီ နောက်တစ်ခါ ...
"တာ့ ... တာ"
"သွားပြီနော် ... အေးမြတ်"
"ဟုတ် ... တာ့တာ"
ကားလေး မောင်းထွက်လာတော့ ... စစချင်း ... တမိနစ်လောက် ... ငြိမ်သွားသည် ... သီရိ ... ဟိုဘက်ငေးပြီး ... လျှောက်ကြည့်နေသည် ... အခုမှ သတိထားမိသည် ... သီရိက ... တော်တော့်ကို လှသည် ... မျက်ခုံး ... မျက်လုံး ... နှာတံ ... မျက်နှာပေါက် ... ခန္ဓာကိုယ်အချိုးအစား ... ဘေးကနေကြည့်ရတာ ... တော်တော်လေးကို လှသည် ... အထူးခြားဆုံးက ... သီရိရဲ့ ရင်နှစ်မွှာ ... ထွားသည် ... မို့သည် ... တချက်ကြည့်ပြီးရင် ... မျက်စိမခွာနိုင်လောက်အောင် ... ထွားသည် ... ဘရာစီယာခွက်ပဲ ကြီးနေတာလား ... တကယ် ရင်သားကြီးတာလား ... ချွတ်ကြည့်မှ သိမယ်ထင်တယ်နော် ...
"ဟိတ် ... ဘာလို့ ဒီလောက် ... ကြည့်နေတာလဲဟင် ... အရှေ့ကို တည့်တည့်ကြည့်မောင်း"
"အရမ်းလှလို့"
"ဟုတ်လို့လား ... ယွန်းအိနဲ့ ... သီရိ ... ဘယ်သူပိုလှလဲဟင်"
"ယွန်းအိက ... ကလေးတစ်ယောက်လို ... ချစ်ဖို့ကောင်းတာ ... သီရိက ... တကယ့်မိန်းမချော ... ချောတယ်လို့ ပြောရမယ် ... မတူဘူး"
ဒီလိုမျိုး ... မေးခွန်းတွေကို ... နည်းနည်းတော့ ရှောင်တတ်လာပြီ ... မုဆိုး စိုင်သင်ပေါ့ ... စိုင်လှလှတောင့်တောင့်လေး ... သင်ပေးလို့လေ ...
"ကိုခန့်က ... သီရိကို ဘယ်လိုမြင်လဲဟင် ..."
ဟိုက် ... ဘယ်လိုမြင်တယ် ပြောရမလဲ ... လှတယ် ... ချောတယ် ... တောင့်တယ် ဖြောင့်တယ် ... ပြောရမလား ... အတိုချုံးပြောမှရမယ် ...
"အရမ်းလှတယ် ... အရမ်းချောတယ် ..."
"ဟုတ်လို့လား ... ဘယ်လို လှတာလဲဟင်"
"ယောက်ျားလေး တစ်ယောက် ... ငမ်းငမ်းတက် ဖြစ်လောက်အောင် ... လှတယ် ..."
"အဟား ... ကိုခန့်က အရမ်းမြှောက်ပြောတတ်တယ်နော် ... "
"ကျွန်တော်က ... မြှောက်ပင့် မပြောတတ်ဘူးဗျ ... အရှိတရားအတိုင်း ... အမှန်အတိုင်း ပြောပြတာ ... သီရိရဲ့ ... စိတ်နေစိတ်ထားတော့ ... ကျွန်တော် မပြောတတ်သေးဘူး ... တပတ် တလလောက်နေရင်တော့ ... အကဲဖြတ်လို့ရပြီ ..."
"အင်း ... မုန့်ဝယ်ကျွေးမယ်နော် ... သီရိကို ငမ်းတဲ့ ထဲမှာ ... ကိုခန့်လည်း ပါတယ်မှတ်လား"
ဟာဗျာ ... သီရိဆိုတဲ့ ကောင်မလေးက ... ရုပ်လေးလှသလောက် ... သူများကို ချောင်ပိတ်မေးတာ ... တော်တော် အကျင့်ပါနေလားမသိပါဘူး ...
"သီရိရယ် ... မိန်းကလေး တယောက် ... သိပ်လှရင် ... မကြည့်တဲ့ ယောက်ျားရှိလို့လား"
"တကယ်ပြောတာလား ... ဒါဆို ... ကိုခန့် မှောက်ခုံလဲတာ ... သီရိကြောင့်လားဟင် ... ခစ် ... ခစ်"
ချောင်ပိတ်မေးခွန်းတွေက ... မမိုက်ဘူးဗျာ ... အဲဒါမကောင်းဘူးဗျ ... မကောင်းဘူး ... လူတယောက်ကို ... အနုနည်းနဲ့ ... အနိုင်ကျင့်တာ ... ကျွန်တော် သဘောပေါက်လိုက်တာက ... သီရိက ... အလှတရားကြောင့် ... မာနတွေ သွေးနားထင်ရောက်နေတဲ့ ... ကောင်မလေးတယောက်ဆိုတာကိုပဲ ... ကျွန်တော်လည်း ... ရွဲ့ချင်တဲ့ စိတ်က ပေါ်လာတယ် ...
"ဟုတ်တယ် ... သီရိကို အငမ်းလွန်တာ ... မှောက်ခုံလဲတာပဲ ... ဟား ဟား"
"အယ် ... ကိုခန့် နော် ... ဟွန့် ..."
သီရိ ... ရှက်သလိုလို ရွံ့သလိုလိုနဲ့ ... မျက်နှာလေးက နည်းနည်းရဲလာသည် ... ဖြစ်မှာပေါ့ ... မိန်းကလေးတယောက်က ... သူ့နောက်ပိုင်းအလှကို ... ပေါ်တင်ကြီး အငမ်းခံရတာ ... ငမ်းပါကြောင်း ... ကြည့်တဲ့အကြောင်း ... ပေါ်တင်ကြီး ဝန်ခံလိုက်တော့ ... ရှက်သွားတယ်နဲ့ တူတယ် ... မှတ်ထား သီရိရေ ... ကျွန်တော်က ... စိတ်မထင်ရင် ... ရွဲ့တတ်တယ် ... သူ့ဘက်ကို နည်းနည်းတိုးပြီး ...
"ဟိတ် ... တကယ် အိမ်ခေါ်သွားမှာနော် ..."
"ဟင် ... ကိုခန့်နော် ... "
"လိုက်မယ်မှတ်လားဟင်"
သီရိ ... နည်းနည်းလေး ... မျက်နှာလေး ပျက်သွားသည် ... ကြောက်သွားသည့် ပုံစံ ... မျက်နှာနှစ်ခုက ... ပေဝက်လောက်ပဲ ဝေးတော့သည် ... ကျွန်တော် သီရိမျက်လုံးတွေကို ... စိုက်ကြည့်တာ ... ဆယ်စက္ကန့်လောက် ကြာသွားသည် ...
"အို ... ကိုခန့်ကလည်း ..."
"တကယ်ပြောတာ ... သီရိကို ကြည့်ပြီး ... အရမ်း ရင်တွေ ခုန်တယ်ဗျာ ..."
"အို ..."
သီရိ ... အကြည့်ချင်း လွှဲဖယ်သွားသည် ... ငြိမ်သွားသည် ... နည်းနည်း ... စိတ်အိုက်သွားသည့်ပုံ ... ဒီလောက်လှတဲ့ မိန်းကလေးတယောက် ... ဒီလိုမျိုး ရီးစားစကားတွေ ... အပြောခံရတာ မဆန်းပါဘူး ... ဆန်းတာက ... ကားပေါ်မှာ ... နှစ်ယောက်ထဲလေ ... ရှောင်ပြေးလို့လဲမရ ... မသိချင်ယောင် ဆောင်လို့လဲမရ ...
"ဟိတ် တကယ် အိမ်ခေါ်သွားရမှာလားဟင် ..."
"ကိုခန့်နော် ... သိပ်မစနဲ့ ... တကယ်လိုက်ခဲ့မှ ... ဟိုလိုလို ... ဒီလိုလို မလုပ်နဲ့ ..."
"အိုကေ ... ဒါဆို ... အိမ်မပြန်နဲ့တော့နော် ..."
"အင် ... အဲဒီလို မနောက်ရဘူးလေ ... ခစ် ... ခစ်"
"ရော် ... ခက်တော့တာပဲ ... အမိကလည်း ... တကယ်ပြောတာပါဆို ..."
"ဟင့်အင်းနော် ... သီရိက ... ငယ်သေးတယ် ..."
"ဘာငယ်တာလဲဟင် ..."
ကျွန်တော့် စကားက ... နည်းနည်းတော့ လွန်သည် ... မတတ်နိုင် ... မာန မိုးမွှန်အောင် ကြီးနေတဲ့ ကောင်မလေးကို ... နည်းနည်းတော့ ... နှိပ်စက်အုံးမယ် ....
"အို ... ကိုခန့်ကလည်း ..."
သီရိ ... သူ့ကိုသူ ... မလုံမလဲ ... ရင်ဘတ်လေးပေါ် ... လက်ဖိလိုက်သည် ... သီရိ ... ရင်တွေ ခုန်နေပုံရသည် ... သူ့ပစ္စည်းသူ ထွားမှန်း သိပုံရသည် ...
"ကိုခန့်နော် ... သိပ်မဆိုးနဲ့ ... သီရိက ... ရိုးရိုးသားသားခင်တာ ... ဟိုစိတ်ဒီစိတ် မမွေးရဘူးလေ"
"ဘယ်စိတ်ကို ပြောတာလဲဟင်"
"အို ... ပြောလေ ... ကဲလေပဲ ..."
"ကဲမှာပေါ့ ... သီရိက ... သိပ်လှတာကိုး"
"အိုး ... ကိုခန့်နော် ... ဟွန့် ... တိုင်ပြောမယ် ကြည့်နေ"
"တိုင်တလုံး ... ငါးပြား ... ကြိုက်တဲ့လူကိုတိုင် ... တရားသူကြီးတော့ သွားမတိုင်နဲ့နော် ... တခါထဲ လက်မှတ်ထိုးပစ်လိုက်မယ် ... ဟား ဟား ဟား"
အတည်လိုလို ... အရွှန်းလိုလိုနဲ့ ... သီရိကို ကြပ်နေသည် ... မသိရင်ပဲ ... ကျွန်တော့်ပုံစံက ... တခါတည်း ... လက်ထပ်ပစ်လိုက်တော့မယ့်ပုံစံ ...
"အို ... ကိုခန့်နော် ... သိပ်မစနဲ့ ... သီရိ ရှက်လာပြီနော်"
"ဟား ဟား ... အလကားပြောတာနော် ... စိတ်မဆိုးနဲ့"
"တော်တော် အူမြူးနေတယ် ... ဟွန့်"
ဆစ်ကနဲ ... နာသွားပြန်ပြီ ... နောက်တစ်ခါ ... ဆွဲဆိတ်ပြန်တယ် ... သီရိ ... သီရိ ... နောက်တခါ မဆိတ်ရဲအောင် ... ဖက်နမ်းပစ်မှနဲ့တူတယ် ...
"ကိုခန့်ကို ... အကူအညီတခုတောင်းမလို့ ... အရမ်းစတော့ ... မတောင်းတော့ပါဘူး ..."
"အလကား လျှောက်စနေတာ ... ကျွန်တော်ဘာလုပ်ပေးရမလဲ ... ပြောပါ ... အားမနာပါနဲ့"
"ဟိုလေ ... သီရိ ... ပုံဆွဲဖို့ ... စာရွက်တွေရယ် ... ပစ္စည်းတွေရယ် ... ဝယ်ရမယ် ... ဘယ်မှာ ဝယ်ရမလဲဟင်"
"လမ်း ၃၀ မှာ ရောင်းတယ် ... မြို့ထဲလမ်းတော့ ... သိပ်မကျွမ်းဘူးနော် ..."
"အင်း ... သိပြီ ... ထရိတ်ဒါး အောက်ဘက်က ဘလောက် ... "
"အဲဒီပဲ မောင်းလိုက်မယ်နော် ..."
"ဟုတ်"
"သီရိက ... မောင်နှမတွေရှိသေးလား"
"မရှိဘူး ... ကိုခန့်ရဲ့ ... သီရိက ... တဦးတည်းသော သမီး"
"အတူတူပဲ ... ကျွန်တော်လည်း ... တဦးတည်းသော သား"
"ဟယ် ... ဟုတ်လား ... ဒါဆို ... လူဆိုးတွေပေါ့"
"အင်း ... ဒါပေမယ့် ... မိဘတွေက ... မရှိတော့ဘူး ... ပေါင်းတည်က အိမ်မှာ ဆုံးသွားကြတယ် ..."
"ဟင် ... ဟုတ်လား ... သနားပါတယ် ..."
"ဟုတ်တယ် ... သီရိရဲ့ ... ကျွန်တော် စိတ်တအားညစ်လို့ ... လျှောက်စနေတာ ... တမျိုးတော့ မထင်နဲ့နော် ..."
"အာ ... ရပါတယ် ... စိတ်မညစ်ပါနဲ့ ... ကိုခန့်ရဲ့ ... သီရိတို့ရှိပါတယ် ... ပျော်အောင်သာနေနော် ... စိတ်မညစ်ရဘူး"
"အင်း ... ကျေးဇူး"
"အခုကော ... ဘယ်သူနဲ့ နေလဲဟင်"
"ကျွန်တော့် ဘကြီးနဲ့ အတူတူနေတယ် ..."
"ဟုတ်လား ... ဘကြီးက ... အိမ်ထောင်နဲ့လား ..."
"ဟုတ်ဘူး ... လူပျိုကြီး ..."
"ထမင်းစားတော့ ... ဝယ်စားတာလား"
"အင်း ... ဝယ်စားတယ် ... သူလည်း သူကြိုက်တာ ဝယ်တယ် ... ကျွန်တော်လည်း ... ကျွန်တော်ကြိုက်တာ စား"
"နောက်နေ့ ... ထမင်းဘူး ပိုထည့်လာပေးမယ်နော် ... စားမယ်မှတ်လား"
"သီရိ ကျွေးရင် ... အကုန်စားမယ်"
"အို ... ကိုခန့်နော်"
သီရိမျက်နှာ ... ရဲကနဲ ပြန်ဖြစ်သွားတယ် ... ရော် ... အထအန သိပ်ကောက်တာပဲ ... ထမင်းကို ပြောတာပါဗျ ... ထမင်းကို ပြောတာ ... ဒီလို... မထိတထိလေးတွေ ပြော ... သီရိကလည်း ... မထိတထိလေး ပြန်ပြော ... ကြာရင် ... ထိသွားတော့မယ်နဲ့ တူပါရဲ့ ... မြို့ထဲရောက်လာတော့ ... စကားစ ပျက်သွားသည် ... မြို့ထဲက ... ကားတော်တော်ရှုပ်သည် ... ထရိတ်ဒါးနောက်ဘက်မှာ ... ကားရပ်လိုက်သည် ... သီရိ အရင်ဆင်းသည် ... ဆိုဖာခုံလေးကနေ အထမှာ ... ကျွန်တော် မသိမသာလေး လှမ်းကြည့်လိုက်သည် ... သီရိ ဖင်လေးက ... လုံးလုံးတောင့်တောင့်လေးဗျ ... ကားတက်နေတာပဲဗျာ ... ကားထဲကထွက်တော့ ... သီရိအနောက်ပိုင်းလေးက ... သိသိသာသာ ကောက်ပြီး ... နောက်ကို ပစ်ထားသလိုဖြစ်နေသည် ... အနီးကပ် မြင်ခွင့်ရတော့ ... သက်ပြင်းကို ခပ်ပြင်းပြင်းချပစ်လိုက်တယ် ... ဟင်း ... ဘယ်ဘဝက ကုသိုလ်အဟုန်တွေကြောင့် ... ဒီကောင်မလေး ... ဒီလောက်လှပြီး တောင့်နေတာလဲ မသိပါဘူးဗျာ ... လမ်း ၃၀ ဘက်ကို ကူးလာသည် ... ကားတွေက ကြပ်ညပ်နေတာပဲဗျာ ... ကျွန်တော် ဒုက္ခ ရောက်ပြီ ... လမ်းမကူးတတ်ဘူးဗျ ... မကူးရဲဘူးဗျာ ... ဝေါကနဲ ... ဝေါကနဲ ... သွားနေတဲ့ ကားတွေ ကြား ဘယ်လို ဘယ်လို ကူးရမှန်းကို မသိတော့ပါဘူး ...
"လာလေ ... ကိုခန့် ... မြန်မြန် ..."
သီရိ ... ကျွန်တော့်ကို ကြည့်ပြီး ... သဘောပေါက်သွားသည် ... တောသား မြို့ရောက်တော့ ... ဘယ်ကူးတတ်ပါ့မလဲ ...
"လာ ... မြန်မြန် ... သီရိနောက်ကလိုက်ခဲ့လေ ..."
လိုက်ခဲ့လေ ... ဆိုပေမယ့် ... မလိုက်ရဲဘူးဗျ ... ကားတွေက ဝှီးကနဲ ဝှီးကနဲ ဖြတ်နေတာ ... ကြောင်တောင်တောင်နဲ့ ရပ်နေတဲ့ ကျွန်တော့်ကို ... သီရိ ... စိတ်မရှည်တော့ ... ဆက်ကနဲ လက်ကို ... ဆွဲပြီး ... လမ်းကူးတော့သည် ... ဒါကြောင့်ပြောတာ ... မိန်းကလေးတွေက ... ယောက်ျားလေးတွေထက် သတ္တိပိုရှိပါတယ်လို့ ... ကျွန်တော့်လက်ကို ... ဆွဲပြီး ... ဟိုဘက်ရောက်တဲ့အထိ ... မလွှတ်သေးဘူးဗျ ... ကျွန်တော်လေ ... ရင်တွေ တအားခုန်တာပဲဗျာ ... ကောင်မလေးတယောက်က ... လက်ဆွဲပြီး ... ကားလမ်းကူးတာ ... ဒါပထမဆုံးပဲဗျာ ... အရမ်းကို ... စိတ်လှုပ်ရှားမိပါတယ် ... နူးညံ့တဲ့လက်ကလေးကို ... ကိုင်ပြီး ... တဒိတ်ဒိတ်နဲ့ ... ကားလမ်းကူးတာ ... ကျွန်တော့်တသက်မှာ စိတ်အလှုပ်ရှားဆုံး အချိန်လေးပါပဲ ... သီရိလက်ကလေးက ... နွေးနွေးလေး ... ကြင်နာမှုတွေပါတဲ့ လက်ကလေးကို ... ကျွန်တော် ... မလွှတ်ပဲ ကိုင်ထားတုန်းပဲ ... တကယ်ပါ ... မလွှတ်ချင်ပါဘူး ...
"ကိုခန့် ... လက်ကိုလွှတ်အုံးလေ ..."
"ဟင့်အင်း ... မလွှတ်ချင်တော့ဘူး"
"အွန် ... လွှတ်ပါ ... ကိုခန့်ရယ် ... လူတွေအများကြီး ကြားထဲမှာနော် ... ဟင့်"
သိပ်လှတဲ့ ... သီရိမျက်နှာလေး ... ညိုသွားသည် ... အသံလေးကလည်း တိုးသွားသည် ...
"လွှတ်ပါနော် ..."
ဆောင့်ရုန်းလိုက်ချင်ရပေမယ့် ... သီရိ မရုန်းသေး ... ကျွန်တော်ကလည်း မလွှတ်သေး ...
"တသက်လုံး ကိုင်ခွင့်ပေးပါလားဗျာ ... နော် ... သီရိ ... ကျွန်တော်လေ ... သီရိကို ..."
"ဟိုးဆရာ ... ဟိုးထား ... ဟိုမှာကားလာနေပြီ ..."
ကျွန်တော် လှည့်ကြည့်လိုက်တုန်း ... သီရိ ... ဇတ်ကနဲ ... ရုန်းပြီး ... လမ်းထဲကို ခပ်သွက်သွက် ပြေးတော့သည် ... လူလည်မလေး ... သီရိ ... ကျွန်တော့်ကို လှည့်စားတယ် ... သီရိမျက်နှာလေးကို ... ရိပ်ကနဲ လှမ်းမြင်လိုက်ရသည် ... ရှက်ရွံ့စွာ ရင်ခုန်နေတဲ့ ... မျက်နှာလေး ... အထိအတွေ့က ... ကျွန်တော့်ရဲ့ စိတ်ကို ... ယိမ်းယိုင်စေသလား ... ကျွန်တော်မပြောတတ် ... အစက ... ယွန်းအိကို ... စိတ်ထဲမှာ တော်တော်နှစ်သက်မိသည် ... အခု ... သီရိ ... ချစ်တယ်လို့ ဖွင့်ပြောဖို့ စကားလေးပဲ ကျန်တော့သည် ... ကျွန်တော့် စိတ်တွေက ယိမ်းယိုင်လွယ်တာလား ... ဒါမှမဟုတ် ... သိပ်လှတဲ့ သီရိက ... ညှို့ယူဖမ်းစားနိုင်တာလား ... ကျွန်တော့်စိတ်ပဲ ဖြစ်မှာပါလေ ... သိပ်လှတဲ့ လူလည်မလေး သီရိ ... ခပ်ကော့ကော့နဲ့ ... အရှေ့ကလျှောက်သွားတာကို ... မနည်းမှီအောင် ... လိုက်ရင်း ... သီရိ နောက်ပိုင်းလေးကို ... စိုက်ကြည့်မိပြန်သည် ... လှသည် ... တောင့်သည် ... တင်သားဆိုင်လေး ... နှစ်ခုက ... သီရိအပျိုစစ်စစ်ပါလို့ သက်သေခံနေသည် ... ခပ်သွက်သွက်သွားပေမယ့် ... ယမ်းခါမနေ ... ဝေ့ကနဲ ဝိုက်ကနဲ ... သိမ့်ကနဲ ... စကောဝိုင်းလေးလို ... အောက်ကို ကျပြီး အပေါ်ကို ပြန်ပြန်တက်သွားသည် ... သီရိတင်သားဆိုင်လေး ... အောက်ကို ... အိကနဲ ကျသွားတဲ့အချိန်မှာ ... ကျွန်တော့်ရင်ထဲ ... သိမ့်ကနဲ ဖြစ်သွားပါတယ် ... တကယ်ပါဗျာ ... တင်သားဆိုင်လေး ပြန်တက်သွားတဲ့အချိန် ... ရင်ထဲမှာ ... ဒုန်းကနဲ ရင်ခုန်သွားတယ် ... လှတယ်ဗျာ ... သိပ်လှတယ် ...
စာရေးကိရိယာဆိုင်ထဲ ... သီရိဝင်သွားမှ ... ကျွန်တော့် စိတ်တွေ ... နည်းနည်း ပြန်ငြိမ်သွားသည် ... မကောင်းပါဘူးလေ ... သီရိ ... A3 စာရွက် တလိပ် ... တီ ပေတံ ... ဝယ်တယ် ...
"ကိုခန့် ... ပုံဆွဲဖို့ ... ဘာတွေလိုသေးလဲဟင် ... "
"compass နဲ့ pencils လိုတယ် ... ruler ကောင်းကောင်းလိုတယ်"
"ဘယ်တံဆိပ် ဝယ်ရမလဲဟင်"
"STAEDTLER ဝယ်လေ ... ကိုလည်း ... ဒါပဲသုံးတယ်"
ဟဲ ဟဲ ... ခပ်တည်တည်နဲ့ ... ကိုယ့်ကိုကိုယ် ကို လို့ သုံးကြည့်လိုက်တယ် ... သီရိ ... ဆတ်ကနဲ ကျွန်တော့်ကို ... လှန်ကြည့်တယ် ... သူ့အကြည့်က ... ဘာမှလည်း မဆိုင်သေးပဲနဲ့ ... ဒီလိုပြောရလားပေါ့ ...
ဘောက်ချာဖြတ်တဲ့ ကုလားက ... တော်တော် စကားရှည်တယ် ... ဘာယူအုံးမလဲ ... ဟိုဟာလိုသေးတယ် ... ဒီဟာလိုသေးတယ် ... သူပြောတိုင်း ... သီရိက ... ကျွန်တော့်ကို လှမ်းလှမ်းကြည့်တယ် ... ထောက်ခံမဲတောင်းနေတာ ... လိုအပ်သလား ... ယူသင့်သလား ... ပေါ့ ... လိုအပ်တာလေး နည်းနည်းဝယ်ပြီး ... ကျွန်တော်တို့ ပြန်ထွက်လာတယ် ... သီရိ ဝယ်သမျှအထုပ်တွေကို ... ကျွန်တော်ပဲ ဆွဲတယ် ... ယောက်ျားလေးပဲဗျာ ... ဒီလောက်တော့ ... လုပ်သင့်ပါတယ် ... ဟုတ်ဘူးလား ... ဒီတခါတော့ ... ကားလမ်းကူးတာ ... ကျွန်တော်သေပြီ ... ကျွန်တော် မကူးရဲဘူး ... ခုနက သီရိ ဆွဲခေါ်သွားတော့ ... အလွယ်တကူပဲ ... အခုတော့ ... ကျွန်တော် မကူးရဲ ... မကူးတတ် ... သီရိလမ်းကူးတာ တဝက်ရောက်သွားပြီ ... စိတ်ထင့်သွားတယ်နဲ့ တူတယ် ... ကျွန်တော့်ကို ... ပြန်လှည့်ကြည့်တယ် ...
"လာလေ ... ကိုခန့် ... မြန်မြန်"
ကျွန်တော် ဘာစကားမှ ပြန်မပြောတတ် ... တကယ်ပါဗျာ ... ကျွန်တော် ... အရမ်းငိုချင်လာတယ် ... ခြေထောက်တွေက ... တလှမ်းဆို ... တလှမ်းမှ ရွှေ့လို့မရဘူးဗျာ ...ချီတုံချတုံနဲ့ ... မကူးရဲဘူးဗျာ ... မကူးရဲဘူး ...
သတ္တိနည်းတယ်ပဲပြောပြော ... တကယ်ကို ... မကူးရဲတာဗျာ ... သီရိ ... ပြန်လှည့်လာတယ် ... ကျွန်တော် အရမ်းဝမ်းသာသွားတယ် ... ကယ်တင်ရှင်မလေး ... ကျွန်တော့်လက်ကို အတင်းဆွဲပြီး ...
"မြန်မြန်ကူး ... ဟိုမှာ မီးပွိုင့်စိမ်းသွားပြီ ..."
ညာဘက်ကနေ ... ကားတွေ ဝေါကနဲ ပြေးချလာသည် ... သီရိက ရှေ့ကပြေး ... ကျွန်တော်က နောက်က ပြေး ... မိုင်ကုန်ပဲ ... ကျွန်တော်ဗျာ ... ဝမ်းသာတယ် ... အရမ်းဝမ်းသာတယ် ... ဒုက္ခရောက်တဲ့အချိန်မှာ ... ကိုယ်ချစ်တဲ့သူက ... ပြန်လာခေါ်တဲ့ ... ခံစားချက်ကို ... ဒီတသက်မေ့မှာမဟုတ်ဘူး ... သီရိလက်ကို ... ခပ်တင်းတင်းကိုင်ထားရင်း ... ဝမ်းသာပီတီကြောင့် ... ကျွန်တော့် ခြေထောက်တွေ ... ကတ္တရာလမ်းနဲ့ ထိတယ်လို့ ... မထင်ဘူးဗျာ ... ဟိုဘက်ခြမ်းက ... လူတချို့ကလည်း ... ကျွန်တော်တို့ကို ... ဝိုင်းကြည့်တယ် ... သိပ်လှတဲ့ ကောင်မလေးက ... လမ်းတဝက်ကနေ ... ကောင်လေးကို ပြန်လာခေါ်ပြီး ... ပြေးတယ် ... အားကျတဲ့အကြည့်တွေကို ... ကျွန်တော် သေချာမြင်လိုက်ပါတယ် ... အရမ်းကို ကျေနပ်တယ်ဗျာ ... ကျေနပ်တယ် ... ကျွန်တော်လေ ... ပျော်လွန်းလို့ ... မျက်နှာက ပြုံးဖြီးဖြီး ဖြစ်နေမှာပဲဗျာ ...
"ကိုခန့်က ... ကားလမ်း မကူးတတ်ဘူးလား"
"ဟင့်အင်း ... ကူးတတ်ဘူး"
"ဘာဖြစ်လို့လဲဟင် ... ကြောက်လို့လား"
"အင်း ... ကားတွေက ဝှီးကနဲ ဝှီးကနဲ ဖြတ်နေတာ ... မကူးတတ်ဘူးဗျာ ... သီရိလာခေါ်လို့ ... နို့မို့ဆို ... မလွယ်ဘူး ..."
"အားကိုးတယ်ပေါ့ ... တော်တော်ဟုတ်တယ် ... သီရိက ... အားကိုးရမလား မှတ်တယ် ... ကိုခန့်က ... ဆိုးတယ်နော် ..."
"မဆိုးပါဘူးဗျာ ... နယ်ကလာတော့လေ ... အကျင့်မရသေးလို့ပါ ..."
"တော်ပါ ... ကားလမ်းကူးတတ်မှ ... ရီးစားစကား လာပြော ... ခစ် ခစ်"
"တကယ်ပြောတာလား ..."
"အင်း ... လက်လွှတ်အုံး ..."
"ဟင့်အင်း ... တသက်လုံး သီရိလက်ကို ကိုင်ထားချင်တယ် ..."
"အပိုတွေ ... လမ်းဖြင့်မကူးတတ်ပဲနဲ့ ... လွှတ်ပေးကွာ ... သီရိ ရှက်လာပြီ ..."
"ဆောရီး"
"မစောတော့ဘူး ... ၄ နာရီခွဲကျော်နေပြီ ..."
"ဟား ဟား ဟား"
"ဘာရီတာလဲ ..."
"ကျွန်တော် အရမ်း ဝမ်းသာတယ် သိလား ... သီရိ ပြန်လာခေါ်တာကိုလေ ... အရမ်းဝမ်းသာတယ် ..."
"ခစ် ခစ် ... လမ်းမကူးတတ်တဲ့ တောသား ..."
လမ်းမကူးတတ်တဲ့ ... တောသားကို ... မြို့သူလှလှလေးက ... လက်ဆွဲပြီး ပြေးတယ်လေ ... ဟဲ ဟဲ ... ကျွန်တော့်စိတ်တွေ ... အရမ်းပျော်နေတယ်ဗျာ ... ကားပေါ်တက်ထိုင်ပြီး ... အထုပ်တွေနောက်ထဲထည့်တော့ ... ကျွန်တော်ကလည်း အလှည့် ... သီရိကလည်း အလှည့် ... သီရိမျက်နှာလေးနဲ့ ... ကျွန်တော် တော်တော်လေး ကပ်သွားတယ် ... သီရိရဲ့ ဝင်လေထွက်လေ ... နွေးနွေးလေးက ... ကျွန်တော့်ပါးကို လာထိတယ် ... တစက္ကန့် ... နှစ်စက္ကန့် ... သုံးစက္ကန့် ... ရုတ်တရက်ဗျာ ... ကမ္ဘာကြီး ရပ်သွားသလိုပဲ ... ကျွန်တော်လေ ... အချိန်တွေကို ရပ်ဆိုင်းလို့ရရင် ... ဒီအတိုင်းလေးပဲ ရပ်ထားပစ်လိုက်ချင်ပါတယ် ... အရင်ဆုံး လွှဲဖယ်လိုက်တာက ... သီရိ ...
"ခန့်နော် ... လမ်းလယ်ကောင်ကြီးမှာ"
ခန့် ... တဲ့ဗျာ ... ကို တလုံး မကြားမိတာလား ... ပြုတ်ကျန်ခဲ့တာလား ... မဖြစ်နိုင်ဘူး ... ဒီလောက်ကပ်ကပ်လေး ပြောတာကို ... တမင်သက်သက် သီရိ ချန်ခဲ့တာ ... သေချာတယ် ... ဟာဗျာ ... လှိုက်ကနဲ ဝမ်းသာသွားတဲ့ ... စိတ်ကို ... ဘယ်လို ပြောရမှန်းကို မသိတော့ပါဘူး ...
"ခန့် တလုံးပဲ ခေါ်တာလားဟင် ..."
ကျွန်တော်က မသေချာမှာစိုးလို့ ... သီရိမျက်ဝန်းလေးကို ... သေချာစိုက်ကြည့်လိုက်တော့ ... သီရိ အကြည့်လွှဲသွားပြန်တယ် ... ဒါပေမယ့် ... နှုတ်ခမ်းဖူးလေးက ...
"အင်း ..." တဲ့ ...
သီရိနဲ့ ... ကျွန်တော် ပိုရင်းနှီးသွားတယ်လို့ ခံစားမိပါတယ် ... ဝမ်းသာလိုက်တာဗျာ ... ပျော်ရွှင်ခြင်း ... ကြည်နူးခြင်း ... ချစ်ခြင်းတွေကြောင့် ... ကျွန်တော့် စိတ်တွေ လေထဲ လွင့်နေသလို ခံစားရပါတယ် ...
"သီရိလက်ကို ... တသက်လုံး ကိုင်ထားခွင့် ဘယ်တော့ရမှာလဲဟင်"
"တို့ ပြောပြီးပြီပဲ ... ကားလမ်းကူးတတ်မှလို့ ..."
"တကယ်လား ..."
"တကယ်ပေါ့ ... ခန့်ရဲ့ ... သီရိ မလိမ်တတ်ဘူး ... ဟာကွာ ... မမေးနဲ့တော့ ... သီရိ အရမ်းရှက်လာပြီ ..."
"ဟား ဟား ဟား ... အရမ်းပျော်တယ် ... နော် ... သီရိ"
"ခစ် ... ခစ် .. ခစ် ... တော်ပါ ..."
သီရိ ... ရှက်လွန်းလို့ထင်ပါရဲ့ ... ဟိုဘက်လှည့်ပြီး ... အပြင်ကို ကြည့်နေတယ် ... မျက်နှာလွှဲထားတဲ့ ... မျက်နှာလေးက ... ရှက်သွေးတွေ ယှက်ဖြှာလို့ နေသည် ... ချစ်တယ် သီရိရယ် ... ချစ်တယ် ... ဘောက်စဂွန်ကားလေးက ... အချစ်တွေ လျှံကျနေလို့လား မသိပါဘူးဗျာ ... ရွှတ်ကနဲ ... မြေနီကုန်းရောက်သွားသည် ... ဟာဗျာ ... မြန်လိုက်တာ ... သီရိ အိမ်နားရောက်တော့မယ် ...
"လမ်းထိပ်မှာပဲ ... ရပ်လိုက်နော် ... ခန့် "
"အင်း ... သီရိအိမ်ကို လိုက်ပို့ပေးမယ်လေ"
"ဟင့်အင်း ... မေမေ ဆူလိမ့်မယ် ... နားလည်တယ်မှတ်လား"
"အင်း ... ဖုန်းနံပါတ်ပေးအုံးလေ ..."
"တို့ ဆက်လိုက်မယ်နော် ... ဒီမှာရေးပေး ..."
"အင်း ... သီရိ ... မနက် ကျောင်းဘယ်လိုသွားမှာလဲဟင် ..."
"၂၁၆ လိုင်းကားစီးသွားမယ်လေ ... "
"ဟင့်အင်း ... သွားနဲ့ ... ကို လာကြိုမယ် ... ၆ နာရီ ... ဒီနေရာမှာပဲ စောင့်နေ ..."
"အင်း ... ၆ နာရီနော် ... စောင့်နေမယ် ..."
"သီရိ ... တို့က ... တကယ်ချစ်တာနော် ... ပြန်ချစ်မယ် မှတ်လားဟင်"
"တို့ ပြောပြီးပြီပဲ ... လမ်းကူးတတ်မှ ... ရီးစားစကား လာပြောလို့ ... ခစ်ခစ် ... တော်ပါ ... ကားသေချာမောင်းသွားအုံး"
"အင်းပါ ... ချစ်တယ်နော် ... သီရိ"
"သွားတော့နော် ... မေမေ ထွက်လာရင် ... ပြဿနာတက်မှာစိုးလို့ ..."
"ဖုန်းဆက်လိုက် ... စောင့်နေမယ် ..."
"အင်း"
ကားလေးကို ... မောင်းထွက်လိုက်ပေမယ့် ... စိတ်တွေက ... ချစ်သူဆီမှာ ကျန်ခဲ့သည် ... နောက်ကြည့်မှန်ကနေ ... သီရိလက်ပြနေတာကို ... ကျေနပ်သဘောကျပေမယ့် ... သီရိကျန်ခဲ့တာကို ... စိတ်မကောင်းဘူး ... ချစ်ဦးစဆိုတော့လေ ... အချိန်လေးတခု ခွဲနေရတာကို ... ဝမ်းနည်းမိတာ ... ရင်ထဲက ဆန္ဒပါ ... တကယ်လည်း ... ကျွန်တော့်စိတ်ထဲမှာ ... သီရိလက်လေးကို ... တချိန်လုံး ကိုင်ထားချင်တယ်ဗျာ ... ချစ်တယ်ဆိုတဲ့ ခံစားချက်ကို ... အခုမှ စသိပေမယ့် ... ကျွန်တော်လေ ... အချစ်ကို မဝေခွဲတတ်သေးဘူး ... သိပ်လှတဲ့ ... သီရိကို ... ချစ်မိတာ ... သီရိရဲ့ အလှတရားကြောင့်လား ... အတွေ့အထိကြောင့်လား ... မနက်တုန်းက ... ယွန်းအိကို ကျွန်တော် ... စိတ်ဝင်စားမိတာကကော ... ကျွန်တော် ... ယွန်းအိကို ချစ်တာလား ... ကျွန်တော် ချစ်တာ ... ယွန်းအိလား ... သီရိလား ... ဟာဗျာ ... ခေါင်းတွေ ရှုပ်လာပြီ ... အချစ်ဆိုတဲ့ အရာဘယ်လိုမှန်း ဘယ်လိုဆုံးဖြတ်ရမယ်မှန်း ... မသိပေမယ့် ... သေချာတာတော့ သီရိကို ရီးစားစကားပြောခဲ့ပြီးပြီ ... ဘာပဲဖြစ်ဖြစ် သီရိကို ချစ်တယ်ဗျာ ...
အိမ်ပြန်ရောက်တော့ ... ဘကြီးခန့်က ... ဧည့်ခန်းထဲမှာ ... ပုလင်းသေးသေးလေး တခုကို တသသနဲ့ ကြည့်နေပါတယ် ... ပုလင်းလေးထဲက ... အရည်က အပြာရောင် ... တချက်တချက် ... လက်ကနဲ လက်ကနဲ ဖြစ်သွားသည် ... ကျွန်တော်ကတော့ စိတ်မဝင်စားဘူး ... သီရိနဲ့ ကြုံခဲ့ရတဲ့ ကြည်နူးမှုတွေ ဖုံးလွှမ်းနေတဲ့ ကျွန်တော့်စိတ်ကို ... ဘကြီးခန့် ပုလင်းလေးက ... မလွှမ်းမိုးနိုင်ပါဘူးဗျာ ... ဘကြီးခန့်က ... ကျွန်တော့်ကို ကြည့်ပြီး ...
"သား ... ကျောင်းသွားတာ ... အဆင်ပြေရဲ့လား"
"ဟုတ် ... ပြေပါတယ် ... ဘကြီးခန့်ရဲ့ ..."
"ဟုတ်လား ... သားပုံစံက ... တော်တော် အဆင်ပြေလာပုံရတယ် ..."
"ခင်ဗျာ ..."
ကျွန်တော် နည်းနည်းတော့ လန့်သွားသည် ... ဘကြီးခန့်ပုံစံက ဆူတာလည်း မဟုတ် ... ရိတာလည်းမဟုတ် ... သူ ဘာပြောချင်တာလဲ ... ကျွန်တော့်ကားပေါ်မှာ ကောင်မလေး သုံးယောက်ပါလာတာ ... သီရိနဲ့ ... ငြိတိတိဖြစ်ခဲ့တာ ... ဘကြီးခန့်က သိနေတာလား ... မေမေ မသေပြောဖူးတာက ... ဘကြီးခန့်က ... အနံ့အာရုံ ခံနိုင်တယ်တဲ့ ... လူတွေရဲ့အနံ့ကို ခံပြီး လူကောင်းလား ... လူဆိုးလား ... ဘဝဖြစ်စဉ်ကို တခါတလေ ပြောပြပေးနိုင်တယ်တဲ့ ... ကျွန်တော့်ရဲ့ မေမေဘက်က အမျိုးတွေမှာ ... တယောက်ကို တမျိုးစီ ... စိတ်စွမ်းအင်လေးတွေ ပိုင်ဆိုင်ကြပါတယ် ... တခါတလေလည်း ... ပြင်းပြင်းထန်ထန် အာရုံရတယ် ... တခါတလေလည်း ... မရဘူး ... ဆန်းတော့ ဆန်းတယ်ဗျ ... အထူးသဖြင့် ... ဘကြီးခန့်ပေါ့ ... လူတယောက်ကို အာရုံစိုက်ပြီး အနံ့ခံရင် ... မိုင်ထောင်ချီအောင်ဝေးလည်း ... ဘယ်မှာ ရှိတယ်ဆိုတာ သိတယ်တဲ့ ... ငယ်ငယ်က မေမေပြောတုန်းကတော့ ... ပုံပြင်လို့ပဲ ထင်ထားတာ ... အခုတော့ ... ကျွန်တော့်ကိုယ်ပေါ်က အနံ့တွေ ... သူ ရနေပြီ ...
"ဟား ဟား ... ငါ့သားကိုယ်ပေါ်မှာ ... အပျိုနံ့တွေ သင်းထုံနေတယ်လေ ..."
ကျွန်တော့်ကို ကြည့်ပြီး သဘောကျသလိုနဲ့ ... ဘကြီးခန့် ... ပြောတော့ ... ဘကြီးခန့်နားမှာ ထိုင်ပြီး ... ကျွန်တော်လည်း ... ကိုယ့်ကိုကိုယ် နမ်းကြည့်တယ် ...
"ဟုတ်လား ... ကျွန်တော်တော့ဘာနံ့မှ မရဘူး ..."
"အင်း ... သားက ဘယ်ခံစားလို့ရအုံးမလဲ ... ဒါတွေက အလေ့အကျင့်နဲ့ ဆိုင်တယ်လေ ..."
"ဟုတ်ကဲ့ ... ကျောင်းကအပြန် ... ကောင်မလေးသုံးယောက်နဲ့ အတူတူပြန်ခဲ့ပါတယ် ... ဘကြီးခန့် ..."
"ငါ့သားက တယ်စွံပါလား ... ဟေ့"
"မစွံပါဘူး ... ဘကြီးခန့်ရယ် ... အခုမှ သူငယ်ချင်းဖြစ်ကြတာ"
"အင်း ... တခုတော့ သတိပေးမယ် ... သား ... ဂရုစိုက်ရမယ်"
"ဟုတ်ကဲ့ ပြောပါ ဘကြီးခန့် ..."
လူကြီးသူမက ဆုံးမတာကို နာခံရမယ်လေ ... ဘကြီးခန့်ဆိုတာကလည်း ... အလကားနေရင် ဆူပူတာမျိုးတခါမှ မရှိဘူး ... အကျိုးသင့်အကြောင်းသင့် ... ပြောပြသွန်သင်တတ်ပါတယ် ... ဘကြီးခန့်ပြောတာကို ... ကျွန်တော် သေချာ နားထောင်ဖြစ်တယ် ... ဘကြီးခန့်က မျက်စိမှိတ်ပြီး ...
"သားနဲ့ ... အတူတူပြန်လာတဲ့ ကောင်မလေး သုံးယောက်ထဲက ... တယောက်က ... Aphrodite ရဲ့ ကိုယ်နံ့မျိုးဖြစ်နေတယ် ..."
"ခင်ဗျာ ... "
Aphrodite ဆိုတာ ဘာလဲဗျာ ... ကျွန်တော်လည်း မသိဘူး ... အလှကုန်ပစ္စည်းလား ... ဖြစ်နိုင်တယ် ... ပေါင်းတည် ဘုရားပွဲတုန်းက ... အလှကုန်ရောင်းတဲ့ ဆိုင်မှာ ဆိုင်းဘုတ်အကြီးကြီး တွေ့ဖူးတယ် ...
"ဘာပြောတာလဲဟင် ... ဘကြီးခန့် ... ကျွန်တော် မသိလို့ပါ ..."
"အင်း ... Aphrodite ဆိုတာကလေ ... ဂရိနတ်ဘုရားမ တပါးပေါ့ ..."
"ဗျာ ... ဟုတ် ..."
Aphrodite နဲ့ ... သီရိတို့ ဘာဆိုင်လို့လဲဗျာ ... တမျိုးပဲ ... သိပ်နားမလည်တော့ ... ဘကြီးခန့်ပြောတာကို ဆက်နားထောင်ဖြစ်တယ် ...
"ဒီနတ်ဘုရားမက ... လူသားတွေနေတဲ့ ... ကမ္ဘာမြေဆီကို ... ချစ်ခြင်းမေတ္တာရယ် ... အလှတရားရယ် သယ်ဆောင်လာတယ် ..."
"ဟုတ်ကဲ့ ..."
"သူက အရမ်းလှတယ် သား ... ဘယ်လောက်လှသလဲဆိုရင် ... နတ်ဘုရားအချင်းချင်းတောင် ... ဖောက်ပြန်စေလောက်အောင် ... လှတယ် ..."
"နောက် သူက ... အလိုရမက်လည်း ကြီးတယ် ... သစ္စာလည်းမရှိဘူး ... သူ့ယောက်ျား ... နတ်ဘုရား နောက်ကွယ်မှာ ... ဖောက်ပြန်တယ် ... ဇာတ်လမ်းတွေ အများကြီးပဲ ... နောက်ပြီး စိတ်ဆိုးလွယ်တယ် ... အပြစ်ဒဏ်ပေးလွယ်တယ် ..."
"ဟုတ် ..."
"မိန်းကလေး တယောက်မှာ ... Aphrodite ရဲ့ အနံ့မျိုးရရင် ... အများအားဖြင့် ... အဲဒီမိန်းကလေးဟာ ... ရွှေအဆင်းလို လှတယ် ... တော်ရုံယောက်ျားလေး ... မကြည့်ပဲမနေနိုင်ဘူး ... အလိုရမက်ကြီးတယ် ... သစ္စာမရှိဘူး ... အချစ်နောက်ကို ကောက်ကောက်ပါအောင် ... လိုက်တဲ့ သဘောရှိတယ် ... သား"
"ဗျာ ..."
ကျွန်တော် အရမ်းအံ့သြသွားတယ် ... ဘကြီးခန့် ပြောချင်တာ ... နည်းနည်းတော့ နားလည်လိုက်တယ် ... သီရိ ... ယွန်းအိ ... အေးမြတ် ... ဒီသုံးယောက်ထဲက ... တယောက်က Aphrodite နတ်ဘုရားမလို ဖြစ်မယ့်သူလား ...
"Aphrodite ရဲ့ ကိုယ်ရနံ့မျိုးနဲ့ မွေးဖွားလာတဲ့ ကလေးမ တယောက်ကို ... မချစ်ပါနဲ့ မကြိုက်ပါနဲ့ ... တားဆီးဖို့ခက်တယ် ... ဘာလို့လဲဆိုတော့ ... Aphrodite က ချစ်ခြင်းမေတ္တာတရားကို ... ကမ္ဘာမြေကို သယ်ဆောင်လာလို့"
"ဟုတ်လား"
"သူ့ရဲ့ ကိုယ်နံ့ကို ရလိုက်တာနဲ့ ... အချစ်စိတ်တွေ ဝင်သွားတယ် ... တခြားအာရုံတွေ ပျောက်ပြီး ... သူ့ကိုပဲ ချစ်ချင်တဲ့ စိတ်ပဲ ပေါ်နေလောက်အောင် ... ဖမ်းစားနိုင်တယ် ... သတိထားပေါ့သားရယ် ... ဟုတ်ပြီလား"
"အပြစ်ဒဏ်ပေးလွယ်တယ် ... ဆိုတာကကောဟင်"
"သူ့စိတ်အလိုက ... အပြောင်းအလဲ မြန်တယ် ... သူ့ကို ချစ်တဲ့စိတ်လျော့သွားတာနဲ့ ... သူက ပြဿနာတွေ ဖန်တီးလေ့ရှိတယ် သား"
"ဟုတ်ကဲ့ ... သား ဂရုစိုက်ပါ့မယ် ..."
"အေးပါ ... သားရယ် ... အထိအတွေ့ကို ... ဂရုစိုက်ပေါ့ ... ဘကြီးကတော့ ဒါပဲ မှာချင်တယ် ..."
"ဟုတ်ကဲ့ ... စိတ်ချပါ ... ဘကြီးခန့်"
ဇဝေဇဝါနဲ့ ... ကျွန်တော်ထလာပြီး ... ကျွန်တော့အခန်းထဲ ... ရောက်တော့ ... ခေါင်းထဲ ဝင်လာတာက ... သီရိ ... သိပ်လှတဲ့ကောင်မလေးက ... Aphrodite ရဲ့ ကိုယ်ရနံ့မျိုးရှိနေလို့လား ... သီရိနဲ့ အတူတူသွားတဲ့အခါ ... ဘာလို့ ချစ်စိတ်တွေ ယိုဖိတ်လာတာလဲ ... အချစ်ဆိုတာ ကိုယ့်စိတ်နဲ့ ကိုယ်ဖြစ်တာလား ... ဒါမှမဟုတ် ... ဘကြီးခန့် ပြောသလို ... ဖြစ်နေတာလား ... သူနဲ့ ချစ်ရင် ... သီရိကကော သစ္စာရောရှိပါ့မလား ... ကျွန်တော့်စိတ်မှာ ... ချစ်မိလေတော့လည်း ... ချစ်ရသူလေးဘက်ကို ... ဖေးဖေးမမလေးတွေးကြည့်သည် ... သီရိက ... မျက်နှာများတဲ့ ... မိန်းကလေးတော့ မဟုတ်လောက်ပါဘူး ... မာနတော့ နည်းနည်းကြီးတယ် ... လှတာကိုး ... မာနကြီးတာလည်း တမျိုးကောင်းတာပဲ ... တော်ရုံယောက်ျားလေး ... ကပ်လို့မရတော့ဘူးပေါ့ ... ချစ်တယ် ... သီရိရယ် ... ချစ်တယ် ... သီရိနဲ့ ချစ်ပြီးမှ ... ချစ်ငြိုးပြစ်ဒဏ်တွေလည်း ... ပေးချင်ပေးပါစေလေ ... ပေးမှာမဟုတ်ပါဘူး ... သီရိက ... ကျွန်တော့်ကို ... ချစ်လို့ မလုပ်ရက်ဘူးလို့ ယုံတယ် ... ဒီအချိန်မှာ ... ကျွန်တော့်ခေါင်းထဲမှာ ... ယွန်းအိအကြောင်းမေ့သွားတာ ... အမှန်ပါပဲ ... အေးအေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ... ယွန်းအိကို ... စစချင်းတွေ့ပေမယ့် ... အခုတော့ ... ကျွန်တော့်ရင်ထဲမှာ ... သီရိမှ ... သီရိ ဖြစ်နေပါတယ် ... သိပ်လှတဲ့ ... သီရိ ... အခုချိန်ဆို ... ဘာတွေများလုပ်နေမလဲဗျာ ... အာရုံစိုက်ပြီး ... သီရိအကြောင်းလေးကို စဉ်းစားတော့ ... အတွေးထဲမှာ သီရိပေါ်လာသည် ... သီရိ ... ရေချိုးဖို့ ... အင်္ကျီလေးကို ချွတ်နေသည် ... သိပ်လှတဲ့ သီရိမှာ ... စွဲဆောင်အားကောင်းတဲ့ ရင်နှစ်မွှာရှိတာ ... ကျွန်တော်သိပါတယ် ... အရင်တုန်းက ... မိန်းကလေးတွေနဲ့ ပတ်သက်ရင် ... ကျွန်တော့်စိတ်က ရိုးသားပေမယ့် ... အခုတော့ ဆန်းပြားချင်နေပါတယ် ... သီရိရဲ့ လှသွေးကြွယ်နေတာလေးကို ... မြင်မိတွေ့မိတော့ ... ယောက်ျားစိတ်တွေ ... ထကြွလို့လာပါတယ် ... ချစ်ချင်တယ် သီရိရယ် ... ထွားအိတဲ့ ရင်သားတွေက ... လှလိုက်တာဗျာ ... အတွေးထဲက ... သီရိ ရင်နှစ်မွှာက ... ဝင်းမွတ်နေသည် ... ပန်းသစ်တော်သီးလို ... ထွားထွားမို့မို့နဲ့ ... ထိပ်ဖျားလေးက ... ပန်းနီရောင်လေး ... ဂွမ်းပုံလေးထဲမှာ နစ်နေသလို ... သေးသေးလေး ... ဟင်း ... ကျွန်တော့်ရင်တွေ ပူလာသည် ... ချစ်ချင်လာပြီကွာ ... သီရိ ရင်သားလေးကို ပွတ်သပ်ချင်တယ် ... ဖြစ်နိုင်ရင် ... အနမ်းပွင့်လေးတွေ ပေးကြည့်ချင်တယ် ... သီရိက ... ခွင့်ပြုပါ့မလား ... ခွင့်ပြုပါ သီရိရယ် ... နော် ... ရင်နှစ်မွှာကို ဆော့ကစားပြီးရင် ... အောက်က ... တင်သားဆိုင်လေးတွေကိုလည်း ... ကိုင်ကြည့်ချင်တယ် ... ကျောင်းကအပြန် လမ်းလျှောက်တုန်းက ... ဖွံ့ဖွံ့ကားကား ... တင်သားဆိုင်လေးတွေ ... လှုပ်လီလှုပ်လဲ့ ... ဖြစ်နေတာကို ... ပြန်သတိရမိသည် ... ရင်ပူစေတယ်ဗျာ ... စိတ်ကြွစေတယ် ... ဘယ်အချိန်မှ ... သီရိရဲ့ တင်သားဆိုင်လေးတွေကို ... ပွတ်သပ်ခွင့် ရမလဲမသိပါဘူးဗျာ ... ကိုင်ခွင့်ရရင်တော့လေ ... ကျွန်တော့်လက်ဝါးနဲ့ အုပ်ပြီး ... ခပ်တင်းတင်း ကိုင်ကြည့်ချင်တယ် ... လက်ဝါးနဲ့တောင် ဆန့်ပါ့မလား ...
ဖြတ်ကနဲ ပေါ်လာတဲ့ အတွေးထဲမှာ ... ဖောင်းမို့နေတဲ့ ... ပန်းနုရောင် တောင်ကုန်းလေး ... သွယ်သွယ်လျလျ ... ပေါင်တံလေးနှစ်ခုကြားက ... ဝင်းဝင်းမို့မို့လေး ... နုထွားလေးမို့ ... ကိုင်ကြည့်ချင်သည် ... ရွှေအိုရောင် ပြောင်းဖူးမွှေးတွေလို ... အမွှေးနုလေးတွေက ... ပေါက်ခါစ ... သေချာမြင်လိုက်ရတာ ... ညာဘက်ပွင့်ဖတ်လေးပေါ်မှာ ...အနီရောင် အစက်လေးတစက် ... ခဲတံနောက်က ... ခဲဖျက်အရွယ်အဝိုင်းလောက်ရှိတဲ့ ... အမှတ်လေး ... လှလိုက်တာဗျာ ... တကယ်ချစ်ပြီဆိုမှ ... ဟုတ်မဟုတ် ... သေချာအောင် ကြည့်ရမယ် ... အခုတော့ ... နမ်းချင်လာပြီဗျာ ... အော် သီရိ ... သီရိ ... အလှချင်းပြိုင်ရင် ... ဘယ်သူနိုင်ပါ့မလဲ ... ဘကြီးခန့်ပြောသလို ... Aphrodite ဖန်ဆင်းထားတဲ့ သမီးပျိုလားမသိပါဘူး ... သီရိရယ် ... မနက်ဖြန်မနက် ... တွေ့လို့ ... စိတ်မထိန်းနိုင်ရင် ... ဖက်နမ်းပစ်မိလိမ့်မယ် ... အမျက်တော်ရှပြီး ... ပြစ်ဒဏ်ပေးလည်း ... ခံချင်ပါတယ် ... ဖြစ်ချင်တာသာ ဖြစ်ပလေ့စေတော့ ... ကျွန်တော်လေ ... Aphrodite မလေးကို ... ရယူပိုင်ဆိုင်ချင်လာပြီ ... ဆန္ဒတွေကြောင့် ထကြွလာတဲ့ တဏှာကို ... ကျွန်တော် ဘယ်လိုရှင်းရမလဲ ... အတွင်းခံ ဘောင်းဘီအောက်မှာ ... တောင့်တင်းနေတဲ့ ... အောက်ကကောင်ကြောင့် ... ကျွန်တော့် အောင့်လာပါတယ် ... ခန္ဓာကိုယ်က ... အကြောတွေ တင်းလာပြီး ... ရင်တွေလည်း ပူလာပါတယ် ... သွေးသားက တောင်းဆိုလာလို့ ... သွေးကြောထဲမှာ ... ပုရွက်ဆိတ်တွေ လျှောက်သွားနေသလို ... ယားနေတော့ ... ဟာဗျာ ... မဖြစ်သေးပါဘူး ... စိတ်အပြောင်းအလဲဖြစ်အောင် ... ရေချိုးခန်းထဲဝင်ပြီး ... ခေါင်းကနေ ... လောင်းချိုးပစ်လိုက်တယ် ... အေးမြတဲ့ရေက ... ခန္ဓာကိုယ်က အပူတွေကို ... လျော့ကျသွားစေပါတယ် ... ဒါပေမယ့် ... သီရိကို ချစ်တဲ့ စိတ်က ... ဒီရေအလား တိုးလို့သာနေပါတယ် ... ရေချိုးပြီးတော့ ... စာအုပ်တွေထုတ်ပြီး ... စာကြည့်လိုက်တယ် ... အာရုံစိုက်ပြီး စာဖတ်နေရင်း ... ယွန်းအိလေးက ... အတွေးထဲ ရောက်လာပြန်တယ် ... ဟင်း ... ချစ်ဖို့ကောင်းတဲ့ ယွန်းအိကိုလေ ... သိပ်လှတဲ့ သီရိသာ မရှိရင် ... ကျွန်တော် ချစ်မိသွားလိမ့်မယ် ... ကျွန်တော် နှစ်သက်သဘောကျတဲ့ မိန်းကလေးပုံစံမျိုးက ... ယွန်းအိလေးလိုမျိုး ... ချစ်ဖို့လည်း ကောင်းတယ် ... မျက်စိလည်း အေးစေတဲ့ မေ့မေ့လို မိန်းကလေးမျိုးကို ... လိုချင်ပါတယ် ... ယောက်ျားလေးတော်တော်များများက ... သူတို့ရဲ့ အမေနဲ့ တူတဲ့ ... မိန်းကလေးမျိုးကို ... လိုက်ရှာကြတယ်တဲ့ ... အမေ့ရဲ့ နွေးထွေးမှု ... ယုယမှု ... ကြင်နာမှု လိုမျိုးပေးနိုင်တဲ့ ... မိန်းကလေးမျိုးကို ... တောင့်တကြတယ်တဲ့ ... ဒါပေမယ့်လည်း ... ကံဆိုတဲ့ ဇာတ်ဆရာအလိုကျ ... ဖူးစာဖက်ရတာပါပဲ ...
စာအုပ်တွေ ဖွင့်ထားပြီး ... အတွေးတွေက ... တောရောက်တောင်ရောက်နဲ့ ... ဖြစ်နေတုန်း ... ဘကြီးခန့် တံခါးလာခေါက်တယ် ...
"သား ... ဖုန်းလာနေတယ် ... ကောင်မလေး တယောက်ပဲ"
"ဟုတ်ကဲ့ ... ဘကြီးခန့်"
သီရိများ ဆက်တာလား ... ကျွန်တော် ... ဖုန်းသွာကိုင်တော့ ... ခပ်ချိုချိုအသံလေးက ... ယွန်းအိ ...
"ဟယ်လို ... ကိုခန့်လား"
"ဟယ်လို ... ယွန်းအိလား"
"အင်း ... ပြန်ရောက်ပြီပေါ့"
"ပြန်ရောက်ပြီ ..."
"သီရိကို ... သေချာမှ ပြန်ပို့ပေးလိုက်ရဲ့လား"
"အင်း ..."
"ဟိတ် ... မှန်မှန်ပြောနော် ... သီရိကို ကြိုက်လား"
ဘယ်လို ပြောရမလဲဗျာ ... သိပ်လှတဲ့ ကောင်မလေးကို ... မကြိုက်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး ... သီရိကိုလည်း ... ရီးစားစကားပြောပြီးသွားပြီ ... ဒါပေမယ့်ဗျာ ... ကျွန်တော်လေ ... ယွန်းအိကို ... မပြောပြချင်ဘူး ... ဘာကြောင့်ရယ်ဆိုတာ သေချာမသိပေမယ့် ... ယွန်းအိ မသိစေချင်ဘူး ...
"ယွန်းအိကလည်း ... အခုမှ ခင်ကြမင်ကြတာကို"
"အခုမှဆိုတော့ ... စောသေးတယ်ပေါ့ ... နောက်မှပေါ့ ဟုတ်လား"
"ယွန်းအိ ... သိပ်မစနဲ့ကွာ ... အဖြူကို အရောင်မဆိုးရဘူးလေ"
"အင်းပါနော် ... နောက်မှ ... အဲဒီအဖြူကို အရောင်ဆိုးချင်လို့ ... ယွန်းအိရယ် ... ကူညီပါအုံးဆို ... ဟိ ဟိ ..."
"ဟား ဟား ... ပြောလေ ... ကဲလေပဲ ... ယွန်းအိ ... စိတ်ကျေနပ်အောင် ... ပြောပြမယ် ... သီရိက တအားလှတယ် ... အရမ်းကြိုက်တယ် ... ဟုတ်ပြီလား"
"ဟင် ... အဲဒါများ ကိုခန့်ရယ် ... ညနေက အတူတူ ပြန်တာ ... ကားပေါ်မှာ ... အပိုင်ပဲ ..."
"ဟုတ်တယ်နော် ... ဒါပေမယ့် ... ကျွန်တော် မပြောတတ်ဘူး"
"အလိုက်တာ ... ဟိတ် သီရိ ... မင်းတို့ကို ပြန်ချစ်ချင်ချစ် ... မချစ်ရင် ... အိမ်ခေါ်သွားမယ်"
ဟိုက် ... ဗိုလ်အောင်ဒင်လေသံနဲ့ ... ယွန်းအိ ... ကျွန်တော့်ကို လက်ချာလာပေးနေတယ် ... သီရိကို ... ချစ်ခွင့်တောင်းတာ ... လက်တကမ်းအလိုတောင် ရောက်နေတာ သူမသိသေး ... စိတ်ထဲမှာ တဟားဟားရီပြီး ... ကလေးဆန်တဲ့ ... ယွန်းအိပြောသမျှ ... လျှောက်ပြောရင်း ... ဖုန်းချလိုက်တယ် ... ယွန်းအိနဲ့ စကားပြောရင် ... ကျွန်တော့်စိတ်တွေ ... ပျော်ရွှင်ကြည်နူးလာတာ ... ယွန်းအိ အစွမ်းလားတော့ မသိပါဘူး ... ကျွန်တော် ... ဖုန်းမျှော်နေတာက ... သီရိ ... ဆက်တာက ... ယွန်းအိ ...
သီရိ ဆီကဖုန်းကို ... စောင့်ရင်း ... ဧည့်ခန်းထဲမှာ တီဗီ ထိုင်ကြည့်နေတာ ... ၁၀ နာရီလည်း ... မလာသေးဘူး ... ၁၁ နာရီလည်း ... မလာသေးဘူး ... ၁၂ နာရီ ... မျက်စိလည်း ညောင်းလာပြီ ... အိပ်ချင်လာပြီ ... ဘကြီးခန့်ကတော့ ... အိပ်ပျော်သွားပြီ ... အိပ်ခန်းထဲ ပြန်တော့မယ်ဆိုတော့မှ ... ဖုန်းလေးက ... ကလင် ကလင် ထမြည်သည် ... သီရိ ... သေချာတယ် သီရိဆက်တာ ... ဝမ်းသာအားရ ... ဖုန်းကောက်ကိုင်လိုက်တော့ ... ကျွန်တော့် အတွေး မှန်တယ် ...
"ဟယ် ... လို ..."
"ခန့်လား ..."
"ဟုတ်တယ် ... အချစ်"
"ဘာအချစ်လည်း ... ဟွန့် ... သူ့ကိုတောင် အဖြေမပေးရသေးပဲနဲ့ ... လူကိုနော် ... ပိုင်စိုးပိုင်နင်းနဲ့ ... ခန့်နော် ... မအိပ်သေးဘူးလား"
"အိပ်သေးဘူး ... သီရိဖုန်းကို စောင့်နေတာ"
"ဟုတ်လို့လား"
"ဟုတ်တယ် ... သီရိက ဆက်မယ်ဆိုလို့ ထိုင်စောင့်နေတာ ... အိပ်ချင်မူးတူးနဲ့ ... ချစ်တယ် ခန့်ရယ်လို့ များ ပြောမလားလို့ ..."
"ဟား ဟား ... ဖြစ်ရမယ် ... တို့ပြောပြီးပြီပဲ ... ကားလမ်း ကူးတတ်မှလို့ ..."
"ကျွန်တော်တော့ ... သီရိကို အရမ်းချစ်နေပြီသိလား ..."
"အင်း ... ဒါပဲနော် ... မေမေလာနေပြီ ... ၆ နာရီစောင့်နေမယ်"
ဂွပ်ကနဲ ဖုန်းချသွားတော့ ... ကျွန်တော့်ရင်တွေ ဟာကနဲ ဖြစ်သွားသည် ... ချစ်သူလေးနဲ့ ... စကားပြောလို့ ... ဖီလင်လေးက တက်ခါစ ... ဖုန်းကို ... ခွပ်ကနဲ ချသွားသည် ... သီရိပုံစံက ... သူ့အမေကို တော်တော်ကြောက်တဲ့ပုံ ... ယောက္ခကြီးက လွယ်ဘူးနဲ့တူတယ် ...
ပျော်ရွှင်စွာနဲ့ ကျွန်တော် အခန်းထဲ ပြန်လာပြီး ... သွားတိုက် မျက်နှာသစ်ပြီး ... အိပ်ယာထဲမှာ လှဲချလိုက်သည် ... မနက် ၅ နာရီ ထနိုင်အောင် ... နှိုးစက်လေးကို ပေးထားပြီး ... ကြည်ကြည်နူးနူးနဲ့ ... ကျွန်တော် အိပ်ပျော်သွားသည် ... ဖျက်ကနဲ ပြန်နိုးလာတော့ ... ငါးနာရီထိုးဖို့ တမိနစ်အလို ... အိပ်ယာကနေ မြန်မြန်ထ ... ရေမိုးချိုးပြီး ... သပ်သပ်ရပ်ဝတ်ပြီး ... ဘကြီးခန့်ကတော့ ပြုံးစိစိနဲ့ ... ကျွန်တော့်ကို ကြည့်နေတယ် ... ကျွန်တော်လည်း ... ရှက်ကိုးရှက်ကန်းနဲ့ ... ခပ်သုတ်သုတ် ... မြေနီကုန်းဘက် ထွက်လာခဲ့တယ် ...
၅း၄၅ ... ချစ်ရသူလေးကတော့ ... မထွက်လာသေးဘူး ... သီရိထွက်လာမယ့် လမ်းလေးကို .. စောင့်ကြည့်နေရင်း ... ကျွန်တော်ရင်တွေ ခုန်လာတယ် ... သီရိရယ် ... ဘာကြောင့် ... သီရိအကြောင်းတွေးရင် ရင်တွေ ခုန်ရတာလဲ ... ဘာကြောင့် ... သီရိအလှတွေကို ... တွေးမိရင် ... သွေးတွေက ဆူပွက်လာတာလဲ ... မတွေးတတ်ဘူးဗျာ ... ချစ်တယ်ဗျာ ... ချစ်ချင်တယ်ဗျာ ... ကျွန်တော့် စိတ်နှလုံးကို ဖမ်းစားထားတဲ့ ... အချစ်နတ်သမီးက ... ဟော ... လာပါပြီ ... ပန်းနုရောင်ဇာ ဝမ်းဆက်လေးနဲ့ ... လှလိုက်တာဗျာ ... နုထွားတဲ့ ... ရွှေရင်မို့မို့ကို ... ပန်းနုရောင် ဖိုင်လေးနဲ့ ... ရှက်ကိုးရှက်ကန်း ... ကွယ်ထားသည် ... သီရိလမ်းလျှောက်ပုံက ... မော်ဒယ်တွေလို ... မျဉ်းတပြေးတည်း ... ဒါ့ကြောင့်ထင်ပါရဲ့ ... မနေ့က ... သီရိလျှောက်တာ ... အလှုပ်အပြု နည်းနည်းလေး ... ကြမ်းတယ်လို့ထင်တာ ... ပန်းရောင် ဒေါက်ဖိနပ်လေးကို ... စီးထားတဲ့ ... ခြေဖဝါးလေးက ... မျဉ်းတပြေးတည်းကျအောင် ... လှမ်းတော့ ... အနောက်က ... တင်းသာဆိုင်တွေ ... လှုပ်ခါပြီပေါ့ဗျာ ... သိပ်လှတဲ့ သီရိ ... လမ်းလျှောက်လာတာက ... ကျွန်တော့်စိတ်ထဲမှာ ... နတ်သမီးလေး လျှောက်လာသလိုပဲ ... ချစ်ရတဲ့သူဆိုတော့ ... အပြစ်မမြင်ဘူးပေါ့ ... အနားကို နီးလာတော့ ... သီရိမျက်နှာလေးက ... သာမန်လောက်ပဲ ပြင်ထားသည် ... ဒါပေမယ့် ... ကျွန်တော် သိလိုက်တာက ... ပန်းနုရောင် နှုတ်ခမ်းလေး ... ပန်းရောင် ဝမ်းဆက်ဖက်ရှင်လား မသိပါဘူးဗျာ ... သီရိ နှုတ်ခမ်းက မထူမပါး ... အပေါ်နှုတ်ခမ်းက ... ပါးတယ် ... အောက်နှုတ်ခမ်းက ထူတယ် ... နမ်းးချစ်စရာလေးဗျာ ... အသဲယားလာပြီ ... နေအုံးပေါ့ ... သီရိရယ် ... ချစ်တယ်လို့ ... အဖြေပေးတဲ့နေ့ ... အားရအောင် ... နမ်းပစ်လိုက်အုံးမယ်ဗျာ ... စိတ်ဆိုးချင်လည်း ဆိုးပလေ့စေ ... အသဲယားတယ်ဗျာ ...
"ရောက်နေတာ ... ကြာပြီလား ...
"ဟင့်အင်း ကြာသေးဘူး ...
သီရိ ... ကားပေါ်ရောက်တဲ့ အထိ ... စောင့်နေလိုက်တယ် ... ကားပေါ် စွေ့ကနဲ ဝင်လာတော့ ... တင်သားဆိုင်အိအိလေးက ... အိကနဲ ... ပြားသွားသည် ... ကျွန်တော် သက်ပြင်းလေး တချက် ခိုးချလိုက်သည် ...
"အရမ်းလှတယ်နော် သီရိ ... "
"အပိုတွေ ... လာမြှောက်မနေနဲ့ ... မုန့်ဟင်းခါးဝယ်ကျွေးမယ်နော်"
"ခဏလေးနော် ... သီရိ ..."
"ဘာလုပ်မလို့လဲ ..."
"စောင့်ကြည့်နေ ..."
သီရိ ကားပေါ်ကနေ ... ကျွန်တော့်ကို လိုက်ကြည့်နေတယ် ... ကားပေါ်က ဆင်းပြီး ... ပြည်လမ်း ဟိုဘက်ခြမ်းကို ...ကူးလိုက်တယ် ... ကားက ရှင်းတော့ ... အေးဆေးပေါ့ ... ဒီဘက်ပြန်လာတယ် ... ကားထဲဝင်ပြီး ...
"တွေ့လား ... သီရိ ..."
"ဘာလုပ်တာလဲဟင်"
"ကားလမ်းကူးပြတာ ..."
"ခစ် ... ခစ် ... အပိုတွေ ..."
"အဖြေပေးတော့လေ ... ကို ... ကားလမ်းကူးတတ်သွားပြီ ..."
"အံမယ် ... လူလည်တော်တော်ကျတယ် ... ကားမှမရှိတာ ... ကူးရဲတာပေါ့ ..."
"မရဘူး ... မရဘူး ... သီရိပဲ ပြောပြီးတော့ ... ကားလမ်းကူးရဲရင် ... ပြန်ချစ်မယ်ဆို ..."
"အို ... ခန့်နော် ..."
"သီရိနော် ... မညစ်ပတ်ရဘူး ... ကတိတည်ရမယ်လေ ..."
"ဟာ ... မရဘူးလေ ... တို့ပြောတာက ... လမ်း ၃ဝနားက ကူးခိုင်းတာ ... ခန့် ဉာဏ်မများနဲ့နော် ..."
"ဟုတ်သားပဲ ..."
ချစ်လွန်းလို့ လူလည်ကျကြည့်တာ ... ရဘူးဗျ ... သီရိက လည်တယ် ... အဖြေပေးသေးဘူး ... ညစ်ထားတယ် ... သီရိ ကျွန်တော့်ကို ချစ်တာ ... သိသာပါတယ် ... ကျွန်တော် သိတယ် ... ဒီနေ့တွေ့ ... ဒီနေ့ကြိုက် ... ဒီနေ့အဖြေပေးရင် ... တန်ဖိုးမထားမှာ စိုးလို့ထင်ပါရဲ့ ... အချိန်ဆွဲထားတယ် ... ဒါကြောင့်ပြောတာ ... အချိန်က တန်ဖိုးရှိပါတယ်လို့ ... မတတ်နိုင်ဘူးလေ ... စောင့်ရမှာပေါ့ ... ကိုယ်ကချစ်မိနေပြီဆိုတော့လဲ ...
"မုန့်ဟင်းခါး ကြိုက်လား ..."
"အင်း ကြိုက်တယ် ... သီရီလောက်တော့ မကြိုက်ဘူး ..."
"ခန့်နော် ... ခဏခဏပြောနဲ့ ... ဟိုဘက်ကိုမောင်း ..."
ဆစ်ကနဲ ... လက်မောင်းက ... နာသွားသည် ... ချစ်မျက်စောင်းက ... ဒိုင်းကနဲ ရောက်လာသည် ... ဟင်းနော် ... ချစ်ချင်နေတဲ့ လူတစ်ယောက်ကို ... လာဆွပေးနေတယ် ... မျက်စောင်းလေးထိုးကြည့်နေတဲ့ ... သီရိကိုကြည့်ပြီး ... ဖက်နမ်းပစ်လိုက်ချင်တယ် ... ဟင်း ... စိတ်ထိန်း ... စိတ်ထိန်း ...
"ဟုတ်ကဲ့ ခင်ဗျ"
သီရိပြောတဲ့အတိုင်း မောင်းပြီး တနေရာရောက်တော့ ... မုန့်ဟင်းခါးဆိုင်မှာ ... ဝင်စားဖြစ်သည် ...
"သီရိ ဘာစားမလဲ ..."
"ခန့်ကော ဘာစားမလဲ ..."
သီရိက ... ကျွန်တော် ဘာစားမလဲ သိချင်သည် ... ကျွန်တော်ကလည်း ... သူဘာစားမလဲ သိချင်သည် ...
"ညှပ်ခေါက်ဆွဲ ... ဗူးသီးကြော် ... ဟင်းရည်နည်းနည်း ..."
"သီရိရော ..."
"အတူတူပဲ ... စားတော့မယ် ..."
အရင်က သီရိဘာကြိုက်တတ်မှန်းမသိပေမယ့် ... ကျွန်တော် မှာတာကို ... သူလိုက်စားတာ ... ကျွန်တော် ဝမ်းသာသည် ... ကျွန်တော်နဲ့ တသားတည်းဖြစ်ဖို့ ... ကျွန်တော့်အကြိုက်လိုက်စားသည် ဟု ... ထင်သည် ... ဟဲ ... ဟဲ ... ကိုယ့်အထင်နဲ့ ကိုယ်တော့ ဟုတ်နေတာပဲဗျာ ... မုန့်ဟင်းခါး ပုံစံတူ နှစ်ပွဲမှာလိုက်သည် ... မုန့်ဟင်းခါး ... ခပ်သွက်သွက် ... စားပြီးတော့ ... ကျောင်းဘက်ကို မောင်းတော့သည် ... ကားပေါ်မှာ ... တီတီတာတာနဲ့ ... ပလီပလာ စကားများဆိုကြသည် ... သီရိကို မထိတထိ စလိုက် ... သူ ဆွဲ ဆိတ်လိုက် ... ကြာရင်တော့ ... ခက်ရချည်ရဲ့ ... ဟင်းနော် ... ဖက်နမ်းပစ်ချင်စိတ်ကို ... အတင်းထိန်းထားရတယ် ... သိပ်လှတယ် ... သီရိရယ် ...
အကွေ့တစ်ခုမှာ ... ကျွန်တော် ... အရှိန်နဲ့ ကွေ့နေတုန်း ... ဗြုန်းဆို ... ဟိုဘက်က ... ၂၁၆ ကားကြီး ... ပေါ်လာတော့ ... ဆတ်ကနဲ ... ဘေးကို ဆွဲချပစ်လိုက်သည် ... တော်သေးသည် ... ဘာမှ မဖြစ် ... သီရိခန္ဓာကိုယ်လေးက ... အိကနဲ ... ကျွန်တော့်ဘက် ယိုင်ကျလာသည် ... စကားပြောနေရင်း ...ရုတ်တရက်ဆိုတော့ ... တခုခုကို ဖမ်းကိုင်ဖို့ မမှီတော့ ... ပြိုယိုင်လဲကုန်သည် ...
"အရမ်းမောင်းတာပဲ ... ခန့်ရယ် ..."
"ဆောရီး ... လန့်သွားလား ..."
"အင်း ..."
ကျွန်တော် ကားလေးကို ... ရပ်လိုက်တယ် ... လမ်းကလဲ ရှင်းတယ် ... ဘေးဘက်မှာလည်း ကွင်းပြင်ကြီး ... ဘယ်သူမှ မရှိတုန်း ... သီရိကို ကြင်ကြင်နာနာလေး မေးလိုက်တယ် ... သီရိရဲ့ ရွှေရင်နှစ်မွှာက ... အထိတ်တလန့်ကြောင့် ... တသိမ့်သိမ့်တုန်နေသည် ... ဖားဖိုလို နိမ့်လိုက် မြင့်လိုက်နဲ့ ...
"ဆက်မောင်းလေ ... ခန့်ရဲ့ ..."
"အရမ်းလန့်သွား တယ်မှတ်လား ..."
"အင်း"
သီရိက ... ကျွန်တော့်ကို ရွှန်းရွှန်းစားစား ပြန်ကြည့်လို့ ...
"မှန်းစမ်း ... ရင်တွေ တုန်နေလား"
ကျွန်တော်လက်က ... သူ့ရွှေရင်တွေကို ... စမ်းဖို့ လက်မြှောက်ရုံပဲရှိသေးတယ် ... သူ့ရင်နှစ်မွှာကို ... လက်နှစ်ဖက်နဲ့ ကာထားရင်း ... သီရိ ... အတင်းငြင်းတော့သည် ...
"အို ... ခန့်နော် ... လက်ကြီးက ..."
"သီရိ ... ကို လေ ... သီရိလက်လေးကို ... မနေ့ကလိုပဲ ကိုင်ထားချင်တယ် ..."
"ဟွန့် ... အဖြေမှ မပေးရသေးတာကိုကွယ် ..."
"မရဘူး ... ကို အရမ်းကိုင်ချင်တယ် ... တမိနစ်လောက် ပေးကိုင်ပါနော် ..."
ကျွန်တော့်ရဲ့ ... ပြင်းပြတဲ့ ဆန္ဒကို ... သူနားလည်တယ် ထင်ပါရဲ့ ... ချစ်ရည်ရွှမ်းတဲ့ အကြည့်နဲ့ ... ၃ စက္ကန့်လောက် ... စိုက်ကြည့်တယ် ...
"ခန့်က ... တို့ကို ... တကယ်ချစ်တာလား"
"အင်း ... ချစ်တယ် ..."
"တို့ကို ... တကယ်လက်ထပ်နိုင်ပါ့မလား"
"အခု လက်ထပ်ပြရမလား ..."
"ဟုတ်လို့လား ... တို့က အပျိုမဟုတ်ဘူးနော် ... "
"ဟား ဟား ... သီရိက အပျိုမဟုတ်လို့ ... တခုလပ်ဖြစ်ဖြစ် ... တလင်ကွာဖြစ်ဖြစ် ... ကျွန်တော့်ကိုချစ်လို့ ... သစ္စာရှိမယ်ဆို ... ယူမယ်ဗျာ ... ဒီအတွက် ဘယ်တော့မှ စိတ်ထဲမထားဘူး ..."
"တယ်ဆိုတဲ့ စာပါလား ..."
"စာဆိုမဟုတ်ဘူးဗျာ ... တကယ်ချစ်တာ ... သီရိက မယုံလို့လား ..."
"ယုံအောင် ဘယ်လိုသက်သေပြမလဲဟင်"
"အင်း ... ယုံအောင် ... ဒီလိုပြမယ်လေ ..."
"သီရိမျက်စိမှိတ်လိုက် ..."
"အင်း ... မှိတ်လိုက်ပြီ ..."
"ခိုးမကြည့်ရဘူးနော်"
"အင်း ..."
မျက်စိမှိတ်ထားတဲ့ ... သီရိ မျက်နှာလေးနဲ့ ကပ်အောင် တိုးသွားလိုက်သည် ... ပန်းနုရောင် နှုတ်ခမ်းဖူးလေးကို ... နမ်းချင်လိုက်တာဗျာ ... တိုးတယ် ... တလက်မချင်း တိုးကြည့်တယ် ... ဆီးစေ့လောက်အကွာအဝေးမှာ ... ကျွန်တော်ရပ်လိုက်တယ် ... သီရိရယ် ... အနားကပ်တာနဲ့ ... ကျွန်တော့် တကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထသွားသည် ... ကျွန်တော့်ပုံစံက နမ်းသည်လည်း မဟုတ်သေး ...
"ခန့် ... ဘာတွေလုပ်နေတာလဲဟင် ... ကြက်သီးတွေထလာပြီ ... အို ... ခန့်နော် ... "
ဟုတ်ပဗျာ ... သီရိ တကိုယ်လုံး ... ကြက်သီးဘုလေးတွေ ထလာသည် ... ကြက်သီးလေးထလာတော့ ... သီရိ မနေနိုင် ... မျက်စိလေးဖွင့်လိုက်တော့ ... မျက်နှာချင်းက ကပ်တော့မတတ် ... သီရိ မျက်နှာလေး လွှဲဖို့ ကြိုးစားလိုက်သည် ... ရင်ထဲမှာ ... ဟာကနဲ ဖြစ်သွားပေမယ့် ... လွှတ်ပေးလိုက်ပါသည် ... ကျွန်တော့်စိတ်ကို ကျွန်တော် နိုင်အောင် ထိန်းပြီး ... ဆုံးဖြတ်လိုက်သည် ... ချစ်သူက ခွင့်ပြုချက်မရမချင်း ... မထိမကိုင်ပါလို့ ...
"ခန့်နော် ... ဘာတွေ လျှောက်လုပ်မှန်းမသိဘူး ... ရင်တွေ အရမ်းခုန်တာပဲကွာ ..."
"ရင်တွေ အရမ်းခုန်တာ ... အရမ်းချစ်လို့တဲ့ ... ယုံပြီလား"
"ဟွန့် ... တော်တော် တတ်တယ် ... ဘာလို့ ... တို့ကို ... မနမ်းတာလဲဟင်"
"အရမ်းချစ်လို့ ..."
"အို ..."
"မယုံရင် ... သီရိလည်း ပြန်စမ်းကြည့်လေ ... တို့က ချစ်လား မချစ်လား ... သိရအောင်"
"အပိုတွေ ... ခစ် ... ခစ် ... ခန့်ကို ... မယုံဘူး ... စမ်းကြည့်မယ်"
"စမ်းကြည့်လေ ..."
"မျက်စိကို မှိတ်"
"အင်း ... မှိတ်လိုက်ပြီ ..."
"ခိုးမကြည့်ရဘူးနော်"
"အင်း ..."
ရီတော့ ရီရတယ် ... သီရိက ... ကျွန်တော်ပြောသလိုမျိုးပြော ... ကျွန်တော်ကလည်း ... သူပြောသလို ပြန်ပြော ... ဟား ဟား ... သီရိ ... ကျွန်တော့်မျက်နှာနားကို ကပ်လာသည် ... မျက်စိမှိတ်ထားပေမယ့် ... ကျွန်တော် သိတယ် ... ဟာဗျာ ... ကြက်သီးတွေ ထလိုက်တာဗျာ ...
သီရိနှုတ်ခမ်းလေး ... ကျွန်တော့် နှုတ်ခမ်းကို ကပ်လိုက်တဲ့ အချိန်မှာ ... ကျွန်တော့်ရင်တွေ ... ဗြောင်းဆန်သွားတယ်ဗျာ ... ထိတော့မယ် ... သိတယ် ... ထိပြီ ... ထိတယ် ... နှုတ်ခမ်းနှစ်ခု ... အိကနဲ ကပ်သွားတယ် ... သိလိုက်တဲ့အချိန်မှာ ပြန်ကွာသွားတယ် ... တကယ်ပါ ... ငါးစက္ကန့် ... ဆိုတဲ့ အချိန်လေးက ... ကျွန်တော့် တသက်တာမှာ ... အကျေနပ်ဆုံး အချိန်တခုလို့ ပြောလို့ရပါတယ် ... သီရိပေးတဲ့ ... အနမ်းဦးကို ... ဘယ်တော့မှ မမေ့ဘူးဗျာ ... မမေ့ဘူး ... ကျွန်တော်သေသွားရင်တောင် ... မှတ်မိနေအုံးမှာ ... ချစ်ပါတယ်ဆိုတဲ့ အဖြေကို ... သိပ်လှတဲ့ ... သီရိက ... ဒီလိုလေး ပြန်ပေးတော့ ... ကျွန်တော့် ရင်တွေ တသိမ့်သိမ့်တုန်သွားသည် ... အရမ်းကျေနပ်တယ်ဗျာ ... ကျေနပ်တယ် ... ချစ်တတ်လိုက်တာ ... သီရိရယ် ...
"သီရိနော် ... ဘာတွေ လျှောက်လုပ်မှန်းမသိဘူး ... ကို့ ရင်တွေ အရမ်းခုန်တာပဲကွာ ..."
"ရင်တွေ အရမ်းခုန်တာ ... အရမ်းချစ်လို့တဲ့ ... ယုံပြီလား"
"ဟွန့် ... တော်တော် တတ်တယ် ... ဘာလို့ ... ကို့ကို ... နမ်းတာလဲဟင်"
"အရမ်းချစ်လို့ ..."
"တကယ်လား"
"တကယ်ပေါ့"
"တခါလောက် နမ်းချင်တယ်ကွာ"
"ဟင့်အင်း ... နမ်းနဲ့ ..."
"မရဘူး ... နမ်းလိုက်ပြီ ... ရွှတ် ..."
"ဟာ ... ခန့် ... အို ... အရမ်းဆိုးတယ်ကွာ ..."
ရွှတ်ကနဲ ... သီရိပါးလေးကို နမ်းပစ်လိုက်တယ် ... ချစ်တယ်ဗျာ ... သိပ်ချစ်တယ် ... ကျွန်တော် မမျိုသိပ်နိုင်တော့ဘူး ... ကျွန်တော့်လက်မောင်းကိုလေ ... ဆစ်ကနဲ ပူသွားအောင် ... ဆွဲလိမ်ပစ်လိုက်တယ် ... ဟဲ ဟဲ ... နာတော့နာတာပေါ့ ... ဒါပေမယ့် ကျေနပ်တယ်ဗျာ ... အနမ်းဆိုတာမျိုးက ... ဆားငန်ရေလိုပဲ ... နမ်းပြီးတိုင်း ... နမ်းချင်နေတာ ... အချစ်ရဲ့ ဆွဲအားလို့ ပြောရမယ် ထင်ပါရဲ့ ... ရှက်လွန်းလို့ ... ရုန်းဖယ်နေတဲ့ ... ချစ်သူလေးကို ... အနမ်းမိုးတွေ ခြွေပစ်လိုက်တယ် ... တခါ ... နှစ်ခါ ... သုံး လေးခါ ...
"ဟိတ် ... ခန့် ... တော်ပြီနော် ... ကားလမ်းဘေးမှာ ... တော်တော်ကဲနေ ..."
"ဟဲ ... ဟဲ ..."
"ချစ်တယ်နော် ... သီရိ ..."
"ချစ်တယ်ကွယ် ... ကျောင်းရောက်ရင် ... မကဲရဘူးနော် ..."
"မကဲပါဘူး ... သီရိရယ် ..."
"ခန့်ကို ... အရမ်းချစ်မိသွားလို့ ... အဖြေပေးလိုက်တာနော် ..."
"သိပါတယ်ဗျာ ... သီရိ ချစ်တယ်ဆိုတာ ..."
"သူများတွေ မသိစေချင်သေးဘူးကွယ် ..."
"အင်း ..."
"ကျောင်းမှာ ... အနေအထိုင် ဆင်ခြင်ရမယ်နော်..."
"ဟုတ်ကဲ့ ..."
စည်းမျဉ်းတွေ အထပ်ထပ် ထုတ်ပြန်နေတဲ့ ... ချစ်သူလေးပြောသမျှကို ... ဟုတ်ကဲ့ ... ဟုတ်ကဲ့ နဲ့ နာခံလိုက်ပါတယ် ...
ကျောင်းထဲကို ... တက်ကြွတဲ့အပြုံးများနဲ့ ... မောင်းလာရင်း ... ချစ်ဦးသူလေးကို ... ခဏခဏ ကြည့်ရတာလည်း အမော ... ကြည့်မဝဘူးဗျာ ... ကန်တင်းဘက်ရောက်လာတော့ ... နည်းနည်း ... ကိုယ်ရှိန်သပ်လိုက်သည် ... ယွန်းအိနဲ့ ... အေးမြတ် ရောက်နေပြီ ... ယွန်းအိ ... ကျွန်တော်တို့ကို လက်ယပ် ... လှမ်းခေါ်နေပါတယ် ... ယွန်းအိကတော့ ... တကယ့်ကလေးပဲ ... ယွန်းအိနဲ့ ... အေးမြတ်က ... အတူတူထိုင်နေကြတယ် ... ကျွန်တော်က သူတို့ ရှေ့မှာ ဝင်ထိုင်တယ် ... သီရိက ... ကျွန်တော့်ဘေးမှာ ... ယွန်းအိလည်း ... ဒီနေ့လှပါတယ် ... ဂျပန်ကာတွန်းပုံ ... အရုပ်မလေးပါတဲ့ ... တီရှပ်ကို ဝတ်ထားတယ် ... ယွန်းအိရဲ့ ... ရင်နှစ်မွှာက ... သိပ်မပေါ်တော့ဘူး ... ဒါပေမယ့် ... ချစ်ဖို့ ကောင်းတယ် ... အေးမြတ်ကလည်း ... တီရှပ်နဲ့ ... ဂျင်းဘောင်းဘီနဲ့ ... ဒီလိုဆိုတော့လည်း ... ကိုရီးယားမင်းသမီးကျနေတာပဲ ... သူလည်း လှတာပဲ ...
"ကိုခန့် ... မနေ့က ... သီရိကို ဘယ်ခေါ်သွားတာလဲဟင် ... မှန်မှန်ပြောနော် ... ယွန်းအိသိတယ် ..."
"မခေါ်ပါဘူး ..."
"အိမ်ကို ..."
ကျွန်တော်နဲ့ ... သီရိ ... အတိုင်အဖောက် လွဲသွားပြီ ... ကျွန်တော်က ငြင်းတယ် ... သီရိက လျှောက်ပြောတယ် ... ဟား ဟား ... ယွန်းအိတို့က ရိပ်မိတာပေါ့ ...
"မင်းသားနဲ့ မင်းသမီး ... အတိုင်အဖောက် မညီဘူးနော် ..."
"အေးလေ ... နဲနဲ ညှိပါအုံး ... "
"အေးမြတ် ... နင်မနေ့ကရတဲ့ ... ဂြိုလ်တုသတင်းက ဘာလဲ ... ပြောပြလိုက်စမ်း ..."
"မြန်မာစံတော်ချိန် ၅ နာရီ ဝန်းကျင်တွင် ... မဟာဗန္ဓုလနှင့် ... လမ်း ၃၀ ထောင့်တွင် ... အရမ်းချောမောလှပသော ... မိန်းကလေးတဦးက ... ယောက်ျားလေးတစ်ဦးကို ... လက်ဆွဲပြေးခြင်း ..."
ကျွန်တော်နဲ့ ... သီရိ ... တယောက်ကို တယောက် ကြည့်ပြီး ... သေပြီ ဆရာ ... ကျွန်တော့်မျက်နှာ ပျက်နေတာတော့ သေချာသည် ... သီရိကတော့ အေးဆေး ... ပုံမှန်ပါပဲ ... ခပ်ပြုံးပြုံးနဲ့ ရီနေတယ် ...
"ရှင်းတယ်နော် ... သတင်းအတိအကျ ရထားတယ် ... ကဲ ... သတင်းထောက်တွေကို ... နှုတ်ပိတ်ခ ... ဘာကျွေးမှာလဲ ..."
သီရိက ... "စားချင်တာစား" တဲ့ ... ကျွန်တော်က ရှက်ရမ်းရမ်းပြီး ... လျှောက်ပြောမှ ပိုဆိုးကုန်သည် ...
"ယွန်းအိကလည်း ... ငါ လမ်းမကူးတတ်လို့ပါကွ ... သီရိက ... သဘောရိုးနဲ့ ... ကူညီတာပါ ..."
"ဟယ် ... အေးမြတ်... နင်ယုံလား ..."
"ဟင့်အင်း ယုံဘူး ..."
"ဂျီတီကျောင်းတက်နေတဲ့ လူက ... လမ်းကူးတတ်ဘူးတဲ့ ..."
"ဟား ဟား ဟား ... တောသား ..."
ယွန်းအိ ... ကျွန်တော့်ကို တမုန်းကြပ်တော့သည် ... ယွန်းအိ ဟားရင်လည်း ... ခံရမှာပဲ ... ကျွန်တော်က ကူးမှ မကူးရဲတာ ...
"မှန်မှန်ပြောနော် ... တောသား ... တို့မြို့သူလှလှလေးကို ... သနားအောင် ဉာဏ်ဆင်တာမှတ်လား "
"မဟုတ်ပါဘူး ... ယွန်းအိကလည်း ... ကျွန်တော် တကယ်မကူးရဲတာပါ ... "
"ဟုတ်ပါပြီ ... ဒါဆို ... ဒီက မင်းသမီးကကော ... ဘာဖြစ်လို့ ... တောသားလက်ကို အတင်းဆွဲရတာလဲ ..."
"ဟုတ်တယ် ... ဟုတ်တယ် ... ဖြေရှင်းချက်ပေးပါ ..."
မြှားဦးက ... သီရိဘက်လှည့်သွားသည် ... သီရိကလည်း ငလောင် ...
"အမှန်က ... တို့က ... လက်ဆွဲပြေးဖို့ ... မရည်ရွယ်ပါဘူး ... "
"ဟုတ်ကဲ့ရှင့် ... ဆက်ပြောပါအုံး ..."
"ကားလမ်းဘေးမှာလေ ... တောသားတယောက် ... ကြောက်ဒူးတုန်နေတာနဲ့ ... သနားပြီး ... လမ်းကူပြီး ကူးပေးတာပါ ... လမ်းကူးတာလေ ... မျက်နှာလေးက သနားစရာ ... ဟိုအစေ့လောက်ပဲရှိတယ် ..."
"ဟဲ့ ... ဟဲ့ ... ဘယ်အစေ့လဲ ..."
"ဆီးစေ့ ..."
"ခစ် ... ခစ် ... ခစ် ..."
"မှန်မှန်ပြောနော် ... ဒီနေ့မနက်ကားပေါ်မှာ ... သီရိကို ... ဘာလုပ်သေးလဲ ..."
"ဟင့်အင်း ... မလုပ်ပါဘူး ... သီရိက လုပ်လိုက်တာ ..."
"ဟယ် ... ဘာလုပ်လိုက်တာလဲ ... ရင်တွေ တုန်လိုက်တာ ... ခစ် ခစ် ..."
"ပြောပြကွာ ... သီရိကလည်း ... "
"ဟင့်အင်း ... သိချင်ရင် ... တောသားကို မေးကြည့် ... ခစ် ခစ် ခစ် ..."
မီးများမီးနိုင် ... ရေများရေနိုင် တဲ့ ... သီရိတို့သုံးယောက် ... ဆွမ်းကြီးဝိုင်းလောင်း ... သမျှ ခံပေတော့ ... တောသားရေ ... ကျွန်တော် ခေါင်းတောင် မဖော်နိုင်ဘူး ... ရှက်လိုက်တာဗျာ ... သိမယ် ... ဟားတိုက်ရီနေတဲ့ သီရိ ... အပြန်ကျမှ ... အပြစ်ပေးတဲ့အနေနဲ့ ... အားရအောင် နမ်းပစ်လိုက်အုံးမယ် ... အုပ်စုတောင့်တုန်းတော့ ... ရီထားအုံး ... ဟား ဟား ဟား ...
ယွန်းအိက ... မုန့်ဟင်းခါး ... မှာစားသည် ... အေးမြတ်က ... ပဲပြုတ်ဆီဆမ်း ... ကြက်ဥကြော်နဲ့ ... ကျွန်တော်နဲ့ ... သီရိက ... ကော်ဖီ ...
"အေးမြတ်ရယ် ... မုန့်ဟင်းခါးက ... ကောင်းလိုက်တာ ... ယွန်းအိ ... ဝတောင် မဝဘူး ..."
"မဝရင် ထပ်မှာလေ ... ဒီမှာ ဒကာမလေးက ... တောင့်ပါတယ် ..."
"ဟဲ့ ... ဘာတောင့်တာလဲ ..."
"ဟီး ဟီး ... စပွန်စာတောင့်တယ် ... ပြောတာပါ ... ခစ်ခစ် ... ဟုတ်တယ်နော် ... ကိုခန့် ..."
"အင်း ..."
"ဘာအင်းလဲ ... တောသားနော် ... ရိုးမလိုနဲ့ ... တော်တော် လက်သွက်တယ် ..."
မရတော့ ... မရတော့ ... ကျွန်တော် ... အလူးအလဲကို ခံနေရသည် ... ဘာမှလည်း ပြန်မပြောနိုင် ... ကြာရင် ... မျက်နှာပူလွန်းလို့ ... အရည်ပျော်သွားနိုင်သည် ... ဘေးက ... ကောင်လေးတွေက ... ဝိုင်းကြည့်နေသည် ... အားကျသည့် ... ပုံစံမျိုး ... ဟား ဟား ... ကုသိုလ်ကံက ... ကောင်းလွန်းသလိုလိုနဲ့ ... မျက်နှာတော့ တော်တော်ပူတယ်ဗျာ ... နာရီဝက်လောက် ကြာတဲ့ ... ကျွန်တော်တို့ရဲ့ အပျော်လေးက ... လူတယောက်ကြောင့် ပျက်စီးသွားပါတယ် ... ကြက်သရေတုံးလိုက်တာဗျာ ...
ဘေးဝိုင်းက ... ကောင်တကောင်က ... ဘာမပြောညာမပြော ... သီရိဘေးနားမှာ လာထိုင်သည် ... ကွိုင်ပဲ ... ဘာလဲဟ ... ငတိပုံစံက ... လူမင်းလိုလို ... မင်းဦးလိုလို ပုံစံမျိုး ... ထောင်ထောင်မောင်းမောင်း ... ဗလတောင့်တောင့် ... ငတိက ... ကျွန်တော်တို့ကို ဂရုလုံးဝမစိုက်ဘူးဗျ ... သီရိကို ကြည့်ပြီး ...
"ကျွန်တော်က ... mechnical က သန့်ဇော်ပါ ..."
"ဟုတ် ..."
"ကိုယ်က ... ခင်ချင်လို့ပါ ... ရတယ်မှတ်လား"
"ခင်ချင်တယ် ..."
"ကိုယ်လေ ... မင်းကို စတွေ့တော့ ... လောကကြီးက ရပ်သွားသလိုပဲ ..."
"ဪ ... ဟုတ်လား"
ယွန်းအိတို့က ပြုံးစိစိနဲ့ ... ကြည့်နေတုန်း ... အခြေအနေကတော့ ... မမိုက်ဘူးဗျာ ... ဘာလဲဗျ ... ကျွန်တော့်ရင်ထဲ တဖြေးဖြေးနဲ့ ... တင်းလာတယ်ဗျာ ... ဘယ့်နှယ့် ... ကိုယ်ချစ်တဲ့ ကောင်မလေးကို ကိုယ့်ရှေ့မှာ ... လာကြောင်နေတာ ... ဘယ်လို သည်းငြီးခံရမှာလဲ ... သီရိကတော့ ... ပြုံးပြုံးနဲ့ နားထောင်နေတယ် ... သဘောမကျဘူးဗျာ ... ထထိုး ပစ်လိုက်ချင်တယ် ... ကျွန်တော် ဒေါပွနေတာ့ ဝင်ပြောပစ်လိုက်တယ် ...
"အဲဒီတော့ ... မင်းက ဘာဖြစ်ချင်လဲ ..."
"မင်းနဲ့ မပတ်သတ်ရင် ဝင်မပြောပါနဲ့လား ..."
"ဘာကွ ... တောက်"
ကျွန်တော့်လက်ကလေ ... အအေးပုလင်းကို ... တင်းတင်းဆုပ်ထားနေပြီ ... သီရိရဲ့ စကားတခွန်းသာ ဝင်မပြောရင် ... ရိုက်ထည့်ပစ်လိုက်ပြီ ...
"ရီးစား စကားဆိုရင်တော့ ... ကန်တော့ဆွမ်းပါရှင့် ... သီရိမှာ ချစ်သူရှိပါတယ် ... ဆောရီးနော် ... ဆက်ဧည့်မခံနိုင်တော့တဲ့အတွက် ... ဝမ်းနည်းပါတယ် ..."
"ရီးစားရှိတာ ... မယုံဘူးဗျာ ... သီရိရယ် ... ကိုယ်က ... တကယ်ချစ်တာပါ ... ကိုယ့်ကို စဉ်းစားပေးပါလားဗျာ ... နော်"
ဖြတ်ကနဲ ကျွန်တော် ... သီရိကိုကြည့်လိုက်တော့ ... သူ့အကြည့်က ... လက်မပါဖို့တားနေတယ် ... ကျွန်တော် သည်းငြီးခံလိုက်ပါတယ် ... သီရိပြောပုံကို ကြိုက်တယ်ဗျာ ... အပြတ်ပဲ ... ရီးစားရှိတယ် ... ဒိုးတော့ ... စကားဆက်မပြောချင်ဘူးလို့ ...
"သီရိ ပြောပြီးပြီပဲ ... သီရိမှာ ချစ်သူရှိတယ်လို့ ... နားလည်မယ်လို့ ထင်ပါတယ် ..."
"ချစ်သူရှိတာ ... ယောက်ျားရှိတာမှ မဟုတ်ပဲဗျာ ... လူပျိုအပျိုချင်း ... ချစ်ခွင့်ရှိပါတယ် ... ဟုတ်တယ်ဟုတ် ..."
သန့်ဇော် ပြောတဲ့ပုံစံက ... ရင့်တယ်ထင်တာပဲဗျာ ... စည်းမရှိ ... ကမ်းမရှိ ... တောက် ... ဟာကွာ ... ထရိုက်ပစ်လိုက်ရင်တော့ ... ရန်တွေ ဖြစ်ကုန်တော့မယ် ...
"မင်းကဘာကောင်လဲ ... မဆိုင်ရင် ... ငြိမ်ငြိမ်နေ ... ဟုတ်ပြီလား ... "
"ငြိမ်ငြိမ်မနေတော့ ... ဘာဖြစ်လဲကွာ ... ငါက သီရိရဲ့ ..."
ကျွန်တော့်ပါးစပ်က ပြောခါနီးဆဲဆဲမှ ... ချစ်ဦးသူလေး ... သီရိရဲ့ တားမြစ်ချက်တွေကို ... သတိရလိုက်သည် ... ကျွန်တော်နဲ့ ... သီရိ ... ချစ်နေကြတာ ... ဘယ်သူမှမပြောရ ...
"မင်းဘာသာ ဘာဖြစ်ဖြစ် ... ငါကတော့ ချစ်ခွင့်ရှိတယ် ... ရီးစားစကားပြောခွင့်ရှိတယ် ... ဟုတ်ပြီလား"
ကျွန်တော့်အသားတွေ တဆတ်ဆတ်တုန်နေတယ် ... ဒေါသကြောင့် ... ဒင်းကို အမှုန့်ကြိတ်ပစ်ချင်စိတ်တွေ ... တဖွားဖွား ပေါ်လာသည် ...
"ချချင်လို့လား ... လာလေ ... ကောက်ရိုးပုံစောင့်တဲ့ ခွေးလိုတော့ ... လာမဟောင်နဲ့"
"ဘာကွ ..."
ကျွန်တော် တော်တော် ဒေါသထွက်သွားသည် ... တော်ရုံဆို ကျွန်တော် သည်းငြီးခံနိုင်ပါတယ် ... ကျောင်းသားက ... ကျောင်းသူကို ကြိုက်လို့ ရီးစားစကားပြောတယ် ... ယဉ်ယဉ်ကျေးကျေးပြောပေါ့ဗျာ ... ဘေးက လူတွေကိုပါ ... လာဆဲတော့ ... ဝုန်းကနဲ ကျွန်တော် ထပြီး ... အအေးပုလင်းနဲ့ ကောက်ရိုက်ပစ်လိုက်သည် ...
"မလုပ်နဲ့ ... ခန့်"
ကြားထဲက ... သီရိ တားမြစ်သံလေးကို ... ကျွန်တော် မနာခံတော့ ... လူကို ခွေးနဲ့ နှိုင်းတဲ့ကောင် ...
"ငါ့ကို ခွေးနဲ့ လာမနှိုင်းနဲ့ ... ကဲကွာ ..."
ဒီခွေးမသားကလည်း ... ကျွန်တော့်ထက်ပိုလျင်သည် ... ကျွန်တော် ပုလင်းနဲ့ ... ရိုက်မယ်ဆိုတာ ... သိများသိနေလားမသိပါဘူး ... ဆတ်ကနဲ ... ရေနွေးခွက်နဲ့ ... ကောက်ပက်ပစ်လိုက်သည် ... အရမ်းနီးလွန်းတော့ ... ဘယ်လိုမှရှောင်မရ ... အေးမြတ် ... ခွေးမသားကို ... ဆောင့်တွန်းပစ်လိုက်တာတော့ သိလိုက်သည် ...
"အား ..."
ပူလိုက်တာဗျာ ... ရေနွေးပူပူတွေက ... ကျွန်တော့် မျက်လုံးထဲကို တန်းတန်းမတ်မတ် ဝင်ချလာသည် ... မရတော့ဘူး ... ကျွန်တော် မျက်စိဖွင့်မရတော့ ... တော်ရုံရေနွေးဆို ဒီလောက်ဖြစ်မှာမဟုတ် ... မနက်စောစော ... ကြွက်ကြွက်ဆူအောင်တည်ထားတဲ့ ... ရေနွေးဆိုတော့ ... အရမ်းပူသည် ... ပြဿနာပဲဗျာ ... ကျွန်တော့်မျက်စိ ဖွင့်မရတော့ဘူး ... ပူလိုက်တာဗျာ ... ကန်တင်းက ကျောင်းသားတွေ အားလုံး ... ကြောင်သွားသည် ... ရန်ဖြစ်မည်ဟု မထင်ကြ ... ဖြစ်လျှင်လည်း ... ဒီလိုမျိုး ... မျက်နှာကို ရေနွေးနဲ့ အပက်ခံရမယ်လို့ မထင် ... သွားပြီဗျာ ... သွားပြီ ... ကျွန်တော့် မျက်စိကန်းသွားပြီ ... သီရိတို့ ... တွေ ကက်ကန်လန် ရန်တွေ့ကြတာလည်း ... ကျွန်တော် မသိတော့ ... မျက်စိကို လက်ဝါးနဲ့ အုပ်ပြီး ... ခွေးမသား ရှိမယ့် ဘက်ကိုမှန်းပြီး ... စိတ်ရှိလက်ရှိ ... အော်ပစ်လိုက်တယ် ...
"ခွေးမသား ... @^#*Q#@&$($*()@#"
မျက်စိထဲမှာ ... တဆစ်ဆစ်နဲ့ ... ပူလောင်နေတဲ့ ... ဒဏ်ရာက ... ခံရခက်လိုက်တာဗျာ ... အရမ်းခံရခက်တာက ... ကျွန်တော် ဘာမှ မမြင်ရတော့ဘူးဗျာ ... ဘာမှ မမြင်ရတော့ဘူး ... လုပ်ကြပါအုံးဗျာ ... ကျွန်တော် ဘာမှ မမြင်ရတော့ဘူးဗျာ ... သီရိတို့ ... ဆေးရုံကို အမြန်ခေါ်သွားပေမယ့် ... အခြေအနေက ထူးမလာပါဘူးဗျာ ... ဆေးတွေထည့်ပေးလို့ ... စပ်ဖျင်းဖျင်း ဒဏ်ရာတွေ ပျောက်သွားပေမယ့် ... ကျွန်တော်သိပါတယ် ... ကျွန်တော့် မျက်စိကန်းသွားပြီဗျာ ... ဟီး ... ဘာမှမမြင်ရတော့ဘူး ... သီရိလေ ... ကျွန်တော့်ကို အတင်းဖက်ထားပြီး ... နှစ်သိမ့်ရှာပါတယ် ... ဒါပေမယ့်ဗျာ ... ဒါပေမယ့် ... ဝမ်းနည်းပြီး ... အားငယ်တဲ့ စိတ်က ... အလုံးအရင်း ဝင်လာတော့ ... ကျွန်တော် ငိုချပစ်လိုက်တယ် ... ဟီး ...
အိစက်နေတဲ့ ... သီရိရင်ခွင်လေးကလည်း ... ကျွန်တော့် အပူကို ... မအေးစေပါဘူး ... ဝိုင်းပြီး အားပေးကြတဲ့ စကားသံတွေကိုလည်း ... ကျွန်တော် မကြားချင်တော့ဘူး ... ကျွန်တော်ဗျာ ... လူဖြစ်ရှုံးပြီဗျ ... တသက်လုံး အကန်းဖြစ်သွားပြီ ... ဝမ်းနည်းလွန်းလို့ ... ရှိုက်ကြီးတင် ... ရှိုက်ငိုရင်း ... သီရိအင်္ကျီတွေ ... ကျွန်တော့်မျက်ရည်ကြောင့် ... ရွှဲရွှဲစိုကုန်ပါတယ် ... ဒါပေမယ့် ... သီရိလေ ... ကျွန်တော့်ကို မလွှတ်ဘူး ... အရမ်းဖက်ထားတယ် ... ကျွန်တော် အရမ်းဝမ်းနည်းတယ်ဗျာ ... ဝမ်းနည်းတယ် ... ဒီတသက် ... ကျွန်တော်ချစ်တဲ့ ... သီရိကို ... တွေ့ခွင့်မရနိုင်တော့ဘူး ... သီရိပေးတဲ့ ... လတ်ဆတ်တဲ့အနမ်းတွေက ... နေ့တောင် မကူးဘူးဗျာ ... ပြုံးပျော်နေတဲ့ ... ချစ်ဦးသူမျက်နှာလေးကို ... ထပ်တွေ့ခွင့် ... ဟာဗျာ ... ကျွန်တော့်ရဲ့ ... ပျော်ရွှင်ခြင်းတွေ ... အရည်ပျော်သွားပြီး ... ဝမ်းနည်းခြင်းသာ ... ကျွန်တော့်စိတ်ကို ... တချိန်လုံး ... ဖုံးလွှမ်းသွားပါတယ် ...
"ခန့် ... မငိုနဲ့နော် ... ခန့် ... ဘာဖြစ်ချင်လဲ ... ဘာစားချင်လဲ ... တို့ လုပ်ပေးမယ်နော်"
"ကျွန်တော် ... ကြောက်တယ် ... အရမ်းကြောက်တယ် ... ကျွန်တော့်မျက်စိ မမြင်ရတော့ဘူး ... ဟီး ..."
"ခန့်ရယ် ... သိပ်မကြာခင် ပြန်ကောင်းသွားမှာပါ ... နော် ... မငိုရဘူးနော် ... တိတ် ... တိတ်"
သီရိရဲ့ ... နှစ်သိမ့်စကားက ... ကျွန်တော်သာ ကလေးဆို ယုံလိုက်ပါ့မယ် ... ဒါပေမယ့် ... ကိုယ့်အနာကို ကိုယ်က ပိုသိတယ် ... ကျွန်တော့် မျက်စိလေ ... ကျွန်တော့်မျက်စိ ... ကန်းသွားပြီဗျ ... ဟီး ...
"မကန်းပါဘူး ... ခန့်ရယ် ... မကန်းပါဘူး ... ပြန်မြင်ရမှာပါ ..."
"ဟင့်အင်း ... ဟင့်အင်း ... မမြင်ရဘူး ... မမြင်ရတော့ဘူး ..."
"ဖြစ်ဖြစ်ချင်းမို့ပါ ... ခန့်ရယ် ... စိတ်ကိုလျှော့နော် ... ဘာမှမကြောက်နဲ့ ... အနားမှာ တို့ရှိတယ် ... ဟုတ်ပြီလား ..."
"ခွဲမသွားရဘူးနော် ..."
"အင်းပါ ... အင်းပါ ... ခဏအိပ်လိုက်နော် ... ခန့် ... အရမ်း မောနေပြီ ... အိပ်လိုက်နော် ... ဆရာဝန်ကပြောတယ် ... မျက်စိအနာသက်သာအောင် ... မငိုရဘူးတဲ့ ..."
"မသွားပါနဲ့နော် ..."
"အင်းပါ ... ခန့်နားမှာ တချိန်လုံး ရှိနေမယ် ... ဟုတ်ပြီ ... ခဏအိပ်လိုက် ..."
အရမ်းငိုထားလို့ ... ကျွန်တော့်မှာလည်း အားအင်တွေလည်း မရှိတော့ဘူး ... အမှောင်ရယ် ... အလင်းရယ် ... ဒါပဲတွေ့နေရတော့ ... ကျွန်တော်လေ ... စိတ်တွေ ... တော်တော်ကျသွားတယ် ... ဘာမှလည်း ... မသိချင်တော့ဘူး ... ဘာမှလည်း မကြားချင်တော့ဘူး ... ပြောသမျှ အားပေးစကားတွေလည်း နားမထောင်ချင်တော့ဘူး ... ဆရာဝန်က ဆေးတလုံးလာထိုးပေးပါတယ် ... သိပ်မကြာဘူး ... ကျွန်တော် အိပ်ပျော်သွားတယ် ... အိမ်မက်ထဲမှာ ... ဖေဖေရယ် ... မေမေရယ် ... ကျွန်တော့်ကို ... လာကြည့်တယ် ... ကြင်နာစွာနဲ့ ... မေမေက ကျွန်တော့် ဆံပင်လေးတွေကို သပ်ပေးတယ် ... ဖေဖေက ကျွန်တော့်လက်ကို ကိုင်ပြီး အားပေးတယ် ... မေမေ့ကိုလေ ... ကျွန်တော် အရမ်း ဝမ်းနည်းတဲ့အကြောင်း ပြောပြတယ် ... မေ့မေ့ကို ဖက်ပြီး ... ငိုတယ် ... ရှိုက်ကြီးတငင် ငိုတယ် ... ဟီး ... နောက်တော့ ... သီရိရောက်လာတယ် ... သိပ်လှတဲ့ သီရိ ... ကျွန်တော့်ကို ဖက်ထားပြီး ... သူလည်း အရမ်းငိုတယ် ... သီရိကို ... အတင်းဖက်ထားပေမယ့် ... သီရိက ... မီးခိုးလိုပဲ ... တဖြေးဖြေး ပျောက်ကွယ်သွားတယ် ... ကျွန်တော့်အိမ်မက်ထဲမှာ ... တွေးမိတာက ... သီရိက သိပ်လှတယ် ... ကျွန်တော်သာ ဒီလိုမဖြစ်ခဲ့ရင် ... သီရိနဲ့ ချစ်ခွင့်ရမယ့် အနာဂတ်တွေကို ... ကျွန်တော် မြင်နေရတယ် ... ဒါပေမယ့်ဗျာ ... ကျွန်တော်က ကန်းသွားပြီဗျ ... တက်ကန်းသွားပြီ ... အိမ်မက်ဖြစ်ပါစေလို့ ... ဆုတောင်းနေပါတယ် ... ဒါပေမယ့်ဗျာ ... တကယ်ကြုံတွေ့နေရတဲ့ ... အဖြစ်အပျက်မို့ ... ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ် ... ကျွန်တော်လေ ... ဒီလိုဘဝမျိုးနဲ့ အသက်မရှင်ချင်ဘူး ... မနိုးသော အိပ်စက်ခြင်းမျိုးနဲ့ ... ဘဝကို အဆုံးသတ်လိုက်ချင်ပါတယ် ...
ကျွန်တော် တရေးနိုးလာတဲ့အချိန်မှာ ... ကျွန်တော့် ခြေဖျားလက်ဖျားတွေ အေးနေတယ် ... မှောင်မည်းနေတဲ့ ... ပတ်ဝန်းကျင်က ... အေးစက်စက် ... ကျွန်တော် ဘယ်ကမ္ဘာများရောက်နေတာလဲဗျာ ... ကျွန်တော် သေသွားပြီလား ... ဟင့်အင်း ... မဖြစ်နိုင်ဘူး ... ကျွန်တော် ကန်းနေတယ် ... ဘာမှမမြင်ရဘူး ... ဟင်း ... ကျွန်တော့်မှာ ... အာရုံစိုက်စရာ ... နားနဲ့ နှာခေါင်းပဲ ရှိတယ် ... အသံတွေက တိတ်ဆိတ်နေတယ် ... ကျွန်တော် ဘယ်ရောက်နေတာလဲ ... သီရိ ... ယွန်းအိ ... အေးမြတ် ... ဘယ်မှာလဲဗျာ ... ဘကြီးခန့် ... သူရော ... ကျွန်တော် နေမကောင်းဖြစ်တာ သိရဲ့လား ... ကျွန်တော့်ကို စိတ်ဆိုးနေမလား ... ရန်ဖြစ်လို့လေ ... သူ့တူက အကန်းဖြစ်သွားတော့ ... ခေါ်ချင်ပါ့အုံးမလား ... ဒိတ်ကနဲ စိုးထိတ်သွားတာက ... သီရိ ... ကျွန်တော့်ကို ... ဘယ်ချစ်တော့မလဲနော် ... ဒီလိုအကန်းတယောက်ကို ... သိပ်လှတဲ့ သီရိက ဆက်ချစ်ပါ့မလား ... ချစ်နိုင်သည်ပဲထားပါအုံး ... သူ့အမေက ... ဘဘောတူမှာမဟုတ် ... အတွေးတွေကြောင့် ... ရင်ထဲမှာ ပိုလို့ ပူလောင်လာသည် ... ဝမ်းနည်းစိတ်က ... ကျွန်တော်ရင်တွေကို ... ပူလောင်စေသည် ... အနားမှာက ... ဘယ်သူမှမရှိ ... ကျွန်တော်က ... ဆေးရုံမှာလား ... ဟုတ်သေးဘူး ... ဆေးရုံမှာဆို ... အသံဗလံတွေ ကြားနေရမယ် ... ညဘက်ဆိုရင်တောင်မှ ... ချောင်းဆိုးသံတွေကြားနေရမယ် ... အထူးခန်းလိုမျိုးထဲမှာလား ... ဖြစ်တော့ဖြစ်နိုင်သည် ... မွေ့ယာကို နမ်းကြည့်သည် ... မဟုတ် ... ဘာဆေးနံ့မှမရ ... သေချာလျှော်ဖွပ်ထားတဲ့ ... ဆပ်ပြာနံ့လေးရသည် ... ဟင်း ... နှာခေါင်းက အာရုံခံတာလည်း ... ဘာမှမရှိ ...
နားလေးကို စွံ့ကြည့်တော့ ... ပထမ ဘာမှမကြားရ ... နောက်မှ ... ညာဘက်နားမှာ ... အသက်ရှူသံတိုးတိုးလေး ... ကြားမိသည် ... သီရိလား ... မဟုတ်ဘူး ... ရှန်ပူအနံ့သင်းသင်းလေးက ... သီရိ အနံ့မဟုတ် ... ချစ်ဦးသူရဲ့ အနံ့မျိုးမဟုတ် ... ကျွန်တော်သိသည် ... ဒီအနံ့က ... မိန်းကလေးအနံ့ ... သူဘယ်သူလဲ ... လက်ကလေးနဲ့ လျှောက်စမ်းကြည့်တယ် ... အိကနဲ လုံးလုံးလေးကို ... ထိမိတယ် ... ဟိုက် ... ငါတော့ မှားကိုင်ပြီနဲ့တူတယ် ... ဒါက ...ဒါက ... မိန်းကလေး တယောက်ရဲ့ ... ရင်သားလား ... ဟုတ်သေးဘူးနဲ့တူတယ် ... မိန်းကလေးတယောက်က ... ဒီအတိုင်းချွတ်ထားမယ် ... မထင် ... ဒါဆို ... ငါကိုင်မိတာ ဘာလဲ ... စဉ်းစားကြည့်သည် ... မပြောတတ်ဘူးဗျာ ... ဟင်း ... သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်သည် ...
သိချင်တာ သိခွင့်မရလေ ... ပိုသိချင်တဲ့ စိတ်ကြောင့် ... ခုနက ... အသားအိအိလေးကို ... ပြန်ကိုင်ကြည့်သည် ... အိကနဲ အထိအတွေ့က ... ဖြန်းကနဲ ကြက်သီးထစေသည် ... ကျွန်တော့်လက်မောင်း တလျှောက် ... ကြက်သီးဘုလေးတွေ အတန်းလိုက်ပေါ်လာသည် ... ဟာကွာ ... ဘယ်သူလဲ ...
"ဘယ်သူလဲဟင် ... သီရိလား"
ခပ်ဆတ်ဆတ်လေး ... အုပ်ကိုင်ပြီး ... လှုပ်နှိုးလိုက်သည် ... အသားလေးက ... အိအိလေး ...
"ကိုခန့် ... နိုးလာပြီလား ..."
"အင်း ... အေးမြတ်လား ..."
"ဟုတ် ... ရေသောက်မလားဟင် ... "
"ဟင့်အင်း ... ကျွန်တော် ... ဘယ်ရောက်နေတာလဲဟင် ..."
"ကိုခန့်တို့ ... အိမ်မှာ ..."
"အော်"
"ကိုခန့် အိပ်ပျော်တာ ... တရက်လောက် ရှိပြီ ..."
"ဟုတ်လား ..."
"အင်း ... မနေ့က ဆေးရုံမှာ ... ဆေးထိုးလိုက်တာ မှတ်မိလား ..."
"မှတ်မိတယ် ... ကျွန်တော့်မျက်စိ ... ပြန်ကောင်းပါ့မလားဟင် ... အမှန်အတိုင်း ပြောပြပါနော် ..."
"ပြန်ကောင်းမှာပါ ... ကိုခန့်ရယ် ..."
အေးမြတ်အသံက သိပ်အားမရ ... ကျွန်တော် သိပါတယ် ... သွားပြီဆိုတာ ...
"သီရိတို့ရော ..."
"ပြန်သွားကြပြီ ... မြတ်က ညအိပ်စောင့်ပေးနေတာ ..."
"ဟုတ်လား ... "
"ကိုခန့်အိမ်ကို ပြန်ခေါ်လာတော့ ... ကိုခန့်က အိပ်ပျော်နေတယ် ... အိပ်ဆေးအရှိန် မပြယ်သေးလို့နဲ့တူတယ် ..."
"ဟုတ်လား ... ကျွန်တော့်အိမ်ကို ဘယ်လိုသိတာလဲဟင် ..."
"ကျောင်းသားရေးရာမှာ ... မြတ် သွားမေးထားတာ ..."
"တယ်တော်ပါလား ... မြတ်က ဉာဏ်အရမ်းကောင်းတယ်နော်"
"အင်း ... ဒီလောက်လည်း မဟုတ်ပါဘူး ... ကိုခန့်က တယောက်ထဲနေတာလား ..."
"ဟင့်အင်း ... ဘကြီးခန့်နဲ့ အတူနေတာ ... မေမေတို့က ... ဆုံးသွားပြီ ..."
မေမေတို့ ... ဆုံးသွားပြီ ဆိုတဲ့စကားကို ... ကျွန်တော် မပြောချင်ပါဘူး ... ဝမ်းနည်းစိတ်တွေ တဖန်ပြန်ပေါ်လာမှာစိုးလို့ ... အေးမြတ် စကားပြောင်းလိုက်သည် ...
"ဘကြီးခန့်"
"ဟုတ်တယ်လေ ... ဘကြီးခန့်ကို မတွေ့ဘူးလား"
"ဟင့်အင်း ... တွေ့ဘူး ... မြတ်တို့က ... ကိုခန့် တယောက်ထဲနေတယ်ထင်တာ ..."
တခြားဟာတွေ လျှောက်မေးသည် ... ဟိုကောင်ကို ... ကျောင်းက ဆရာတွေ လိုက်ရှာနေတဲ့အကြောင်း ... သီရိ အရမ်းငိုတဲ့အကြောင်း ... ယွန်းအိလည်း ... ငိုတဲ့အကြောင်း ... သီရိကို ... သူ့အမေက ... ဒီအိမ်မှာလာခေါ်တဲ့အကြောင်း ... နားထောင်နေရင်း ... အေးမြတ်အသံက ... သီရိအမေကို သိပ်မကျေနပ်တဲ့ လေသံမျိုး ဖြစ်နေသည် ... ကျွန်တော် စိတ်ပိုညစ်သွားမှာစိုးလို့ ... တခုခု ဖုံးကွယ်ပြီး ပြောနေတဲ့အသံ ... မျက်နှာကို ... မမြင်ရတော့ ... အသံတုန်နေတာ ... စကားလွှဲတာ ... ကို ခန့်မှန်းကြည့်တာပါ ... အင်း ... ဖြစ်နိုင်ပါတယ်လေ ... သီရိအမေက ... ရှုပ်ရှုပ်ရှက်ရှက်တွေ ... မကြိုက်ဘူး ထင်ပါရဲ့ ... သူ့သမီးအချောအလှကို ... ပြန်ခေါ်သွားမှာပေါ့ ... ကျွန်တော် မဲ့ပြုံးပြုံးလေး ... ပြုံးလိုက်မိပါတယ် ... ရင်ထဲမှာတော့ ဆစ်ကနဲ နာကျင်သွားသည် ...
"ဘယ်နှစ်နာရီ ရှိပြီလဲဟင် ..."
"မနက် ၂ နာရီ ... "
"အေးမြတ်က ... ဘယ်မှာနေတာလဲဟင် ..."
"မြတ်က .. အမဝမ်းကွဲနဲ့ ... နေတာ ..."
"နယ်ကလား ..."
"အင်း ... တောင်တွင်းကြီးဘက်က ..."
"မြတ် အခုဘယ်လိုအိပ်တာလဲဟင် ..."
"ထိုင်ခုံပေါ်မှာထိုင် ... ခုတင်ပေါ်မှာ မှောက်အိပ် ..."
"အယ် ... "
"မအယ်နဲ့လေ ... ခစ် ခစ် ... မြတ် အိပ်တတ်ပါတယ် ... ကိုခန့် ဗိုက်ဆာနေပြီလား ..."
"အင်း ... နည်းနည်းဆာတယ် ..."
"များများဆာတယ်လုပ်ပါ ... တနေ့လုံးအိပ်နေတာ ... ဗိုက်ဆာရောပေါ့ ... ခေါက်ဆွဲပြုတ်စားမလား ..."
"အင်း စားမယ် ..."
"ခဏစောင့်နော် ... သွားပြုတ်လိုက်အုံးမယ် ..."
"ဒီလိုဆို ... အေးမြတ် ... ပင်ပန်းပါတယ် ... ကော်ဖီနဲ့ မုန့်နဲ့ပဲ စားတော့မယ် ... အားနာစရာကြီး ..."
"ဟိတ် ... အားနာမနေနဲ့ ... သူငယ်ချင်းဆိုတာ ... တယောက် ဒုက္ခရောက်ရင် ... တယောက်က စောင့်ရှောက်ရမယ့် တာဝန်ရှိတယ် ..."
"ကျေးဇူးတင်ပါတယ် ... အေးမြတ်ရယ် ..."
"ကျေးဇူးတကယ်တင်ရင် ... မြတ်လို့ခေါ် ... အေးမြတ်ဆိုတဲ့ နာမည်ကို မကြိုက်ဘူး ..."
"ဟုတ်လား ... ဆောရီး ... မြတ်လို့ပဲ ခေါ်မယ်နော် ..."
"အိုကေ ... ကိုခန့် ... ကော်ဖီမသောက်နဲ့နော် ... အိပ်မပျော်ပဲနေလိမ့်မယ် ... အိုဗာတင်း ရှိလား ..."
"ပြောတတ်ဘူး ... ကြောင်အိမ်ထဲမှာ ရှာကြည့်လိုက်နော် ..."
"အင်း ... ခဏစောင့် ..."
ကျွန်တော် ဒုက္ခရောက်တုန်း ... ကူညီပေးတဲ့ သူငယ်ချင်းရယ် ... တကယ်ကျေးဇူးတင်ပါတယ် ... မြတ်သာ ... ညအိပ်မစောင့်ပေးရင် ... ကျွန်တော် နိုးလာတုန်း ... ဘယ်ရောက်နေလို့ရောက်မှန်းသိမှာမဟုတ်ဘူး ... မျက်စိအလင်း မရတော့တဲ့ အဖြစ်က ... တော်တော်ဆိုးပါတယ် ... ဘာမှမမြင်ရတော့ ... အကုန်လုံး စမ်းတဝါးဝါး ... တော်တော် စိတ်ဒုက္ခရောက်သည် ... ကျွန်တော် ဘဝကို ဘယ်လိုရှေ့ဆက်ရမလဲဗျာ ... တယောက်ယောက် အနားမှာမရှိရင် ... မဖြစ်နိုင်ဘူးနဲ့တူတယ် ... ဒုက္ခပါပဲ ... အတွေးတွေ ရှုပ်ရှက်ခတ်လာတော့ ... ဇောချွေးကပြန်လာသည် ... လူက ငိုချင်လာသည် ... ငိုချတော့မလို ဖြစ်တုန်း ... မြတ် အခန်းထဲ ပြန်ဝင်လာသည် ...
"ဟေး ... ယောက်ျားဆိုတာ မငိုရဘူးလေ ... စိတ်ကိုခိုင်ခိုင်ထားရမယ်နော် ... ကိုခန့်နော် ... ငိုနဲ့ ..."
"မြတ် ... ကျွန်တော်လေ ... ကျွန်တော် မမြင်ရတော့ဘူး ... ကန်းနေပြီဗျ ..."
"ရော် ... ခက်တော့တာပဲ ... ချက်ချင်းတော့ ဘယ်ပြန်မြင်ရအုံးမလဲ ... အနာကျက်တဲ့အချိန်တော့ စောင့်ရမှာပေါ့ ... တောင်တွေးမြောက်တွေး လျှောက်မတွေးနဲ့ ... ဒီအချိန်မှာ ... အရေးကြီးတာ ... မျက်စိအနာ မြန်မြန်ကျက်ဖို့ပဲ ... ကိုခန့်ငိုရင် ... အနာတွေ မကျက်ပဲနေလိမ့်မယ် ... အို ... ချွေးတွေလည်း ... စိုရွှဲနေပါလား ..."
"အင်း ... အရမ်းအိုက်တယ် ..."
"ဟုတ်ပါရဲ့ ... ခေါက်ဆွဲပြုတ်လေး ... စားလိုက်အုံးနော် ... ပြီးမှ အဝတ်လဲပေးမယ် ..."
ခေါက်ဆွဲပြုတ်အနံ့လေးက ... နှာခေါင်းထဲကို ... ဝင်လာသည် ... စားချင်လိုက်တာ ... ဗိုက်ကတော်တော်ဆာလာသည် ... ဗိုက်ကလည်း ... တော်တော် အလိုက်မသိ ... ဂွီ ကနဲ ထမြည်သည် ... မြတ် ... တခစ်ခစ်ရီတယ် ...
"အရမ်းပူသေးတယ် ... ကိုခန့်ရဲ့ ... ခဏလေးနော် ... မြတ်ခွံ့ကျွေးမယ် ... ပါးစပ်ဟ ..."
အားနာလိုက်တာ မြတ်ရယ် ... ကျွန်တော့်ကို ကြင်ကြင်နာနာနဲ့ ဂရုတစိုက်ကျွေးတာ ... ဒီတသက် ကျေးဇူးမမေ့ပါဘူးဗျာ ... ကျွန်တော် ငယ်ငယ်က ... မေမေကျွန်တော့်ကို ... ထမင်းခွံ့ကျွေးတာကို ... သတိရမိပါတယ် ... အဲဒီလိုပဲ ... သားရေ ... ထမင်းစားမယ် ... ပါးစပ်ဟ ဆိုပြီးကျွေးတာ ... ကျွန်တော် ထမင်းစားလို့ ... ပါးစပ်မှာ ပေရေနေရင်လည်း ... မေမေက ... လက်သုတ်ပုဝါလေးနဲ့ သုတ်ပေးပါတယ် ... အခုလည်းကြည့် ... ကျွန်တော်စားတာ ... ပါးစပ်မှာ ပေသွားတော့ ... မြတ် ... တစ်ရှူးလေးနဲ့ သုတ်ပေးတယ် ... ကြင်နာတတ်လိုက်တာ ... မြတ်ရယ် ... ကျေးဇူးတင်ပါတယ် ... ကျွန်တော့်ဘဝ အမှောင်ကျနေတုန်း ... အမေတယောက် အစားပြန်ရသလို ခံစားမိပါတယ် ...
"စားလို့ကောင်းလား ..."
"အင်း ... အရမ်းကောင်းတယ် ... မြတ်က ... လုပ်တတ်တယ်နော် ..."
"အဟဲ ... သိပ်မချီးကျူးနဲ့အုံး ... မြတ်တို့ ညီအမက ... ခေါက်ဆွဲပြုတ်ပဲ နေ့တိုင်းစားတာ ..."
"ဟုတ်လား"
"ဗိုက်မဝသေးဘူးမှတ်လား ... ရော့ ဒီမှာ ထပ်စားအုံး ..."
"မြတ်ရော ... မစားဘူးလား ..."
"ရပါတယ် ... ထပ်ပြုတ်လိုက်မယ်လေ ... "
"ဟင့်အင်း ... ဒီဟာကိုစား ... ကျွန်တော် ခွံ့ကျွေးမယ် ..."
"ဟား ဟား ... တကယ် ... ကိုခန့်က ... ကျွေးတတ်လို့လား ..."
"အံမယ် ... ကျွေးတတ်တာပေါ့ ... ပန်းကန်ပေး ... ပါးစပ်ဟထားနော် ..."
ကျွန်တော့်လက်ထဲက ... ခေါက်ဆွဲပန်းကန်ကို ... ခပ်ပြီး ... မြတ် ပါးစပ် ရှိမယ့်နေရာကို မှန်းပြီး ... ဇွန်းကို ရှေ့တိုးလိုက်သည် ... မြတ်က ... အလိုက်သိသည် ... အမှန်က ... ပါးစပ်နဲ့ ... ဇွန်းက ... တလွဲ ... သူက အတင်းလိုက်ပြီး ... ပါးစပ်ဟကာ ... စားလိုက်သည် ... ကျွန်တော်မျက်စိမမြင်လို့ ... အဆင်မပြေတာကို ... မသိစေချင် ...
"ဟဲ ဟဲ ... ကောင်းတယ် ... ကိုခန့်က တော်တယ်နော် ... ကျွေးတတ်တယ် ..."
"ကျွေးတတ်တာပေါ့ ... မြတ်ကို ... ကျွန်တော် မြင်ရတယ် ... "
"တကယ်လား ..."
"အင်း ..."
ကျွန်တော် စိတ်ပျော်အောင် နောက်ပြောင်နေပေမယ့် ... မြတ် လိုက်ပြောနေပေမယ့် ... ကျွန်တော်လည်း သိပါတယ် ...
"ပန်းကန်ပေးတော့နော် ... မြတ်ဘာ့သာ မြန်မြန်စားလိုက်တော့မယ် ..."
"အင်း ..."
မြတ် ... ရှလွတ် ရှလွတ်နဲ့ ... အမြန်စားတယ် ... ကျွန်တော်ကြားပါတယ် ... သူတော်တော် ဗိုက်ဆာနေတဲ့အသံ ... အားလုံးစားပြီးတော့ ... မြတ်က ... ကျွန်တော့်လက်ကို ဆွဲပြီး ... ရေချိုးခန်းထဲ ခေါ်သွားသည် ... သွားတိုက်ဖို့ ပြင်ပေးတော့ ... ကျွန်တော်သွားတိုက်လိုက်သည် ... မျက်စိမမြင်တော့ ... အကုန်လုံး အလွဲလွဲ အချော်ချော် ... နေ့စဉ်လုပ်နေကျ ကိစဿစလေးတွေကလည်း ... အဆင်မပြေ ... ဟိုချော် ဒီချော်နဲ့ ... ဒုက္ခပါပဲဗျာ ... တော်သေးသည် ... မြတ်က ကူလုပ်ပေးသည် ... အဝတ်လဲတော့ ... ကျွန်တော် ရှက်လိုက်တာဗျာ ... အပေါ်အကျီလဲတော့ ... ကိစ္စမရှိဘူး ... အောက်က ပုဆိုးလဲတော့ ... ဒုက္ခပါပဲဗျာ ... မိန်းကလေး တယောက်ရဲ့ အရှေ့မှာ ... ပုဆိုးလဲရမှာ ... အဆင်ပြေရင် ကောင်းရဲ့ ... ကို့ယို့ကားယား ဖြစ်ရင် ... ရှက်စရာကြီးဗျာ ...
"ဟိတ် ... ပုဆိုးလဲအုံးလေ ..."
"အဟဲ ... မြတ် ဟိုဘက်လှည့်နေ ..."
"အောင်မြတ်လေး ... ကိုလူပျိုရဲ့ ... မြတ်ကမရှက်ရဘူး ... သူက ရှက်နေတယ် ... အင်းပါ ... လှည့်လိုက်ပြီ ... လဲတော့ ... ခစ် ... ခစ် ..."
ကျွန်တော် ပုဆိုးကို ... မြန်မြန်လဲလိုက်သည် ... တော်သေးတယ် ... အဆင်ချောလို့ ...
"ရပြီလား ..."
"အင်း ရပြီ ..."
"တယ်ဟုတ်ပါလား ... ဝတ်တတ်သားပဲ ..."
ဟဲ ဟဲ ... ကျွန်တော် ရီလိုက်မိသည် ... မြတ်ရဲ့ ... အားပေးစကားပြောပုံလေးကို ... ကျွန်တော် အသိအမှတ် ပြုလိုက်ပါတယ် ... သူက ကျွန်တော့်စိတ်လေး ပျော်စေချင်သည် ထင်ပါရဲ့ ... ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးနေတဲ့ ... မြတ်က ... ကျွန်တော့်ရဲ့ ... မီးအိမ်ရှင်မလေးလား ... ကျွန်တော် မျက်စိမမြင်ရတာ ... ခဏလောက် မေ့သွားသည် ...
"ကိုခန့်... အိပ်တော့နော် ... ၃ နာရီတောင်ထိုးတော့မယ် ..."
"အင်း ... မြတ်ရော ဘယ်မှာအိပ်မှာလဲ ..."
"ခုနကလိုအိပ်မယ်လေ ...
"ဟင့်အင်း ... အဲလို မအိပ်နဲ့ ..."
"အဲလို မအိပ်ရင် ဘယ်လိုအိပ်ရမှာလဲ ..."
"ကျွန်တော့်ဘေးမှာလာအိပ် ..."
"ရှင် ..."
"မြတ်နော် ... တခြား ဘာစိတ်မှမတွေးနဲ့ ... မြတ်ကို ... မှဲ့တစ်ပေါက် မစွန်းစေရဘူး ... ဟုတ်ပြီလား"
"အဲလိုလဲ မဟုတ်ပါဘူး ... ကိုခန့်ကို ယုံပါတယ် ..."
"အံဆွဲထဲမှာ ဓါးတစ်ချောင်းရှိတယ် ... ကျွန်တော် ... တခုခု ... မြတ်ကိုအတင်းလုပ်ရင် ... ထိုးသာ ထိုးလိုက် ... ဟုတ်ပြီလား ..."
"အင်း ..."
"ဒါဆိုလာအိပ်လာ ..."
ကျွန်တော် မမြင်ရပေမယ့် ... စာနာပေးနိုင်ပါတယ် ... ညအိပ်လာစောင့်ပေးတဲ့ မြတ်က ... ခုတင်ဘေးမှာ ထိုင်လျက်အိပ်တာ ... ဘယ်လိုလုပ်အဆင်ပြေမှာလဲ ... ကျွန်တော့် ခုတင်က ... တယောက် ကုတင် ... ဒါပေမယ့် ...ကျယ်ပါတယ် ... ကျွန်တော် ဟိုဘက်ကပ်အိပ်ရင် ... မြတ် ကောင်းကောင်းအိပ်လို့ရတယ် ... ကျွန်တော် ဟိုဘက်ရွှေ့ပြီး ... အိပ်တော့ ... မြတ်က ... ဘေးနားမှာလာအိပ်သည် ... တကယ်ပါ ... ကျွန်တော့်စိတ်ထဲမှာ ... ဟိုလိုလို ဒီလိုလို ဖြစ်ချင်ပေမယ့် ... အတင်းတားမြစ်လိုက်ပါတယ် ... မကောင်းဘူးလေ ... ကိုယ့်ကို စေတနာနဲ့ လာစောင့်ပေးတဲ့ ... သူငယ်ချင်းကို ... မညစ်ပတ်ချင်ဘူး ... စိတ်ယုတ်တွေနဲ့ ... မကြံစည်ချင်ဘူး ... ကျေးဇူးကန်းတဲ့ကောင် မဖြစ်ချင်ပါဘူး ... ကျွန်တော် ... တောတွေး တောင်တွေးနဲ့ ... မှေးကနဲ ဖြစ်သွားတော့မယ့်အချိန်မှာ ... မြတ်ဆီက ... သက်ပြင်းလေး ... ခိုးချသံ ... ကျွန်တော့်နားနဲ့ ဆတ်ဆတ် ကြားလိုက်ပါတယ် ... မြတ်လည်း ရင်ခုန်နေတယ် ထင်ပါရဲ့ ... ကျွန်တော် ဇာတ်လမ်းစလိုက်ရင် ... ချစ်ဇာတ်လမ်းတွေ ဖြစ်လာလိမ့်မယ် ထင်ပါတယ် ... ဒါပေမယ့် ... ကျွန်တော် မလုပ်ရက်ဘူးဗျာ ... ကျွန်တော့်လို ... မျက်မမြင်တယောက်ဘဝထဲ ... ဖြူဖြူစင်စင် သူငယ်ချင်းလေးကို ... ဆွဲမသွင်းချင်ပါဘူး ...
မှေးကနဲ အိပ်ပျော်သွားရင်း ... တီတီ တီတီနဲ့ ... နှိုးစက်သံကြောင့် ကျွန်တော် နိုးလာပါတယ် ... ၅ နာရီ ထိုးပြီ ... မနေ့က ... ဒီအချိန်မှာ ... ကျွန်တော် ... သီရိကို ကြိုဖို့ ... အိမ်ကနေ စထွက်တဲ့ အချိန်ပေါ့ ... ဟင်း ... ပထမဆုံး သတိထားမိတာက ... မြတ် ... ကျွန်တော့်ရင်ဘတ်ပေါ်ကို ... လက်လေးတင်ပြီး ... ကျွန်တော့်ကို ဖက်ထားပါတယ် ... မြတ်ရဲ့ ... ရင်နှစ်မွှာက ... ကျွန်တော့် ညာဘက်ခါးကို ... ကပ်ထားသလို ဖြစ်နေတော့ ... ဟင်း ... နွေးပါသည် ... အိပါသည် ... အတွင်းကအခုအခံတွေ ရှိပေမယ့် ... မြတ်ရဲ့ ရင်ငွေ့က နွေးနွေးလေး ... သူ့နှာခေါင်းက ... ရှူထုတ်လိုက်တဲ့ ... လေပူလေးကလည်း .. ကျွန်တော့် ပုခုံးကို ... နွေးကနဲ နွေးကနဲ ... ဖြစ်သွားစေသည် ... အော် ... သနားပါတယ် ... မြတ်ရယ် ... ကျွန်တော့်ကို ... လာစောင့်ပေးတာ ... တော်တော် အိပ်ရေးပျက်ရှာတယ်နဲ့ တူတယ် ... အခန်းလေးက ... နည်းနည်းအေးတော့ ... နွေးအောင် ကျွန်တော့်ကို ဖက်ထားသလားမသိ ... စိတ်ထဲမှာ ဖြူဖြူစင်စင်ထားပေမယ့် ... သွေးမတော် သားမစပ် ... အဖိုနဲ့အမ ... ဖက်အိပ်တော့ ... ကျွန်တော့် စိတ်လေးက ... ဟိုဘက်ဒီဘက် ... ယိမ်းယိုင်စ ပြုလာပါသည် ... ကျွန်တော် ခေါင်းလေးကို စောင်းပြီး ... မြတ် နှဖူးလေးကို ... တချက်နမ်းလိုက်ပါတယ် ... ဘာကြောင့်မှန်းမသိ ... ကျွန်တော် ... မြတ်ကို နမ်းကြည့်ချင်သည် ... ချစ်တာလား ... ဟင့်အင်း ... မပြောတတ်ဘူး ... ကျွန်တော် ချစ်တာ သီရိလို့ထင်သည် ... ဒါဖြင့် ... ဘာလို့နမ်းတာလဲ ... မြတ်နိုးတာ ... ဟုတ်တယ် ... မြတ်နိုးတာ ... ဒုက္ခရောက်တဲ့အချိန်မှာ ... လာကူညီပေးတာ ... နွေးထွေးမှုပေးတာ ... ကျွန်တော့်အမေလိုပါပဲ ... ရင်ထဲက ... မြတ်နိုးစိတ်ကြောင့် ... ဖွဖွလေး ... နမ်းလိုက်ပါတယ် ...
ဒီအချိန်ထိ ... မြတ်မနိုးသေး ... အိပ်ရေးပျက်တော့ ... နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတယ်နဲ့ တူတယ် ... ကျွန်တော်လေ ... နောက်ထပ် အနမ်းတပွင့် ထပ်ချွေလိုက်တယ် ... အဲဒီမှာ ကျွန်တော် ဒုကဿခရောက်တာပဲ ...
"ကိုခန့် ... မြတ်ကို ဘာလို့နမ်းတာလဲဟင် ..."
ဟိုက် ... သွားပြီ ... မြတ် ... မအိပ်ဘူး ... နိုးနေတယ် ... မျက်စိမမြင်ရတာ ... တော်တော်ဆိုးတယ်ဗျာ ... ကိုယ့်အတွေးနဲ့ကိုယ် မြတ် အိပ်နေမယ်ထင်တာ ...
"ဟိုလေ ... မြတ်ကို အရမ်းကျေးဇူးတင်လို့ပါ ..."
"ကျေးဇူးတင်ရင် ... နမ်းရောလား ..."
"ကျွန်တော် ဒုကဿခရောက်နေတုန်း ... ကျွန်တော့်အမေ အစားပြန်ရသလို ... ခံစားရတယ် ... စိတ်မရှိပါနဲ့နော် ... ကျွန်တော်က စိတ်ယုတ်နဲ့ ... နမ်းတာဟုတ်ပါဘူး ... မြတ်နိုးလို့ နမ်းတာ ..."
"ဟွန့် ... တော်ပါ ... စကားတတ်တိုင်း ..."
"စိတ်ရင်းနဲ့ ပြောတာပါ မြတ်ရယ် ... မြတ်မယုံရင် ... "
"ဟုတ်ပါပြီ ... ညာတာပါတေးနဲ့ ... သီရိကိုရော နမ်းသေးလားဟင်"
"နမ်းတယ် ... ဟိုနေ့က ... ကျောင်းလာတုန်းက ..."
"ဟယ် ... လူဆိုးပဲ ..."
သီရိကို ချစ်ခဲ့မိပါသည် ... သီရိကလည်း ပြန်ချစ်ခွင့်ပေးပါသည် ... သိပ်လှတဲ့ သီရိကို ... အနမ်းပွင့်တွေ ချွေခဲ့တဲ့ ... ကျွန်တော်က လူဆိုးလားဗျာ ... အခုတော့ ... အခုတော့ ... ကျွန်တော် မျက်စိ မမြင်ရတော့ဘူး ... သီရိနဲ့ ပျော်ပျော်ကြီး ရွှေလည်တွဲခွင့်က ... ဝေးကွာလို့သွားပြီထင်ပါရဲ့ ... ကျွန်တော် မြတ်ကို ... စကားတွေ ပြန်မပြောနိုင်တော့ဘူး ... မြတ်လည်း ရိပ်မိတယ် ထင်ပါတယ် ... စကားလွှဲသွားတယ် ...
"ကိုခန့် ... မြတ် ... အိမ် ခဏပြန်လိုက်အုံးမယ်နော် ..."
"အင်း ..."
"ရေသန့်ဘူး ... မုန့် အကုန်လုံး စားပွဲပေါ်မှာ သိလား ... "
"အင်း ..."
"သွားပြီနော် ... "
မြတ် ထွက်သွားပြီး ... အိမ်လေးက တိတ်ဆိတ်သွားပါတယ် ... ကျွန်တော်လည်း ... လုပ်စရာမရှိတာနဲ့ ... ပြန်အိပ်လိုက်တယ် ... ဘာမှလည်း မတွေးချင်တော့ဘူး ... ဘာမှလည်း ... မစဉ်းစားချင်တော့ဘူး ... ကျွန်တော့်ရဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားပြီလေ ... ကျွန်တော် အိပ်ရာထဲမှာ လှဲနေတုန်း ... တယောက်ယောက် အနားကပ်လာတယ် ... ဘယ်သူလဲ ... ခြေသံက ဖွဖွလေး ...
"သား ... ဘယ်လိုနေသေးလဲ ... နေကောင်းရဲ့လား"
"ဘကြီးခန့် ..."
ဘကြီးခန့်အသံ ကြားလိုက်ရတော့ ... ကျွန်တော် အရမ်းအားတက်သွားမိပါတယ် ... ဘာကြောင့်မှန်းတော့ မသိ ... ကျွန်တော့်စိတ်ထဲမှာ ... အားရှိသွားသည် ...
"မငိုရဘူးနော် ... အားတင်းထား ... သား သူငယ်ချင်း ပြောပြလို့ ... ဘကြီး အားလုံး သိပြီးသွားပြီ ... "
"ဘကြီး ... ကျွန်တော့်မျက်စိလေ ... မမြင်ရတော့ဘူး ... သိလား ..."
"ပြန်မြင်ရမှာပေါ့ သားရယ် ... စိတ်မလောရဘူး ... ဆရာဝန်တွေ ကုလို့မရလို့ ... လက်လျော့သွားရင်တောင်မှ ... ဘကြီးခန့် ကုပေးမှာပေါ့ ..."
"တကယ်လားဟင် ... ဘကြီးခန့် ... ကျွန်တော် တကယ်ပြန်မြင်ရမှာပေါ့နော် ..."
"ဟား ဟား ... ငါ့သားကိုယ်မှာ ... အပျိုနံ့လေးက ... စွဲနေပြန်ပြီ ... Aphrodite မလေးတော့ မဟုတ်ဘူး ... မှတ်လား"
"သီရိတော့ မဟုတ်ပါဘူး ... အေးမြတ်လှိုင်ပါ ... ခုနက တယောက်လေ ..."
"အေး
0 comments:
Post a Comment